Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 13, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက် (၈/၂၀၁၅) (၁၃.၈.၂၀၁၅)


၁။ ၂၀၁၅-ခု၊ သြဂုတ်လ ၁၂-ရက်နေ့ ရေဘေးကယ်ဆယ်ရေးမှအပြန် ကျောင်းကုန်းမြို့နယ်၌ ကားမတော်တဆ တိမ်းမှောက်ပြီး ဆရာတော် ၂-ပါး(ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မဘသဒုတိယဥက္ကဋ္ဌ ဦးပညာဒီပါလင်္ကာရ၊ ဦတိလောက-ဗုဒ္ဓတက္ကသိုလ်)နှင့် လူပုဂ္ဂိုလ် ၃-ဦး (ဒေါက်တာနေမျိုးအောင်၊ ဓမ္မစကူလ်းဆရာမ ဒေါ်အေးမြတ်သူ, ဒေါ်လှလှရီ) တို့ ပျံလွန်/သေဆုံးသွားကြောင်း ကြားသိရသဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်၊ ဒါတွင်မက မကြာမီက ပြည်, မုံရွာနယ်-စသည့် ဒေသအသီးသီး၌ ရေဘေးကယ်ဆယ်သွားရင်း အသက်ပေးသွားသူများအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ, မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပူဆွေးရပါသည်။

၂။ တစ်နိုင်ငံလုံးရှိ မဘသအဖွဲ့ဝင်များ ဦးဆောင်၍ ကုသိုလ်ရှင်များက ရေဘေးဒုက္ခသည်များထံ ကိုယ်တိုင်သွားရောက်၍လည်းကောင်း၊ မဘသအဖွဲ့ကြီး(ဗဟို)သို့ ပို့ဆောင်ပြီး ဗဟိုအစီအစဉ်ဖြင့် လိုအပ်သည့် ဒေသများသို့ ပို့ဆောင်၍ လည်းကောင်း ရေဘေးဒုက္ခသည်များကို ကူညီပေးနေပါသည်။
မဘသအဖွဲ့ကြီး(ဗဟို)သို့ စေတနာရှင်များ လှူဒါန်းထားပြီးသော ပမာဏမှာ-
ကျပ်ငွေ-၅၇၁၇၄၄၅၀-ကျပ် (ကျပ်သိန်း ငါးရားခုနစ်ဆယ့်တစ်သိန်းကျော်)
ဆန်, ခေါက်ဆွဲ, အ၀တ်အစား, အသုံးအဆောင်, ရေသန့်-စသော ပစ္စည်းမျိုးစုံတို့ ဖြစ်ပါသည်။
မဘသအဖွဲ့ကြီး(ဗဟို)မှ လှူဒါန်းပြီး ပမာဏမှာလည်း
ကျပ်ငွေ ၂၆၁၀၀၀၀၀-ကျပ် (ကျပ်သိန်း နှစ်ရာခြောက်ဆယ့်တစ်သိန်း)
ဆန်အိတ်-၅၀၀၊ အခြားသောပစ္စည်းမျိုးစုံတို့ ဖြစ်ပါသည်။
အရံ ဆန်အိတ် ၁၀၀၀-အပါအ၀င် ကျန်ငွေနှင့်ပစ္စည်းများကိုလည်း လိုအပ်သလို ဆက်လက်လှူဒါန်းနေပါသည်၊ ထပ်မံရောက်ရှိလာမည့် အလှူငွေနှင့် ပစ္စည်းများကိုလည်း ပြန်လည်ထူထောင်ရေး ကာလတိုင်အောင် စဉ်ဆက်မပျက် ထောက်ပံ့ကူညီနေဦးမည် ဖြစ်ပါသည်။


၃။ (က) အဆိုပါအသက်စွန့် ပေးဆပ်သွားသော မဘသဆရာတော်များကို သာသနာ့အာဇာနည်အဖြစ် လည်းကောင်း၊ လူပုဂ္ဂိုလ်များကို မြန်မာ့သူရဲကောင်းအဖြစ်လည်းကောင်း မဘသအဖွဲ့ကြီး(ဗဟို)က မှတ်တမ်းတင် ဂုဏ်ယူပါကြောင်းနှင့်
(ခ) မဘသဦးဆောင်သည့် ရေဘေးကယ်ဆယ်ရေးအဖွဲ့များ၏ ကုသိုလ်အစုစု အဖို့ဘာဂ၊ အခြားကုသိုလ်ရှင်များ၏ ကုသိုလ်အစုစု အဖို့ဘာဂတို့ကို လူအရပ်ရပ် နတ်အထွေထွေ ဗြဟ္မာမကြွင်း အားလုံးသော သတ္တ၀ါဝေနေယျတို့အား အမျှပေးဝေလိုက်ပါကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာလိုက်ပါသည်။


စာအမှတ်၊ ၀၀၃၈/ စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၃)ရက်
(သြဂုတ်လ ၁၃-ရက်၊ ၂၀၁၅)၊ ကြာသပတေးနေ့၊
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

No comments:

Post a Comment