Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, August 12, 2015

မဘသ ဗဟိုဦးဆောင်မှုဖြင့် မင်းပြားမြို့နယ်ရှိရေဘေးသင့်ပြည်သူများသို့ ဗဟိုဦးဆောင်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များမှကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း

မဘသ ဗဟိုရဲ့ဦးဆောင်မှုဖြင့် မင်းပြားမြို့နယ် အတွင်းရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းသော ပစ္စည်းများကို ကျေးရွာ နှစ်ရွာသို့သာကိုယ်တိုင်သွားခဲ့ကြပြီး
ကျန်ရေဘေးသင့်ခံကျေးရွာများအတွက် မင်းပြားမြို့ ဓမ္မိကာရုံကျောင်းတွင်ဖွင့်လှစ်ထားသော ထောက်ပံ့ရေးအဖွဲ့သို့အပ်နံခဲ့ပါတယ်။
၎င်းတို့အဖွဲက ကျေးရွာများအစုံရောက်ရှိရေးအတွက်မျှတအောင် စီမံနေကြောင်းသိရှိရပါတယ်။
မြို့နယ်အတွင်း ကျန်ဒေသများအတွက် ဆန် ဆီ ပဲ အဝတ်ကြီးသေး ဆိုက်စုံ ငါးသေတ္တာ မုန့်ခြောက်နှင့်မုန်မျိုးစုံ မီးခြစ် ဓာတ်မီး အအေးဗူး ရေသန့်ဗူးများ များစွာ လှူဒါန်းပေးထားခဲ့ပါတယ်။
ထူထောင်ရေးအတွက် ငွေကျပ် သိန်းငါးဆယ် တိတိ (၅၀၀၀၀၀၀) ပေးလှူခဲ့ပါသည်။
ထို့အပြင် မင်းပြားမြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၁၆ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ် ပေါင်း ၁၆ သိန်းကျပ်ကိုလည်း လှူဒါန်းခဲ့ပါသည်။
မင်းပြားခရီးစဉ် လှူဒါန်းမှုအတွက် ဝမ်းမြောက်နုမော် သာဓု ခေါ်နိုင်ကြပါစေ
ညနေ ၆နာရီမှာတော့ မင်ပြားမှ မြောက်ဦးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပါသည်။
Arkar

No comments:

Post a Comment