Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, May 12, 2015

(၇.၅.၂၀၁၅) ရက်နေ့တွင် မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးအား BBC အသံလွှင့်ဋ္ဌာနမှ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းထားသည်များကို ဆရာတော်ဘုရားကြီးမှ ပြန်လည်မိန့်ကြားချက်များ


မေး ။ဆရာတော်နေကောင်းပါတယ်နော်။ ဆရာတော်ကျန်းမာရေးဘယ်လိုနေပါသေးလဲ။ရာသီဥတုသိပ် လည်း ပြင်းထန်တယ်ပြောလို့ပါ။
ဖြေ ။ရာသီဥတုကတော် အတော်လေးပြင်းထန်နေပါတယ်။ ဒီလိုပဲ သင့်တော်အောင်နေထိုင်ရတာပေါ့ ဒကာကြီးရာ။
မေး။ တင်ပါ့ဘုရား။ ဟိုတပည့်တော်လျှောက်ချင်တာကတော့လေ နိုင်ငံတကာဘာသာရေးလွတ် လပ်ခွင့်နဲ့ဆိုင်တဲ့ US သံအမတ်ကြီးတို့ ဆရာတော်ဆီကိုလာတယ်လို့ပြောပါတယ်။ အဓိကသူတို့ ဘာတွေများဆွေး နွေးသွားပါလည်းဘုရား။
ဖြေ။ အဓိကကတော့ သူတို့အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်ပုံတွေ၊ အခြေအနေတွေကို ပြောပြတယ်။ ဒါတွေ ကတော့ ဆရာတော်တို့ကလည်း သဘောပေါက်တယ်၊ နိုင်ငံတကာကလည်းသိတယ်၊ ဒီပြင့် အဓိကမေး လိုတာမေးပါဆိုတော့ သူတို့က အဓိကဒီမှာ ဘာသာမတူသူတွေ တစ်ဖက်သတ်ခွဲခြားဆက်ဆံမှုခံရတယ်လို့ ပြောနေတယ်။ နိုင်ငံတကာမှာလည်း အဲ့ဒီလိုသတင်းတွေကြားနေတယ်၊ အဲ့တာကို မဖြစ်သင့်ဘူးဆိုတဲ့ အကြောင်းပြောတော့ ဆရာတော်တို့က ဒီမြန်မာနိုင်ငံက ခုတင်မဟုတ်ပါဘူး သမိုင်းအစဉ်အဆက် ပုဂံခေတ် ကနေစပြီးတော့ မြန်မာနိုင်ငံသူ,နိုင်ငံသားတွေဟာ ဘယ်နိုင်ငံ, ဘယ်ဘာသာ, ဘယ်လူမျိုးခြားပဲ လာလာ ကျောသားရင်သားမခွဲခြားပဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဆွေမျိုးအရင်းအခြာတွေလို နေထိုင်ခဲ့တာပါ၊ အဲ့တော့ ဘာမှပြဿနာမဖြစ်ခဲ့ပါဘူး၊ မြန်မာနိုင်ငံသားတွေဟာ ဧည့်ဝတ်ကျေပွန်ခဲ့ပါတယ် ၊ တစ်ခုတော့ရှိတယ် ကုန်းဘောင်ခေတ်ဦးပိုင်းလောက်က ဖီးလစ်ဒီပရစ်တို ငဇင်ကာဆိုတဲ့ သံလျင်စား က မြန်မာဘုရားတွေဖျက်တယ်၊ ဋ္ဌာပနာတွေကိုဖောက်တယ်၊ ခေါင်းလောင်းတွေကို အရည်ကျို ပြီးတော့ ကျည်ဆံလုပ်တယ်၊ ဘာသာရေးစော်ကားမှုတွေလုပ်တယ်၊ အဲ့တော့ ဒီဘာသာရေးစော်ကားမှုတွေ၊ လူမျိုးရေးစော်ကားမှုတွေကြောင့် မျိုးချစ်ဘုရင်တွေကနေ ဦးဆောင်ပြီးတော့ တိုင်းရင်းသားတွေကနေ တော်လှန်ခဲ့ဘူးတာတော့၇ှိပါတယ်။ ဒါက မြန်မာနိုင်ငံသားတွေက အိမ်သည်ဝတ်ချိုးဖောက်တာမဟုတ်ဘူး၊ ဧည့်သည်က ဧည့်သည်လိုမနေခြင်းကြောင့် ဖြစ်ခဲ့တာပါ၊ ခုလက်တလော အခြေအနေမှာလည်းပဲ ဒီရခိုင်ဒေ သ၊ မောင်းတောဒေသမှာ ဧည့်သည်ဘင်္ဂါလီတွေက အိမ်သည် မြန်မာအမျိုးသားတွေ၊ ရခိုင်တွေကို သတ် ဖြတ်ပြီးတော့၊ ညှင်းဆဲပြီးတော့၊ မောင်းထုတ်လိုက်ပြီးတော့ အိမ်သည်တွေက အသက်လုပြီးတော့ပြေးရ တာ၊ အသတ်ခံနေရတာတွေလည်း မြောက်များစွာရှိပါတယ်၊ ဒါလည်းပဲ မြန်မာလူမျိုးတွေက