Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, August 4, 2015

''မဘသ(ဗဟို)ဆရာတော်ဘုရားကြီးဦးဆောင်၍ ရေဘေးသင့်ပြည်သူများအတွက် ၁၇၂ သိန်း လှူဒါန်းမည်''

''မဘသ(ဗဟို)ဆရာတော်ဘုရားကြီးဦးဆောင်၍ ရေဘေးသင့်ပြည်သူများအတွက် ၁၇၂ သိန်း လှူဒါန်းမည်''
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးဦးဆောင်၍ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ကာ အလှူငွေ ၁၇၂ သိန်းအား လှူဒါန်းသွားမည်ဖြစ်ပါသည်။
လက်ရှိအချိန်အထိ မဘသ(ဗဟို)မှ စုဆောင်းကောက်ခံထားသော အလှူငွေ ၁၇၂ သိန်း ရှိနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အရေးပေါ်လိုအပ်သည့် ရေဘေးသင့် နေရာဌာနများသို့ သွားရောက်ကာ လှူဒါန်းသွားမည်ဖြစ်သည်။
''မဘသဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ ရေဘေးသင့်ပြည်သူများအတွက် ၁၇၂ သိန်း သွားရောက်လှူဒါန်းမှာပါ။ ဒီ တစ်ရက်၊ နှစ်ရက်အတွင်း မဘသ(ဗဟို)အဖွဲ့ကနေ လှူဒါန်းဖို့ စီစဉ်ထားတာပါ။ အစီအစဉ် အသေးစိတ်ကိုတော့ ဆရာတော်တွေ ဆွေးနွေးတိုင်ပင်ပြီး မကြာခင်မှာ ထုတ်ပြန်နိုင်ပါလိမ့်မယ်''ဟု
ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသွားသည်။
မဘသ(ဗဟို)သည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ကောလင်းရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၂ဝ လှူဒါန်းထားပါသည်။

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းနိုင်ရန် အသိပေးနှိုးဆော်ခြင်း
24-7-2015
***************************************************
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရနှင့် အများပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များက ထောက်ပံ့ကူညီလျှက်ရှိကြပါသည်။ ထိုရေဘေးသင့် ပြည်သူများအား စား ဝတ်နေရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မဘသ (ဗဟို)က ပထမအကြိမ်အဖြစ် ကျပ်ငွေ (၂,ဝဝဝ ဝဝဝ) (ကျပ်သိန်းနှစ်ဆယ်တိတိ) ထောက်ပံ့လှူဒါန်းထားပြီး ဖြစ်ပါသည်။
ဆိုင်ရာမြို့နယ် မဘသအဖွဲ့များအနေဖြင့်လည်းကောင်း၊ အခြားအလှူရှင်များအနေဖြင့်လည်း ကောင်း ပါဝင်လှူဒါန်းနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
လှူဒါန်းလိုသူများသည် မဘသ (ဗဟို)ရုံးသို့ အောက်ဖေါ်ပြပါ တာဝန်ခံများထံသို့ ငွေလွှဲ၍ဖြစ်စေ၊ မိမိကိုယ်တိုင်လာရောက်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
(လှူဒါန်းငွေများကို ရေးဘေးသင့်ပြည်သူများထံရောက်အောင် မဘသ (ဗဟို)က ဦးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်မဘသများနှင့်ချိတ်ဆက်၍ ပို့ပေးသွားမည် ဖြစ်ပါသည်)
တာဝန်ခံများ။ မြနန်းဆရာတော် အရှင်သဒ္ဓမ္မ
ဖုန်း-ဝ၉-၂၅၅၇၁၉၉၆၉/ ဝ၉-၈၇၂ဝ၄၈၇
ဒေါက်တာအရှင်သောပါက
ဖုန်း-ဝ၉-၇၉၉၃၇၈၅၇ / ဝ၉-၄၂၁ဝ၆၇ဝဝ၇
ဦးမောင်မောင်မြင့် မဘသ (ဗဟို)ရုံးဦးစီး
ဖုန်း-ဝ၉-၄၂ဝဝ၈၈၇၃၇
မှတ်ပုံတင် ၁၂/အစန (နိုင်) ဝ၅၂၅၄၅
(AK)
Arkar

No comments:

Post a Comment