Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 6, 2015

ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေး စုပေါင်းကော်မတီ(ရန်ကုန်)ရှိ တာဝန်ရှိသူများအား ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်ရေသန့်ဘူးများ ပေးအပ်လှူဒါန်း (မဘသ(ဗဟို)


မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးဦးဆောင်သည့် ရေဘေးသင့်ပြည်သူအလှူရှင်များမှ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ ရေဘေး-လေဘေးသင့် ဒုက္ခသည်များအတွက် ဆန်အိတ်-၂၀၀၊ ရေသန့် ၃၀ကဒ်တို့အား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာန (ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေး စုပေါင်းကော်မတီ(ရန်ကုန်)ရှိ တာဝန်ရှိသူများထံ(၆.၈.၂၀၁၅) ကြာသပတေးနေ့ညနေ ၄-နာရီအချိန်တွင် မဘသ(ဗဟို)ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၌ ပေးအပ်လှူဒါန်းခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာနမှ ဂုဏ်ပြုမှတ်တမ်းတင်လွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ထပ်မံ၍လည်း ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မဘသ(ဗဟို)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ 
Arkar

No comments:

Post a Comment