စတင်ခဲ့တာ မဟုတ်ပါဘူ၊ အင်္ဂလိပ်ခေတ်ကနေစပြီးတော့ ဒီယနေ့ခေတ်အထိအောင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတိုင်းမှာ မြန်မာလူမျိုးတွေက သို့မဟုတ် ဗုဒ္ဓဘာသာတွေက စတင်ပြီးတော့ ဖန်တီးခဲ့တာတစ်ခုမှ မရှိပါဘူး၊ အဲ့ဒီဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေ၊ ဒီနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရခိုင်မှာတစ်ခုဖြစ်ခဲ့တယ်၊ မိတ္ထီလာမှာဖြစ်တယ်၊ လားရှိုးမှာဖြစ်တယ်၊ ဥက္ကံမှာဖြစ်တယ်၊ နောက်ဆုံး မန္တလေးမှာဖြစ်တဲ့ ပြဿနာတွေကိုလည်းပဲ ပြဿနာဖြစ်ခြင်းရဲ့အရင်းခံမှာ အားလုံးမှတ်တမ်း တွေရှိပါတယ်၊ မြန်မာလူမျိုးတွေ၊ ဗုဒ္ဓဘာသာလူမျိုးတွေကစတာ တစ်ခုမှမရှိပါဘူး၊ တစ်ဖက်သားက ကျူးလွန်စော်ကားလာလို့ စတင်ဖြစ်ရတာပါ၊ အဲ့ဒီဖြစ်တဲ့ပြဿနာတွေမှာလည်း ဒီမဘသ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆရာတော်ကြီးတွေ ဦးဆောင်ပြီးတော့ ထိန်းသိမ်းပေးလို့ ဒီလောက်အနည်း အကျဉ်းပြီးခဲ့တာ၊ တစ်ဖက်သား လူမျိုးခြား၊ ဘာသာခြားတွေ အသေအပျောက်နည်းအောင် ထိန်းသိမ်းပေး ရုံမကဘူး၊ တစ်ချို့ မိထ္တီလာတို့ လားရှိုးတို့မှာဆိုရင် ဆရာတော်၊ သံဃာတော်တွေကပဲ ကျောင်းထဲခေါ်ပြီး အဲဒီလူမျိုးခြား၊ ဘာသာခြားတွေကို သူတို့အသက်အိုးအိမ်တွေကိုထိန်းသိမ်းပေးတယ်၊ ကျွေးမွေးပေးထား တာတောင်ရှိပါတယ်လို့၊ အဲဒီတော့ ဖြစ်ပေါ်သမျှ ပြဿနာတိုင်းဟာ ဒီမြန်မာနိုင်ငံသားတွေ အိမ်သည်တွေ က စတာမဟုတ်ပါဘူးလို့၊ ဘာသာခြား၊ လူမျိုးခြားတွေကပဲ စတာဖြစ်ခဲ့ပါတယ်လို့ ဆရာတော်ဒီလိုပဲ တစ်ချက်ခြင်း ရှင်းပြတယ်၊ အဲဒီဖြစ်တဲ့ပြဿနာတိုင်းမှာလည်း အထောက်အထားတွေများစွာရှိတယ်လို့ ဆရာတော်ပြောလိုက်တယ်လေ..။
မေး ။ တင်ပါ။ ဆရာတော် အဲ့ဒီသံတမန်က ဘာကိစ္စ လာစုံစမ်းတာလည်း.. ဆရာတော်တို့ပြောဆိုချက် တွေကိုရော သူဘယ်လောက်ထိ သဘောပေါက်ပါလည်းဘုရား။
ဖြေ ။ သူကအားလုံး ဒီဟာတွေကို တပည့်တော်တို့ သဘောပေါက်ပါတယ်တဲ့၊ အခုလိုကြားသိရတာ အပြင်ကကြားသိရတာတွေနဲ့ သိပ်မတူဘူးပေါ့လေ၊ အဲ့တော့ ဒီလိုအဖြစ်မှန်တွေကို အမေရိကန်လိုနိုင်ငံကြီး တွေကလည်း ၀ိုင်းဝန်းပြီးတော့ အကူအညီပေးသင့်ပါတယ်လို့ သတင်းအမှန်ကို နားလည်ပေးသင့်ပါတယ် လို့ ပြောလိုက်ပါတယ်၊
မေး ။ မှန်ပါ့၊ တစ်ချို့ပြောနေတာကလေ ဆရာတော် သူတို့လာတာကလေ လွှတ်တော်မှာခုပြောနေကြ တဲ့ ဒီ..အမျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့လည်း ဒါဟာ လူ့အခွင့်အရေးနဲ့ဆိုင်တယ်ဆိုပြီး သူတို့ကထောက်ပြ ပြောဆိုနေတာကို ရော ဆရာတော်ဘုရား။
