Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, March 8, 2015

ကိုးန၀င်းဖတ်စာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်

ကိုးန၀င်း ဖတ်စာ

( အရှင်တိလောကာဘိဝံသ)
မဘသ-ဗဟို (ဥက္ကဋ္ဌ)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ၊
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယက၊
ဗုဒ္ဓတ္ထစရိယာ (အသိပညာဖွံ့ဖြိုးရေး) ဖောင်ဒေးရှင်း၏ အဓိပတိ၊


ကိုးန၀င်းဖတ်စာ
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်-

၁။ ဘုန်းကြီးအလုပ်ဟူသည် ရဟန်းကိစ္စ၊ နှစ်ဓုရ၌၊ လုံ့လအားသည်း ဆိုသည့်အတိုင်း ပရိယတ္တိ, ပဋိပတ္တိ အလုပ် ပင်ဖြစ်သည်။
၂။ ပဋိပတ္တိဟူသည် ဗုဒ္ဓဓမ္မများကို ကိုယ့်အတွက်သင်ယူခြင်း၊ လိုအပ်သူမှန်သမျှအတွက် သင်ပေးခြင်း၊ ဗုဒ္ဓဘာ သာဝင်ဟုတ်သူ၊ မဟုတ်သူ ရဟန်း၊ သာမဏေကိုဖြစ်စေ လူပုဂ္ဂိုလ်၊ ကလေး၊ လူကြီး၊ မည်သူ့ကိုမဆိုသင်ပေး ခြင်း၊ ဟောပြောပြသခြင်း၊ စာရေးသားခြင်းစသည်။
၃။ ပရိယတ္တိခေါ် သင်ပေးရာ၌ `မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံ တင်ရာ´ဟူသော ရဟန်းဝတ္တရားများ ကျေပွန်အောင်ဆောင်ရွက်ခြင်းတည်း။
၎။ မကောင်းမြစ်တာဟူသည် မတရားလုပ်ရပ် ဒုစရိုက်မကောင်းမှုများကို မပြုလုပ်အောင်တားမြစ်ခြင်း၊ မိမိတို့ အမျိုးဘာသာကို နှောင့်ယှက်ဖျက်ဆီးသည့် မတရားလုပ်ရပ်များလုပ်သူများကို တရားနှင့်အညီ တားမြစ်ခြင်း တည်း။
၅။ ကောင်းရာညွှန်လစ်ဟူသည် လိုက်နာကျင့်သုံးရာမည့်တာဝန်များ၊ ယဉ်ေ
ကျးမှုများ၊ မိမိအမျိုးအနွယ်ကို စောင့် ရှောက်ခြင်းများ၊ ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး-စသော ကောင်းရာကောင်းကြောင်းများကို လမ်းညွှန်ပေး ခြင်း။
၆။ အသစ်ဟောကျူးဟူသည် မသိသေးသည့် သတိမမှုမိသည့် ဘာသာရေး၊ အမျိုးသားရေး၊ ပညာရေးစသော သိသင့်သိထိုက်သည်များကို အသစ်ထပ်မံသိအောင်၊ တက်အောင်၊ နားလည်အောင်ဟောပြခြင်း။
၇။ နာဖူးထပ်မံဟူသည် ကြားဖူးသော်လည်း မရှင်းလင်းသေးသည့်၊ နားမလည်သေးသည့်အကြောင်းအရာများ ကို၊ သေချာအောင်ထပ်မံ၍ ဟောပြောပေးခြင်း။
၈။ နတ်ထံတင်ရာဟူသည် နတ်ပြည်ရောက်ရေး, အများအားကိုးလောက်သူဖြစ်ရေး-စသော လမ်းကြောင်းပေါ် သို့ ရောက်အောင်တင်ပေးခြင်း။
၉။ ပဋိပတ္တိဟူသည် မေတ္တာထားခြင်းစသော ဘာဝနာလုပ်ငန်းများ ကျင့်သုံးခြင်း။
တပေါင်းလပြည့်ကျော်- ၅ရက်၊ ၁၃၇၆-ခု။
(မတ်လ-၉၊ ၂၀၁၅)၊ တနင်္လာနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment