Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, March 17, 2015

၉၆၉-ကိုခွာကြည့်ခြင်း ( ဒေါက်တာအရှင်သောပါက-ဇေတ၀န်ကျောင်းတိုက်)

၉၆၉-ကိုခွာကြည့်ခြင်း
ဒေါက်တာအရှင်သောပါက

၉၆၉-ဆိုတာ ရတနာသုံးပါးရဲ့ဂုဏ်တော်များကို ရည်ညွှန်းထားတယ်ဆိုတာ အားလုံးသိပြီးသားဘဲ ဖြစ်ပါတယ်။ ၉၆၉-တရား ၉၆၉-ဟောပြောမှုတွေဟာလဲ ရတနာသုံးပါးကို ကြည်ညိုလေးစား တန်ဖိုးထားဖို့အတွက် ဟော ပြောပေးနေတာတွေသာ ဖြစ်ပါတယ်။ ၉၆၉-ဟောပြောမှုကြောင့် ဗုဒ္ဓဘာသာဝင်များ လူကြီးလူငယ်အားလုံးတို့ ဟာ ဗုဒ္ဓဘာသာရေး အသိနှိုးကြွလာခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အချင်းချင်း ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင် ရွက်နိုင်ခဲ့ကြတယ်။ အခြားဘာသာဝင်တွေရဲ့ စော်ကားမှု, အနိုင်ကျင့်မှုတွေကို တရားသောနည်းလမ်းဖြင့် ကာ ကွယ်စောင့်ရှောက်နိုင်ခဲ့ကြတယ်။ ဒါဟာ ၉၆၉-ရဲ့အနှစ်သာပါပဲ။
ယခုဆိုရင် တရားပွဲများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့အချိန်ရောက်လာပြီမို့ မျိုးဆက်သစ်လူငယ်များက ဦးဆောင်၍ တရားပွဲများ ကြီးကျယ်ခမ်းနားစွာ နေရာတိုင်းမှာ ကျင်းပနေကြပါတယ်။ ဒါကလည်း အထူးလုပ်သင့်လုပ်ထိုက်တဲ့ ဘာသာရေးလုပ်ငန်းပင် ဖြစ်ပါတယ်။ `ဗုဒ္ဓအကြောင်းကောင်းစွာသိမှ ဗုဒ္ဓကိုလည်းကြည်ညိုမည်´ ဆိုတဲ့အတိုင်း ပဲပေါ့၊ ဘာသာရေးအသိ ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကို ကောင်းစွာသိနိုင်မှ ဗုဒ္ဓနှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေး ဇူးတော်တွေကို ကောင်းစွာသိရှိနိုင်ကြ ကြည်ညိုနိုင်ကြမှာပင် ဖြစ်ပါတယ်။
ထိုကဲ့သို့ ဘာသာရေးအသိစိတ် ဘာသာချစ်မြတ်နိုးစိတ်နဲ့ တရားပွဲများ ကျင်းပပြုလုပ်ကြတဲ့အခါမှာ တရားပွဲစင် မြင့်, တရားပွဲဗွီနိုင်းကြော်ငြာ, ဖိတ်စာစသည်များ ပြုလုပ်ကြတဲ့အခါ ၉၆၉-အမှတ်တံဆိပ်(လိုဂို)တွေထည့်ပြီး ပြု လုပ်လေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာအိမ်တွေ ဆိုင်တွေ အလုပ်ရုံတွေမှာ ထိုအမှတ်တံဆိပ်ကို ကပ်လေ့ရှိကြတာ ကိုလည်း တွေ့နိုင်ကြပါတယ်။ ကောင်းမြတ်တဲ့လုပ်ငန်းတွေပါပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လဲဖြစ်ပါတယ်။
အခုကြားနေရတာက အချို့မြို့နယ် အချို့ရပ်ကွက်တွေမှာ ဘာသာရေးပွဲတွေ, တရားပွဲတွေမှာ ၉၆၉-အမှတ်တံ ဆိပ် မကပ်ရဘူးလို့ အချို့သော အုပ်ချုပ်သူများကပြောတယ်၊ ဘာသာရေးနှိုးဆော်သံ သီချင်းများကိုလဲ မဖွင့်ရ ဘူးလို့ ပြောတဲ့နေရာတွေလဲရှိကြတယ်။ အချို့သော အဖွဲ့အစည်းတွေကလဲ ၉၆၉-ကိုမသုံးဖို့ ပြောဆိုကြတယ်။ အဲဒီလိုနဲ့ အချင်းချင်းမညီညွတ်တာတွေ ဖြစ်လာကြပါတယ်။ ပြောချင်တာက ၉၆၉-ကို ဘယ်သူမှ တားဆီးပိတ် ပင်နိုင်ခွင့် မရှိဘူးဆိုတာပါပဲ။ ဗုဒ္ဓဘာသာဝင်များကဖြစ်စေ အခြားဘာသာဝင်များကဖြစ်စေ ၉၆၉-ကို ဘယ်နည်း နဲ့မှ ဟန့်တားနှောက်ယှက်လို့ မရပါဘူး။ ၉၆၉-ရည်ညွန်းချက်သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် ဘာသာ ရေးဟောပြောမှုဖြစ်သောကြောင့် ၉၆၉-ကိုခွာခိုင်းခြင်းဟာ ရတနာသုံးပါးကို စော်ကားလိုက်ခြင်းသာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်စစ်စစ် အမှန်သာဖြစ်ခဲ့ပါလျှင် ၉၆၉-ကို မည်သည့်နည်းနှင့်မျှ မစော်ကားသင့်ဘူးဆိုတာ သိစေချင် ပါတယ်။ ၉၆၉-အမှတ်တံဆိပ်တော်ကို စော်ကားမှုကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ၉၆၉ ဘာသာရေးလှုပ်ရှားမှု ဆောင်ရွက်သူများကလည်း အလွဲလွဲအချော်ချော် မဖြစ်အောင် သတိထားဆောင်ရွက်ကြ ဖို့လိုပါတယ်။
အချို့ဘာသာခြားတွေက ၉၆၉-ကို အတိအလင်းစော်ကားလာတာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာရဲ့အမှတ်တံ ဆိပ် ၉၆၉-ကို ``ခွေးခြောက်ခွေး´´လို့သုံးပြီး စာရွက်တွေ၊ စီဒီခွေတွေ၊ အင်တာနက် Facebookတွေမှာ ရေး သားဖြန့်ဝေပြီး စော်ကားတာတွေ တွေ့နေရပါတယ်။ လှုပ်ရှားသူကို လက်ပူးလက်ကြပ်မိတဲ့အခါ ကျူးလွန်သူကို အရေးယူနိုင်ခဲ့တာတွေ လုပ်နိုင်ခဲ့တာလည်း သိခဲ့ရပြန်ပါတယ်။ ကြိုဆိုပါတယ်။ ဒါမျိုးတွေကို ချက်ချင်း အရေးယူဆောင်ရွက်သင့်တယ်၊ ဒါဟာ သာသနာတော်ကို စော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။ တစ်ချို့နေရာ တွေမှာတော့ အာဏာပိုင်ဆိုင်ရာပုဂ္ဂိုလ်များ ဥပဒေဆိုင်ရာရှေ့နေနှင့်တရားသူကြီးများဟာ ထိထိရောက်ရောက် အရေးမယူပဲ ကိုယ့်အကျိုးစီးပွားတစ်ခုကိုကြည့်ပြီး ဥပဒေလက်တစ်လုံးခြားဖြင့် အချိန်ဆွဲထားတာတွေ ရှိနေ သေးတာကိုလဲ ကြားသိရပြန်ပါတယ်၊ ဒါမျိုးလုပ်တာတွေဟာ အမျိုးသားရေး သို့မဟုတ် အမျိုးဘာသာ သာ သနာအပေါ် သစ္စာဖောက်လိုက်ခြင်းပဲ ဖြစ်တယ်၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တာဝန်ကျေပွန်စွာ မဆောင် ရွက်နိုင်လျှင် သမိုင်းပေးတာဝန်ကျေသူမဟုတ်တော့ဘဲ သမိုင်းကြွေးတွေ တင်ကျန်ရစ်လိမ့်မယ်၊ အဲဒီအတွက် ပြန်ပေးဆပ်ရပါလိမ့်မယ်။
စိတ်မကောင်းစရာကောင်းတဲ့သတင်းတစ်ခု ကြားခဲ့ရပြန်ပါတယ်။ အဲဒါက နာမည်ကြီးသတင်းရုပ်သံတစ်ခုမှ တရားတွေလွှင့်ပေးနေတဲ့ ချန်နယ်က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးတွင်ပါဝင်သော ဆရာတော် များ ဟောကြားတဲ့တရားခွေတွေပို့လာရင် မလွှင့်ပေးဖို့ အချို့ပုဂ္ဂိုလ်များက ပြောထားတဲ့အကြောင်း၊ တာဝန်ရှိသူများကလည်း ထိုပုဂ္ဂိုလ်ပြောတဲ့အတိုင်း ဆောင်ရွက်နေကြောင်း သတင်းတွေထွက်နေပါတယ်။ ပြုလုပ်သောသူရော၊ ဆောင်ရွက်နေသူများပါ ဓမ္မန္တရာယ်ထိုက်တယ်ဆိုတာ သိစေချင်ပါတယ်။ ဓမ္မကိုစော်ကားရင် ဘုန်းကြီးဖြစ်စေ၊ လူဖြစ်စေ ထိုက်တန်တဲ့ပြစ်ဒဏ်ခံရပါလိမ့်မယ်။
ထိုဆရာတော်များရဲ့ဟောပြောချက်တွေဟာ ဘုရားဟောနဲ့ဆန့်ကျင်နေရင်တော့ ဒါကိုအချိန်မရွေး တွန်းလှန်ရပါ မယ်။ ပိတ်ပင်ရပါမယ်။ အကြောင်းအရာကို သေချာမသိပဲနဲ့ တရားတော်တွေ ထုတ်လွှင့်မှုကို ပိတ်ပင်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။ သတိထားဖို့လိုပါတယ်။ လိုအပ်လာရင် ထိုရုပ်သံနှင့်တကွ စေခိုင်းသူတွေကိုပါ အမည်ဖော်ထုတ်ဆောင်ရွက်ရပါလိမ့်မယ်။
အယ်ဒီတာ သို့မဟုတ် တာဝန်ရှိသူတစ်ယောက်အနေနဲ့ မထုတ်လွှင့်ချင်လို့ မူဝါဒနဲ့ မကိုက်ညီလို့ မထုတ် လွှင့်တာကို လက်ခံနိုင်ပါတယ်။ မဘသ သို့မဟုတ် ၉၆၉ ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်စုံတစ်ယောက် ကပြောတဲ့အတိုင်း ဆောင်ရွက်မှုကိုတော့ လက်မခံနိုင်ပါဘူး။
၉၆၉ ကို အဖွဲ့အစည်းတစ်ခုလိုပြောဆိုနေကြသော်လည်း ၉၆၉ ဟာ အဖွဲ့အစည်းမဟုတ်ပါဘူး၊ ကုမ္ပ ဏ်ီတစ်ခုလည်း မဟုတ်ပါဘူး၊ ဘာသာရေးအသင်းအဖွဲ့သီးသန့်လည်း မဟုတ်ပါဘူး။ အဖွဲ့တစ်ခုကဲ့သို့ ပြောချင်တယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ၉၆၉ အဖွဲ့ဝင်တွေချည်းပဲလို့ ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာမှန်ရင် ရတနာသုံးပါးဂုဏ်တော်များကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူများဖြစ်တဲ့အတွက် ၉၆၉ အဖွဲ့ဝင်တွေပါ၊ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးဆိုရင်တော့ ရတနာသုံးပါးကို ယုံကြည်သူမဟုတ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။
ဘာသာရေးအဖွဲ့တွေ ပရဟိတစိတ် အပြည့်အ၀ရှိကြတဲ့သူများက အခုလိုပို၍ ၀ိုင်းဝန်းကူညီလုပ်ကိုင်ဆောင် ရွက်နေကြတော့ ထိုသူများကိုပဲ ၉၆၉ လှုပ်ရှားသူများအဖြစ် မြင်နေကြခြင်းဖြစ်တာပါ။ ကုမ္ပဏီလုပ်ငန်းများ အခြားစီးပွားရေး ပညာရေး ကျန်းမာရေးလုပ်ငန်းများ အသင်းအဖွဲ့များစသည့်လုပ်ငန်းများတွင် သက်ဆိုင် ရာလုပ်ငန်းနှင့်လိုက်ဖက်သည့် ရင်ထိုးအမှတ်တံဆိပ် အလံစသည်များ ထည့်သွင်းလေ့ရှိပါတယ်၊ နိုင်ငံရေး ပါတီတွေမှာလည်း သူ့ပါတီနှင့်သူ (လိုဂို) အမှတ်တံဆိပ်များ မှတ်ပုံတင်ထားလေ့ရှိတယ်ဆိုတာ သိမြင် နိုင်ပါတယ်။
အလားတူ ဘာသာရေးအသင်းအဖွဲ့များတွင်လည်း ရတနာသုံးပါးဂုဏ်တော်ပါ ၉၆၉ အမှတ်တံဆိပ်ကို အသုံး ပြုခြင်း ဖြစ်ပါတယ်။ ထိုရတနာသုံးပါးအမှတ်တံဆိပ် (၉၆၉) အင်္ကျီ ရင်ထိုး အလံ ကပ်ပြားများကို လူငယ် အများစုတို့ သုံးစွဲပြီး တက်ကြွစွာပါဝင်ဆောင်ရွက်နေကြတာကို နေရာတိုင်းမှာတွေ့ရပါတယ်၊ ဘာသာရေး အသိစိတ်ကို နှိုးကြွစေတဲ့အပြုအမူဆောင်ရွက်မှုဖြစ်လို့ အလွန်ပင်ကောင်းလှပါတယ်၊ သို့သော် သူ့နေရာနှင့်သူ အသုံးပြုတတ်ဖို့လိုပါတယ်၊ တာဝန်ရှိသူတွေကလဲ ၉၆၉ အမှတ်တံဆိပ်အသုံးပြုနည်း ညွှန်ကြားပေးထားတာ ရှိတဲ့အတွက် လိုက်နာကြဖို့လိုပါတယ်။
တစ်ချို့လူငယ်များကိုကြည့်ရင် အင်္ကျီမှာလည်း ၉၆၉၊ ရင်ဘက်ရင်ထိုးမှာလည်း ၉၆၉၊ အ၀တ်အစား အရောင်ကလည်း ဆင်တူဆိုတော့ ကြည့်ရတာ ကျက်သရေရှိမှုနှင့်အတူ တက်ကြွစိတ်တွေ ဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ သို့သော်လည်း ၉၆၉ အမှတ်တံဆိပ်ကို အသုံးပြုပြီး မူးယစ်သောက်စား ပျော်ပါးခြင်း လောင်းကစားပြုလုပ်ခြင်း အပျော်အပါးလိုက်စားခြင်းများ ပြုလုပ်နေမယ်ဆိုရင်တော့ လူအထင်သေးစရာ ဘာသာခြားတွေ အပြစ်ပြောစရာများ ဖြစ်လာနိုင်သလို ပြုလုပ်သူကိုယ်တိုင်ကလည်း ရတနာသုံးပါးကို စော်ကားရာရောက်ပါတယ်။ အဲဒီလိုလုပ်ရပ်မျိုးတွေမဖြစ်အောင် သတိထားကြပါ၊ ရှိလာခဲ့ရင်လည်း သက် ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများက အရေးယူဆောင်ရွက်သင့်တယ်၊ အပြစ်သင့်ရင် ထုတ်ပယ်ရပါမယ်၊ ဒါဟာ အားလုံးကောင်းဖို့ပါ၊ ဘာသာရေးအသင်းအဖွဲ့တွေမှာလည်း အများမလေးစား မယုံကြည်ထိုက်သူ ကိုယ်ကျင့်တရားပျက်စီးသူများကို ဦးဆောင်ခေါင်းဆောင်အဖြစ် မတင်မြှောက်မိအောင်လည်း သတိပြုရွေးချယ် သင့်လှပါတယ်၊ ယခင်က လုပ်ခဲ့ရင်တောင် ယခုဘာသာရေးလုပ်ပြီဆိုရင်တော့ ပြုပြင်ဖို့လိုအပ်ပါတယ်။
၉၆၉ ဟာလက်နက်ကိုင်အဖွဲ့မဟုတ်သလို လက်နက်ကိုင်လမ်းစဉ်ကို အားပေးသူများလည်းမဟုတ်ကြပါ၊ သို့ ပေမယ့် ၉၆၉ကို အကြမ်းဖက်သမား အသွင်ရောက်အောင် ဖန်တီးလှုံ့ဆော်မှုများကိုတော့ တိုက်ဖျက်ရလိမ့်မယ်၊ ၉၆၉ကို ဖျက်ဆီးဖို့အမိန့်ပေးတာမျိုးကိုဖြစ်စေ၊ ၉၆၉ အမှတ်တံဆိပ်ကိုခွာခိုင်းမျိုးဖြစ်စေ လက်မခံပဲ တွန်းလှန်ရပါလိမ့်မယ်၊ တွန်းလှန်တိုက်ဖျက်ရမယ်ဆိုတာ လက်နက်ကိုင်အကြမ်းဖက်နည်းကို ပြောတာ မဟုတ်ဘူး၊ ဘာသာရေးဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်နည်းလဲမဟုတ်ဘူး၊ မြတ်ဗုဒ္ဓ၏ ဓမ္မ၀ိနယနှင့်အညီ  တုံ့ပြန်ခြင်း အသိပေးနှိုးဆော်ခြင်းများကို ပြုရမှာဖြစ်ပါတယ်။ ညီညီညွှတ်ညွှတ်ဖြင့် ငြိမ်းချမ်းသောနည်းကိုသာ အသုံးပြုသင့်ပါတယ်။
၉၆၉ အမှတ်တံဆိပ် အသုံးပြုသူများအနေနဲ့ မရိုမသေ မလေးမစား မလုပ်မိအောင် အထူးသတိထားကြဖို့ တိုက်တွန်းအပ်ပါတယ်၊ မိမိကြောင့် မိမိအဖွဲ့အစည်း နာမည်ပျက် ဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်မျိုးတွေ၊ မိမိကြောင့် မိမိဘာသာ ထိခိုက်နစ်နာမယ့် လုပ်ရပ်မျိုးတွေ မပြုလုပ်မိအောင် သတိရှိစေချင်ပါတယ်။ ကိုးကွယ် နေတဲ့ ရတနာသုံးပါးကို ကိုယ်ကိုယ်တိုင် စော်ကားရာ ရောက်မှာမျိုးကို ရှောင်ကြဉ်သင့်တယ်။
လက်ရှိအနေအထားအရ ၉၆၉ကို ဗုဒ္ဓဘာသာဝင်များ စိတ်ပါဝင်စားမှု အားကောင်းနေချိန်ဖြစ်တယ်၊ ဈေးရောင်း ဈေးဝယ် ပြုလုပ်ရင်လည်း ဘာသာတူတဲ့ ၉၆၉ ဆိုင်မှာ ရောင်းဝယ်ကြတယ်။ ကားစီးတော့လည်း ၉၆၉တံဆိပ်ကပ်ကားကိုသာ ငှားစီးကြတယ်၊ အိမ်ခြံရောင်းဝယ်ရင်လည်း ဘာသာတူသူထံမှာသာ ဆောင်ရွက် နေကြတယ်၊ အိမ်ထောင်ပြုရင်တောင် အိမ်တွင်းဘာသာရေးပဋိပက္ခမျိုးတွေမဖြစ်ရအောင် ဘာသာတူသူနဲ့သာ အိမ်ထောင်ပြု ပေါင်းဖက်ကြဖို့ ဆောင်ရွက်နေကြပါတယ်။
ထိုအခြေအနေကိုသတိပြုမိကြသော ဘာသာခြားတို့က သူတို့ဆိုင်တွေမှာ အရောင်းအ၀ယ်မဖြစ်ကြတဲ့အခါမှာ အပြစ်ရှာ လုပ်ကြံဖန်တီးတာမျိုးတွေ ရှိနေတာကို ကြားသိနေရတယ်၊ မိမိတို့ရဲ့၉၆၉ကိုမလိုလားဘဲ ပျက်စီး စေလိုစိတ်နဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးတာတွေကိုလဲ အထူးသတိထားရပါလိမ့်မယ်၊ အချိန်မီတားဆီး နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာမဟုတ်တဲ့ ၉၆၉ အမှတ်တံဆိပ်ကပ်ပြီး ဈေးရောင်းနေတယ်၊ ကားတွေမှာ ၉၆၉ကပ်ပြီး အငှားလိုက် နေတယ်၊ ဒါတွေဟာ စီးပွားရေးအတွက် ဗုဒ္ဓဘာသာအယောင်ဆောင်ပြီး ပုံမှားရိုက်နေကြခြင်းဖြစ်တယ်၊ ထို လုပ်ရပ်မျိုးတွေရှိပါက အချိန်မီ ဆိုင်ရာဆိုင်ရာကို အကြောင်းကြားပြီး တားဆီးမှုတွေလုပ်ဖို့လိုပါတယ်၊ ကောင်း တဲ့ဘက်က ပုံမှားရိုက်တတ်သလို မကောင်းတဲ့ဘက်မှာလည်း နာမည်ပျက်အောင်လုပ်တာတွေ တွေ့ရပြန်ပါ တယ်၊ ၉၆၉ အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ပြီး နိုင်ငံတော်ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ လုပ်နေတတ်တယ်၊ မတော်မဟုတ်တာလုပ်ပြီး ၉၆၉အမှတ်တံဆိပ်၊ ကပ်ပြား ရင်ထိုး အင်္ကျီစတာတွေကို သဲလွန်စအဖြစ်နဲ့ ချန်ထား ခဲ့တာမျိုးတွေလဲ လုပ်တတ်ကြပြန်တယ်၊ ဒါမျိုးတွေ တွေ့လာရင်လည်း ထိရောက်စွာ အရေးယူနိုင်အောင် အ ဖြစ်မှန်ပေါ်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြရပါမယ်၊ ကိုယ့်ဘာသာဝင်များထဲက ပြုလုပ်လာရင်လည်း အရေး ယူသင့်တယ်။
၉၆၉ ဟာရတနာသုံးပါးဖြစ်ခြင်းကြောင့် ၉၆၉ကိုစော်ကားရင် ရတနာသုံးပါးကို စော်ကားတာပဲဖြစ်တယ်၊ ၉၆၉ကိုအပြစ်ပြောရင် ရတနာသုံးပါးကို အပြစ်ပြောမိရာရောက်တာမို့ ၉၆၉ နဲ့ပတ်သက်လာရင် ဗုဒ္ဓဘာသာ ၀င်များအနေဖြင့် ရတနာသုံးပါးရဲ့သင်္ကေတ ဗုဒ္ဓဘာသာရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ၉၆၉ကို တလေးတစား တန်ဖိုး ထားကြပါလို့ တိုက်တွန်းအပ်ပါတယ်။
တကယ်တော့ ၉၆၉ဟာ သူများကိုစော်ကားနေတာမဟုတ်ဘူး၊ သူများဘာသာကို ထိခိုက်နစ်နာအောင် လုပ်နေတာ မဟုတ်ဘူး၊ အခြား…သူတွေကသာ ၉၆၉ ကိုလာစော်ကားနေခြင်းဖြစ်တယ်၊ ၉၆၉နဲ့ ပတ်သက် လာရင် ၉၆၉ကို အပြစ်မတင်ဘဲ ၉၆၉ကို နည်းမှန် လမ်းမှန် မသုံးစွဲသူများကိုသာ အပြစ်တင်သင့်တယ်၊ အပြစ်ပေးအရေးယူသင့်တယ်၊ ၉၆၉ ဟောပြောမှုများတွင် ဗုဒ္ဓဘာသာဝင်များ ဘာသာရေးခေါင်းဆောင် များကလဲ ဗုဒ္ဓလမ်းစဉ်အတိုင်း မှန်မှန်ကန်ကန်သုံးသပ်ဟောပြောပေးကြပါ။ မမှန်မကန် ဟောပြောမှုများကိုလဲ တားဆီးပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
          ၉၆၉ နဲ့ပတ်သက်လို့ သိစေချင်တာက ၉၆၉ ကို တားဆီးဖို့ ခွါခိုင်းဖို့ မကြိုးစားကြပါနဲ့ -
          ၉၆၉ ဟာ ရတနာသုံးပါး၊
          ၉၆၉ ရဲ့သင်္ကေတဟာ ငြိမ်းချမ်းရေး
          ၉၆၉ ရဲ့ လျှောက်သောလမ်းက ညီညွှတ်ရေး၊
          ၉၆၉ လှုပ်ရှားမှုက ပဋိပက္ခမျိုးစုံ မဖြစ်ပွားရေး၊
          ၉၆၉ လမ်းစဉ်က အစွန်းမရောက်၊
          ၉၆၉ ပန်းတိုင်က နိဗ္ဗာန်။
                   ထို့ကြောင့် ၉၆၉ ဟာ အလွန်မွန်မြတ်တဲ့ အမှတ်တံဆိပ်နဲ့ အသုံးအနှုံးဖြစ်တဲ့အတွက် အနှစ်သာရအားဖြင့်လည်း ပြည့်ဝသလို အသွင်သန္တာန်အားဖြင့်လည်း ကျက်သရေရှိကြောင်းတင်ပြအပ်ပါတယ်။
                   အကယ်၍များ ၉၆၉ကို ခွါကြည့်လိုက်မယ်ဆိုရင်တော့ …ဘာမှရှိတော့မှာ မဟုတ်ပါဘူး … ။
ဒေါက်တာ အရှင်သောပါက (ဇေတ၀န်)

No comments:

Post a Comment