Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, March 10, 2015

(11.3.2015) နံနက် (၁၀း၀၀) အချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရုံးသို့ မော်ကွန်းမဂ္ဂဇင်းမှ အကြီးတန်းသတင်းထောက် ကိုခင်မောင်မြင့်နှင့် ကိုကောင်းမြတ်မိုးတို့ လာရောက်၍ တွေ့ဆုံမေးမြန်း




(11.3.2015) နံနက် (၁၀း၀၀) အချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရုံးသို့ မော်ကွန်းမဂ္ဂဇင်းမှ အကြီးတန်းသတင်းထောက် ကိုခင်မောင်မြင့်၊ ဖုန်း ( 09-250125073)နှင့် ကိုကောင်းမြတ်မိုးတို့ လာရောက်၍ ၂-နှစ်အတွင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ကြေညာချက်များ ၊ ဆောင်ရွက်ချက်များ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ တစ်နိုင်ငံလုံးအတိုင်းအတာ အဖွဲ့ဝင်ဦးရေ၊ မဘသမှ ဖွင့်လှစ်သည့် သင်ရိုးညွှန်းတန်း၊ ဦးဆောင်ဆရာတော်တစ်ပါးနှင့် အင်တာဗျူးခွင့်တို့ကို လာရောက်တောင်းခံခဲ့ကြပြီး ဆရာဦးအောင်မြိုင်မှ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ပါသည်။ ထို့နောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ထုတ်ပြန်ကြေညာခဲ့သည့် သဘောထားထုတ်ပြန်ချက်များ ရည်ရွယ်ချက်များကိုလည်း အဆိုပါ မော်ကွန်းမဂ္ဂဇင်းသို့ မိတ္တူများပေးအပ်ခဲ့ပြီး ၄င်းတို့ဘက်မှလည်း တိတိကျကျလုပ်ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် အမျိုး ဘာသာ သာသနာအတွက် မည်သို့ မည်ပုံ ပြန်လည်အကျိုးပြုဆောင်ရွက်မည်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးပေမည်။ (ak)

No comments:

Post a Comment