Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, August 4, 2015

ရေဘေးသင့်ပြည်သူများအတွက် စုပေါင်းအလှူငွေအဖြစ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံသို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားအနီးရှိ ရွှေတောင်ကျောင်း ဓမ္မရိပ်သာဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများမှ ၀တ္ထုအလှူငွေအဖြစ် ကျပ်-၈သိန်း အား (၄.၈.၂၀၁၅) အင်္ဂါနေ့ ညနေ ၄း၃၀ အချိန်၌ လာရောက်လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် စုပေါင်းအလှူငွေအဖြစ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံသို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားအနီးရှိ ရွှေတောင်ကျောင်း ဓမ္မရိပ်သာဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများမှ ၀တ္ထုအလှူငွေအဖြစ် ကျပ်-၈သိန်း အား (၄.၈.၂၀၁၅) အင်္ဂါနေ့ ညနေ ၄း၃၀ အချိန်၌ လာရောက်လှူဒါန်းခဲ့ပါသည်။.
နတ်လူသာဓု ခေါ်ဆိုနိုင်ရန်နှင့် ဆက်လက်၍ ပါဝင်လှူဒါန်းနိုင်ပါရန်လည်း သတင်းကောင်းပါးအပ်ပါသည်/

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရနှင့် အများပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များက ထောက်ပံ့ကူညီလျှက်ရှိကြပါသည်။ ထိုရေဘေးသင့် ပြည်သူများအား စား ဝတ်နေရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မဘသ (ဗဟို)က ပထမအကြိမ်အဖြစ် ကျပ်ငွေ (၂,ဝဝဝ ဝဝဝ) (ကျပ်သိန်းနှစ်ဆယ်တိတိ) ထောက်ပံ့လှူဒါန်းထားပြီး ဖြစ်ပါသည်။

ဆိုင်ရာမြို့နယ် မဘသအဖွဲ့များအနေဖြင့်လည်းကောင်း၊ အခြားအလှူရှင်များအနေဖြင့်လည်း ကောင်း ပါဝင်လှူဒါန်းနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုသူများသည် မဘသ (ဗဟို)ရုံးသို့ အောက်ဖေါ်ပြပါ တာဝန်ခံများထံသို့ ငွေလွှဲ၍ဖြစ်စေ၊ မိမိကိုယ်တိုင်လာရောက်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

(လှူဒါန်းငွေများကို ရေးဘေးသင့်ပြည်သူများထံရောက်အောင် မဘသ (ဗဟို)က ဦးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်မဘသများနှင့်ချိတ်ဆက်၍ ပို့ပေးသွားမည် ဖြစ်ပါသည်)

တာဝန်ခံများ။ မြနန်းဆရာတော် အရှင်သဒ္ဓမ္မ
ဖုန်း-ဝ၉-၂၅၅၇၁၉၉၆၉/ ဝ၉-၈၇၂ဝ၄၈၇
ဒေါက်တာအရှင်သောပါက
ဖုန်း-ဝ၉-၇၉၉၃၇၈၅၇ / ဝ၉-၄၂၁ဝ၆၇ဝဝ၇
ဦးမောင်မောင်မြင့် မဘသ (ဗဟို)ရုံးဦးစီး
ဖုန်း-ဝ၉-၄၂ဝဝ၈၈၇၃၇
မှတ်ပုံတင် ၁၂/အစန (နိုင်) ဝ၅၂၅၄၅
(AK)
Arkar

No comments:

Post a Comment