Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, August 9, 2015

ရေဘေးသင့်ပြည်သူများအတွက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံ ဗုဒ္ဓတ္ထစရိယာအသိပညာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ လှူဒါန်းမှုပုံရိပ်များ


ဒုတိယ၀ါဆိုလဆုတ် ၉-ရက်၊ ၁၃၇၇-ခု၊ (သြဂုတ် ၉၊ ၂၀၁၅) တနင်္ဂနွေနေ့တွင်
ဗုဒ္ဓတ္ထစရိယာ (အသိပညာဖွံ့ဖြိုးရေး) ဖောင်ဒေးရှင်း ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အင်းစိန်မြို့နယ်ရှိ ရွာမ၊ ဖော့ကန်၊ ပေါက်တော၊ ကွက်သစ်၊ ကမ်းနား၊ မြို့သစ်ရပ်ကွက်များရှိ စေတနာရှင် ပြည်သူများမှ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများအတွက် လှူ ဒါန်းရန် ငွေသား ၃၂၂၄၁၅၀ိ/ကျပ်နှင့် ပစ္စည်းတန်ဖိုး ၁၀-သိန်းကျော် စုစုပေါင်း သိန်း ၄၀-ကျော်တို့ကို
မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍လည်း မဘသ(ဗဟို) မှ တာဝန်ရှိ ဦးဆောင်ဆရာတော်,သံဃာတော်များနှင့် လူပုဂ္ဂိုလ်များမှ မြန်မာပြည်အရပ်ရပ်ရှိ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါသည်။

Arkar

No comments:

Post a Comment