Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, May 24, 2015

မ.ဘ.သ(ဗဟို)ရုံး၌ ဧရာဝတီတိုင်းဒေသကြီး(၂၆)မြို့နယ်ရှိ (မ.ဘ.သ)များအတွက် လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းနှင့် မီဒီယာသင်တန်းကျင်းပရန် အစည်းအဝေးကျင်းပ






....................................................................................................
...................................................................................................
(၂၄.၅.၂၀၁၅)ရက်၊ စနေနေ့၊ နေ့လည်(၂း၀၀)နာရီအချိန် မ.ဘ.သ(ဗဟို)ရုံးတွင် ဧရာဝတီတိုင်းဒေသကြီး(၂၆) မြို့နယ်ရှိ(မ.ဘ.သ)များအတွက် လက်တွေ့အသုံးချအခြေခံ ဥပဒေသင်တန်းနှင့် မီဒီယာသင်တန်းကျင်းပရန် အစည်းအဝေးသို့ မ.ဘ.သ(ဗဟို)လုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ခွဲ တာဝန်ခံဆရာတော်များထဲမှ အရှင်အင်္ကုရ ကြွရောက်တော်မူပြီး ဥပဒေပညာရှင် ဦးကျော်ဇေယျ၊ ဦးကျော်ကျော်၊ ဦးလှမျိုးမြင့်၊ ဦးစောဝင်း၊ ဒေါ်စန္ဒာဦး၊ ဒေါ်ကြည်ပြာစိုး၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်နှင်းကေသီစိုးတို့ တက်ရောက်ကြ့ပီး နာမည်ကျော် စာရေးဆရာဥပဒေ ပညာရှင်ကြီး ဦးကျော်ဇေယျမှ မ.ဘ.သ(ဗဟို)အတွက် ရေးသားလှူဒါန်းသော လက်တွေ့အခြေခံဥပဒေသင် တန်းသင်ရိုးကို သင်ကြားကြမည့် ဆရာ/ဆရာမများကို ဥပဒေဆိုတာဘာလဲ၊ အသုံးများသော ရာဇသတ်ကြီးများ တရားမှုများ၊ အမျိုးစောင့်ဥပဒေကြမ်း၊ ၁၉၈၂-နိုင်ငံသားဥပဒေတို့ကို ရှင်းလင်းပြောကြားပါသည်၊ မီဒီယာ သင်တန်းများအတွက် သင်ရိုးများကို ကိုဝင်းမော်က သတင်းဓာတ်ပုံရယူပုံ၊ ကိုကျော်နန္ဒကိုက အွန်လိုင်းမီဒီယာ၊ ကိုမိုးအောင်လင်းနိုင်က ဂျာနယ်သတင်းဆောင်းပါးရေးသားပုံတို့ကို အသီးသီးတင်ပြကြပါသည်။ ထို့နောက် အထွေထွေဆွေးနွေးခြင်းများကို စတင်ကြပြီး ဧရာဝတီတိုင်းဒေသကြီးတစ်တိုင်းလုံးအတွင်းရှိ မ.ဘ.သ(၂၆)မြို့ နယ်အတွက် (၂၇.၅.၂၀၁၅) ရက်နေ့မှ (၃၁.၅.၂၀၁၅)ရက်နေ့အထိ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက်တွင် ကျင်းပမည့် သာသနာပြုစွမ်းရည်မြင့်သင်တန်းသို့ လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းတွင် သင်ကြား မည့် ဆရာများအဖြစ် ဦးလှမျိုးမြင့်၊ ဒေါ်စန္ဒာဝင်း၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်ဇာနည်ဝင်းထွန်းတို့က သင်ကြားရန် ဆုံးဖြတ်ကြပြီး မီဒီယာသင်တန်းအတွက် သင်ကြားမည့်ဆရာများအဖြစ် ကိုဝင်းမော်၊ ကိုကျော်နန္ဒကို၊ ကိုမိုး အောင်လင်းနိုင်တို့က သင်ကြားရန် ဆုံးဖြတ်ကြပါသည်။ ဆက်လက်၍ (၂၃.၆.၂၀၁၅)ရက်နေ့မှ (၂၇.၅.၂၀၁၅) ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတစ်တိုင်းလုံးအတွက် ပခုက္ကူမြို့၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်တွင် ကျင်းပ မည့် သာသနာပြုစွမ်းရည်မြင့်သင်တန်းသို့ လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းတွင် သင်ကြားမည့် ဆရာများအဖြစ် ဦးကျော်ကျော်၊ ဒေါ်ကြည်ပြာစိုး၊ ဒေါ်စန္ဒာဝင်း၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်ဇာနည်ဝင်းထွန်းတို့က သင်ကြားရန် ဆုံးဖြတ်ကြပြီး မီဒီယာသင်တန်းအတွက် သင်ကြားမည့်ဆရာများအဖြစ် ကိုဝင်းမော်၊ ကိုကျော်နန္ဒ ကို၊ ကိုမိုးအောင်လင်းနိုင်တို့က သင်ကြားရန်ဆုံးဖြတ်ကြကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
(Arkar)

No comments:

Post a Comment