ထူးလှလူသား ဗုဒ္ဓဘုရား
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ယနေ့ ကမ္ဘာပေါ်၌ ဘာသာအသီးသီး၏ ဘုရားများရှိကြသည်။
ဗုဒ္ဓဘာသာမှ အခြားသောဘာသာကြီးများဖြစ်သည့် ဟိန္ဒူဘုရား ဗြဟ္မာ + ဗိဿနိုး + သီဝ၊ ခရစ်ယာန်ဘုရား
ဂေါဒ်၊ အစ္စလာမ်ဘုရား အလ္လာဟ် စသော ဘုရားများသည် လူသား များ မဟုတ်ကြ။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်ဟု
သတ်မှတ်ထားသော လက်တွေ့မမြင်အပ် သည့် အရာများဖြစ်ကြသည်။ ယင်းတန်ခိုးရှင်၊ ဖန်ဆင်းရှင်
နတ်ဘုရားများ၏ ကိုယ်စား တမန်တော်များ၊ ကိုယ်စားလှယ်တော်များ လူသားများဖြစ်သည့် ယေရှု၊
မိဟာမက်တို့က သူတို့ ဘုရားရှင်များ၏၀ါဒများ၊ တရားတော်များကို တစ်ဆင့်ဟောကြားကြသည်။
ထိုဘာသာဝင်များသည် သူတို့၏ဘုရားကို လက်တွေ့မြင်ကြရသည်မဟုတ်။ တစ်ဆင့် ကြားဖြင့်သာသိပြီး
ကိုးကွယ်ကြသည်။ သူတို့ဘုရား ဘယ်နေရာမှာနေ၍ ဘယ်ပုံစံဖြစ် သည်ဟု အတိအကျမပြောနိုင်ကြ။
သူတို့ပြောသည့် ဘုရားများက ဤကမ္ဘာလောကကြီးနှင့်
သတ္တ၀ါများကို ဖန်ဆင်းသည်ဟု ဆိုထားသော်လည်း ဤကမ္ဘာလောကကြီးသည် လွန်ခဲ့သော နှစ်သန်းပေါင်း
၄၅၀၀ နှင့် ၅၀၀၀ အတွင်း ဖြစ်တည်ခဲ့သည်ဟု သိပ္ပံပညာရှင်များက မိန့် ဆိုကြသည်။ ကမ္ဘာလောကကြီး
ဖြစ်တည်ပြီးနောက်ပိုင်းကျမှ သက်ရှိသတ္တ၀ါတွေလည်း ဖြစ်တည်လာကြသည်။
(စိစစ်ဝေဖန် မြန်မာ့သမိုင်းမှန်၊
စာ-၁)
ထိုတွင်
-
ဟိန္ဒူဘာသာဝင်တို့၏ ဘုရား ဗြဟ္မာ + ဗိဿနိုး
+ သီဝ သည် ဘီစီ ၃၅၀၀ ခန့်က ပေါ်ခဲ့သဖြင့် ယခုအချိန်မှာ
နှစ်ပေါင်း ၅၅၁၅-နှစ်မျှသာ ရှိသေးသည်။ ခရစ်ယာန် ဘာသာဝင်တို့၏ဘုရား ဂေါ့ဒ်သည် အေဒီ ၀၁-က
ပေါ်ခဲ့သဖြင့် ယခုအချိန်မှာ နှစ်ပေါင်း ၂၀၁၅-နှစ်မျှသာ ရှိသေးသည်။ အစ္စလာမ်ဘာသာဝင်တို့၏ဘုရား
အလ္လာဟ်သည် အေဒီ ၆၂၂-က ပေါ်ခဲ့သဖြင့် ယခုအချိန်နှစ်ပေါင်း ၁၃၉၃-နှစ်မျှသာ ရှိသေးသည်။
(အာရှတိုက်
ပထ၀ီဘာသာရေး မြေပုံသမိုင်း)
အဆိုပါ ဘာသာဝင်များ၏ ကမ္ဘာနှင့် သတ္တ၀ါများကို ဘုရားရှင်က ဖန်ဆင်းသည် ဟူသောစကားသည် ယုတ္တိမတန်သော
ရမ်းတုတ်လုပ်ကြံထားသော စကားများ ဖြစ်ကြောင်း ထင်ရှားသည်။
ဗုဒ္ဓဘုရားရှင်သည် ခရစ်မပေါ်မီ ဘီစီ ၆၂၃-နှစ်က
မွေးဖွားခဲ့ပြီး ဘီစီ ၅၈၈-တွင် ဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ဘုရားဖြစ်ပြီ ၂-လခန့်အကြာ
ဓမ္မစကြာတရားဦး ဟောခဲ့ချိန်မှစ၍ ဗုဒ္ဓ၀ါဒစတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘုရားရှင်သည် အမှန်တကယ်ရှိခဲ့
သော လူသားစစ်စစ်ဖြစ်ကြောင်း သမိုင်းကြောင်း၊ ရာဇ၀င်ကြောင်းနှင့် သိပ္ပံပညာရှင်များ ၏
လေ့လာတွေ့ရှိ ထောက်ခံချက်အရ အတိအကျထင်ရှားရှိခဲ့သည်။ မြတ်ဗုဒ္ဓသည် လူသားဆိုသော်လည်း
သာမန်လူသားတော့ မဟုတ်ပါ။ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလကြာအောင် ဆည်းပူးခဲ့သော ပါရမီရှင်လည်းဖြစ်သည်။
ဒီဘ၀မှာလည်း စိတ်ဓါတ်အညစ်အကြေး ကိလေသာအားလုံးကို အရဟတ္တမဂ်ဥာဏ်ဖြင့် အမြစ်ပြတ် ပယ်ရှင်းနိုင်သော
အရဟံဂုဏ်ရှင်ဖြစ်ခြင်း၊ သိစရာမှန်သမျှအားလုံးကို သိမြင်နိုင်သည့် သဗ္ဗညုတဥာဏ်ရရှိသော
သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်ခြင်း၊ အသိဥာဏ်ဝိဇ္ဇာ၊ အကျင့်စရဏ နှင့် ပြည့်စုံသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင်
ဖြစ်ခြင်း စသောအများလေးစားလောက် သည့် အရည်အချင်းကြောင့် ထူးခြားလူသားဗုဒ္ဓဘုရားဟု ခေါ်နိုင်ခြင်း
ဖြစ်သည်။
တွေးခေါ်ပညာရှင်ကြီးဖြစ်သည့် ကာလီဒါသ၊ တဂိုး၊
ပလေတိုး၊ အိုင်းစတိုင်း၊ အက်ဒီဆင်၊ ရှိတ်စပီးယား စသည်တို့သည် သာမန်လူသားထက် ထူးခြားသည့်လူသား
များဖြစ်သည်။ သို့သော် သူတို့သည် ရာဂ၊ ဒေါသ၊ မောဟ စိတ်ဓါတ်ကိလေသာ မကင်း ကြသူများဖြစ်ကြသည်။
မြတ်ဗုဒ္ဓသည် သာမန်လူသားထက် ထူးခြားသူဖြစ်ရုံမက ထူးခြားသည့်လူသားထက် ထူးခြားသော လူသားဖြစ်ပါသည်။
ဒါကိုရည်ရွယ်၍ ပရိတ်ကြီး ဓဇဂ္ဂသုတ်တော် ၌ -
သိကြားစသော
နတ်မင်းများသည် အရှိန်အ၀ါကြီးသူ တန်ခိုးရှင်များဖြစ်သော် လည်း သူတို့မှာ ရာဂ၊ ဒေါသ၊
မောဟ မကင်းသောသူများဖြစ်၍ သူတို့၏အလံများကို ကြည့်သောနတ်များသည် ကြောက်စိတ်ကင်းပျောက်သူ၊
မပျောက်သူ နှစ်မျိုးနှစ်စား ဖြစ်ကြသည်။ ကြောက်လန့်စိတ်များ ကင်းပျောက်မှု မသေချာကြပေ။ မြတ်ဗုဒ္ဓသည် ကား ရာဂ၊ ဒေါသ၊ မောဟ လုံးဝကင်းစင်ပြီးသူဖြစ်၍
ရတနာမြတ်သုံးပါ၏ ဂုဏ်တော်များ ကို အောက်မေ့ပွားများသူများမှာ ကြောက်လန့်စိတ်များ တကယ်ပြေပျောက်နိုင်သည်
ဟု ဟောကြားထားသည်။
ဗုဒ္ဓဘုရားဆိုတာ
သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအမြတ်ထား ကိုးကွယ်စရာမလိုပါဘူး
ဟု အချို့က ပြောကြားသည်။ ထိုသူတို့ သည် သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာအမည်ခံသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာ
အစစ်ဟု မဆိုနိုင်ပါ။
လက်တွေ့ဆန် ယုတ္တိတန်သော
မြတ်ဗုဒ္ဓ
မြတ်ဗုဒ္ဓ၏၀ါဒမှာ လက်တွေ့ကျသော ယုတ္တိရသော ၀ါဒဖြစ်သည်။
အကြောင်း ကြောင့် အကျိုးဖြစ်ရသည်။ အရာဝတ္ထုတိုင်း အကြောင်းရှိလို့ အကျိုးဖြစ်ရသည်။ အကြောင်းမဲ့ဖြစ်သည်လည်းမဟုတ်၊
ဖန်ဆင်းရှင်ကြောင့်ဖြစ်ရသည်လည်း မဟုတ်၊ သက်မဲ့ သြကာသလောကကြီးသည် အပူအအေးဟူသော တေဇောဓာတ်ဥတုကြောင့်
ဖြစ်ရသည်။ သက်ရှိသတ္တ၀ါများသည် ကံ၊ စိတ်၊ ဥတု၊
အာဟာရကြောင့် ဖြစ်ရသည်။ သူများဖန်ဆင်း၍ဖြစ်ရသည်မဟုတ်၊ မိမိသည်သာလျှင် မိမိအားကိုးရာဖြစ်သည်။
ငါဘုရားသည် လမ်းညွှန်သူသာဖြစ်သည်။ တကယ်လုပ်ရမှာက သင်တို့တာဝန်သာ ဖြစ်ပါသည်။ သင်တို့တကယ်လုပ်လျှင်
တကယ်အဟုတ်ဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်။ မကောင်းတာလုပ်လျှင် မကောင်းကျိုးသာရမည်ဟု
ဟောထားခဲ့ သည်။
ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋိစ္စသမုပ္ပါဒ်၊ ပဋ္ဌာန်း
စသော မြတ်ဗုဒ္ဓ ဒေသနာတော်များသည် အကြောင်းအကျိုးကွင်းဆက်ကို ဖော်ပြသော ဒေသနာများ ဖြစ်သည်။
မြတ်ဗုဒ္ဓဒေသနာတော်များသည် ဗုဒ္ဓဘာသာဝင် တစ်စုအတွက်သာ ကွက်၍ဟောထားသောဒေသနာတော်များမဟုတ်၊
သတ္တဝါတိုင်းအတွက် ဟောထား သော ဒေသနာများဖြစ်သည်။ ဗုဒ္ဓဝါဒသည် ကျောသားရင်သားမခွဲခြားဘဲ
၁။ သတ္တဝါတိုင်းအတွက် မကောင်းကျိုးမဖြစ်ရန်၊
ကောင်းကျိုးဖြစ်ရန် အကျိုးလိုလားသော မေတ္တာ၊
၂။ ဆင်းရဲဒုက္ခရောက်နေသူ၊
မပြည့်ဝသူများကို သနားငဲ့ညာ ကူညီဖေးမ လိုသော ကရုဏာ၊
၃။ ချမ်းသာကြွယ်ဝသူ၊
ပြည့်စုံသူများကို ဝမ်းမြောက်ဝမ်းသာလက်ခံကြိုဆို လိုသော မုဒိတာ၊
၎။ ရန်သူ၊
မိတ်ဆွေ မည်သူ့ကိုမဆို တသားတည်းထားနိုင်သော၊ ခွင့်လွှတ် နိုင်သော ဥပေက္ခာ ဟူသော မြင့်မြတ်သောစိတ်ဓာတ်
ဗြဟ္မစိုရ်တရား လက်ကိုင်ထား သော ဝါဒဖြစ်သည်။
ယင်းသည် မြင့်မြတ်သော ဗြဟ္ခစိုရ်စိတ်ဓာတ်လက်ကိုင်ထားပြီး
ပြောဆို၊ ပြုမူသူ၏ လုပ်ရပ်မှန်သမျှသည် သွားရာနောက်က
အရိပ်ပါသကဲ့သို့ ကောင်းကျိုးချမ်းသာ ဧကန်ဖြစ်စေမည်သာဖြစ်သည်။
(ဓမ္မပဒဂါထာ-၂)
ဗုဒ္ဓဝါဒ၌ သူ့လူ ကိုယ်လူ၊ သူ့ဘက်သား ကိုယ့်ဘက်သား
မည်သူ့ကိုမဆို သတ်ဖြတ်ညှင်းဆဲလျှင် ပါဏာတိပါတာ အကုသိုလ်ကံဒုစရိုက် မလွဲမသွေဖြစ်မည်သာ
ဖြစ်သည်။ ထို့အတူ အဒိန္နာဒါန စသော ဒုစရိုက်မှုများသည်လည်း မည်သူ့ကိုမျှ လွတ်လပ်ခွင့်ပြုမည်မဟုတ်၊
ဒုစရိုက်မှု ကျူးလွန်ဖောက်ဖျက်သူမှန်သမျှ လှည်းရုန်းသော နွားနောက်က လှည်းဘီးထပ်ချပ်မကွာပါသကဲ့သို့
ဆင်းရဲဒုက္ခဧကန်ရမည်သာ ဖြစ်သည်။
(ဓမ္မပဒဂါထာ-၁)
သတ္တ၀ါများကို လည်လှီးသတ်ရမည်၊ ဘာသာမတူသူများကို
သတ်ဖြတ်ချေမှုန်း လျှင် အပြစ်မရှိ၊ ကုသိုလ်ပင်ရသည်ဟု ယူဆသောဘုရားများ၊ ဘာသာဝင်များကား
ဗြဟ္မာစိုရ်စိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကင်းသူများသာ ဖြစ်ပေစွ။
မြတ်ဗုဒ္ဓသည် လောကီရေး၊ လောကုတ္တရာရေး၊ ကြီးပွါးချမ်းသာရေး၊
ငြိမ်းချမ်းသာ ယာရေး၊ တရားမျှတရေး၊ ပေါင်းသင်းဆက်ဆံရေး- စသည်တို့ကိုလည်း အိမ်ထောင်ခန်း၊
မီးဖွားခန်းပါမကျန် ဟောကြားလမ်းညွှန်ထားသည်။ ပေါင်းသင်းဆက်ဆံရေးအတွက် သိင်္ဂါလသုတ်၌- မိဘနှင့်
သား၊ မယားနှင့် လင်၊ အရှင်နှင့် ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်-ဟု ပတ်ဝန်းကျင်
၆-မျိုးခွဲခြား၍ တာဝန်ကိုယ်စီ လိုက်နာ သောအားဖြင့် တရားမျှတရေးဖြစ်အောင် ဟောကြားခဲ့သည်။
မင်္ဂလသုတ်၌ ကြီးပွား ကြောင်းတရားများကိုလည်း ဟောကြားထားသည်။ အင်္ဂုလိမာလသုတ်၌ ကလေးမီးဖွား
ခန်းအတွက်ပါ ဟောကြားထားသည်။ ဤသို့စသည်ဖြင့် လက်တွေ့ဆန် ယုတ္တိတန်သော ဒေသနာများကို ဟောကြားနိုင်သည့်
မြတ်ဗုဒ္ဓသည် သာမန်လူသားထက် ထူးခြားသော လူသားများထက်ပင် ပိုမိုထူးခြားလွန်ကဲသော လူသားဖြစ်သဖြင့်
ဗုဒ္ဓ၀ါဒသည် ကမ္ဘာတွင် အကောင်းဆုံး ဘာသာဖြစ်ကြောင်း ပညာရှင်များ သတ်မှတ်ခြင်းခံရသည်။
ဗုဒ္ဓ၀ါဒကို လိုက်နာကျင့်သုံးသူများလည်း ကံထူးသူများဖြစ်၍ ထိုအကောင်းဆုံးဘာသာကို ထိန်းသိမ်းဖို့လိုကြောင်း
ဖော်ပြရင်း ထူးလှလူသားဗုဒ္ဓဘုရား ဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
ကဆုန်လဆန်း
၁၀-ရက်၊ ၁၃၇၇-ခု အရှင်တိလောကာဘိဝံသ
(ဧပြီလ-၂၇၊
၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်မြို့။