Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, March 30, 2015

ကိုးန၀င်း ဖတ်စာ ဗုဒ္ဓဂုဏ်တော်လာ အတုယူစရာများ

ကိုးန၀င်း ဖတ်စာ
ဗုဒ္ဓဂုဏ်တော်လာ အတုယူစရာများ

၁။ အရဟံ- ဂုဏ်တော်မှ မကောင်းသော စိတ်ဓာတ် ကင်းစင်အောင်, ရှေ့တွင်တစ်မျိုး ကွယ်ရာတစ်မျိုး မဖြစ်အောင်, အများပူဇော်ထိုက်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၂။ သမ္မာသမ္ဗုဒ္ဓ- ဂုဏ်တော်မှ သိသင့်သိထိုက်တာမှန်သမျှ မှန်မှန်ကန်ကန် သိမြင်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၃။ ၀ိဇ္ဇာစရဏသမ္ပန္န- ဂုဏ်တော်မှ လူတော်ဖြစ်ရေးအတွက် အသိပညာနှင့်ပြည့်စုံအောင်, လူကောင်းဖြစ်ရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၎။ သုဂတ- ဂုဏ်တော်မှ မှန်ကန်ပြီး အကျိုးများသောစကားကိုသာ ပြောဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၅။ လောက၀ိဒူ- ဂုဏ်တော်မှ ခေတ်မီသူဖြစ်ဖို့ ပတ်ဝန်းကျင်လောကအကြောင်းကို သိရှိအောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ- ဂုဏ်တော်မှ ပုဂ္ဂိုလ်အလိုက် လိုက်လျောညီထွေဖြစ်ဖို့ ပြောဆိုလမ်းညွှန် နိုင်သူဖြစ်အောင လိုက်နာကျင့်သုံးစရာ ယူရမည်။

၇။ သတ္ထာ ဒေ၀မနုဿန- ဂုဏ်တော်မှ အများကို ဦးဆောင်လမ်းညွှန်နိုင်သူဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၈။ ဗုဒ္ဓ- ဂုဏ်တော်မှ ကိုယ်တိုင်တတ်သိရုံသာမက သူများကိုလည်း တတ်သိအောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

၉။ ဘဂ၀ါ- ဂုဏ်တော်မှ အများလေးစားထိုက်သူဖြစ်အောင် လိုက်နာကျင့်သုံးစရာ ယူရမည်။

တန်ခူးလဆန်း ၄-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(မတ်လ ၂၃-ရက်၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment