Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, August 22, 2015

မဘသ(ဗဟို)ဦးဆောင် လ-ပတ် အထူးအစည်းအဝေး ပင့်လျှောက်လွှာ (၃၁-၈-၂၀၁၅)


အခမ်းအနားအစီအစဉ်
၁၃၇၇-ခု၊ ၀ါခေါင်လပြည့်ကျော်(၁)ရက်၊ (၃၁-၈-၂၀၁၅)၊ တနင်္လာနေ့။
အချိန် = နေ့လည် (၁း၀၀)နာရီ
နေရာ = ရွာမပရိယတ္တိစာသင်တိုက်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပင့်လျှောက်လွှာ
၁။ယခုအချိန်အခါ၌ တွေ့ကြုံပြီး၊ တွေ့ကြုံဆဲ ရေဘေးများကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မလွဲမသွေ လိုအပ်မည်ဖြစ်ပါသည်။ ထိုပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များကို မဘသ အဖွဲ့များမှလည်း စွမ်းနိုင်ရာက စွမ်းနိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ အထူးအားဖြင့် အချို့သောဒေသများ၌ ကျောင်းသူကျောင်းသား များ ပြန်လည်စာသင်ကြားလို့ မရနိုင်လောင်အောင် နေရာအခက်အခဲ ရှိနိုင်ပါသည်။ ထိုလိုအပ်ချက်များအတွက်-

(က) သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၌ဖြစ်စေ၊ ဇရပ်, တန်ဆောင်း-စသော ဘာသာရေးအဆောက်အအုံများ၌ဖြစ်စေ လိုအပ်သလို ယာယီလတ်တလော နေရာပေးနိုင်ရေး၊

(ခ) သောက်ရေအခက်အခဲရှိသော နေရာများ၌ သောက်ရေရရှိရေး၊
-စသည်တို့ကို ကူညီဖြေရှင်းပေနိုင်ရန်-စသော လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းလိုပါ၍

ဆရာတော်များကိုယ်တိုင် တစ်ဖက်ပါအစီအစဉ်အတိုင်း ကြွရောက်ဆွေးနွေး အကြံပြုပေးပါရန် လေးစားစွာ ပင့်လျှောက်အပ်ပါသည်။

Arkar

No comments:

Post a Comment