ဖြေ ။ အဲ့တာတွေကိုလည်းပြောတယ်။ ဒီအမျိုးစောင့်ဥပဒေနဲ့ပတ်သတ်ပြီးတော့လည်း ဒီမှာ လူ့အခွင့်အ ရေး ချိုးဖောက်ခံနေရတယ်၊ ဘာသာခြား လူမျိုးခြားတွေက သူတို့ကို ခွဲခြားဆက်ဆံခံနေရတယ်ဆိုတဲ့ သဘောမျိုးကို လွှတ်တော်မှာဝေဖန်နေတယ်၊ ပြင်ပနိုင်ငံတွေမှာလည်း ဒီလိုတွေ ပြောနေတယ်၊ အဲ့တာနဲ့ ပတ်သက်လို့လည်း ဆရာတော် အထူးသဖြင့်ပြောလိုတာက ဒီမြန်မာနိုင်ငံမှာ ဘာသာကြီး(၃)ခုမှာ ဗုဒ္ဓဘာ သာမှတစ်ပါးသော ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုပြီး ဘာသာကြီးလေးခုရှိပါတယ်။ အဲတော့ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာတွေမှာ သူတို့ဘာသာဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လက်ထပ်ခွင့်မပေး ပါဘူး၊ လက်ထပ်ရင်လည်းပဲ တရားမ၀င်ပါဘူး၊ သူတို့ဘာသာကိုဝင်မှ တရားဝင်တယ်၊ သူတို့ဘာသာရေး ခေါင်းဆောင်က လက်ထပ်ပေးမှ တရားဝင်တယ်လို့ သတ်မှတ်ထားတာရှိတယ်၊ အဲ့ဒီလိုမဟုတ်ပဲနဲ့ တစ်ချို့ ခရစ်ယာန်ရော၊ အစ္စလာမ်ရော အဲ့ဘာသာတွေမှာ သူတို့ဘာသာမဟုတ်ပဲနဲ့ ဒီဘက်ဘာသာနဲ့ အတင်း လက်ထပ်တာရှိရင် ပြစ်ဒဏ်တွေ သတ်မှတ်ထားတာ မြောက်များစွာရှိပါတယ်၊ သူတို့ဘာသာတွေမှာ တိတိ ကျကျသတ်မှတ်ထားတာရှိတယ်၊ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေမှာ အဲ့လို ခေတ်အဆက်ဆက်က၊ နဂို တုန်းက မြန်မာလူမျိုးတွေရဲ့ သဘောထားအရ သိပ်ပြီးတော့ ဘာမှပြဿနာမဖြစ်ခဲ့ခြင်းကြောင့် ဒီလို အိမ်ထောင်ခန်းနဲ့ပြဿနာတွေ မရှိခဲ့ခြင်းကြောင့် ဥပဒေတွေ၊ ဒီဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာမှာ ဘာမှကန့်သတ်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု အမျိုးစောင့်ဥပဒေဆိုတာက ခုနကပြောခဲ့တဲ့ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာတွေမှာ ရှိနေတဲ့ ဥပဒေတွေလို တန်းတူညီမျှ ရနိုင်သလောက်ရအောင်၊ ဒါတောင်မှပဲ ခုလက်ရှိဆွဲထားတဲ့ အမျိုးစောင့်ဥပဒေဟာ သူတို့ဥပဒေတွေနဲ့စာရင် နိမ့်ပါသေးတယ်လို့၊ သူတို့ဥပဒေတွေနဲ့ တန်းတူဖြစ်အောင် လုပ်ပေးတာပါ၊ ဒီ နိုင်ငံတကာရဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာ တမ်းမှာ နံပါတ်-၁က လူတိုင်းလူတိုင်းဟာ တန်းတူညီမျှတဲ့ အခွင့်အရေးရှိရမယ်လို့ပြောတယ်၊ အဲ့တော့ သူတို့ဘာသာတွေမှာ ဒီလိုတွေရှိပြီးတော့ ဗုဒ္ဓဘာသာမှာမရှိခြင်းကြောင့် ဗုဒ္ဓဘာသာတွေမှာ အဘက်ဘက် က ခေတ်အဆက်ဆက်က တရားရုံးအဆင့်ဆင့်မှာ နစ်နာခဲ့ရတာတွေ မြောက်များစွာရှိပါတယ်၊ အရင်တုန်း က ခြံစည်းရိုးမရှိလို့ ကျန်တဲ့ ၀င်ချင်သလိုဝင် စော်ကားချင်သလိုစော်ကားလို့ရခဲ့တယ်၊ ခုအဲ့ဒီလိုမဖြစ် အောင်ဆိုပြီး သူတို့နဲ့ တန်းတူညီမျှအခွင့်အရေးရအောင် ကိုယ့်ခြံစည်းရိုးကိုယ်ကာပေးတာပါ၊ သူများကို ဘာမှ ချုပ်ခြယ်တာမရှိဘူး၊ တကယ့်ကိုလွတ်လပ်ပါတယ်၊ အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ တစ်ချက် ခြင်း ဘယ်အချက်ကို ဆွေးနွေးမလဲ ဆွေးနွေးလို့ရပါတယ်၊ သူတို့ထက်ပိုပြီးတော့ ယူတာဘာမှမရှိပါဘူးလို့ ဆရာတော်ပြောတော့ ဒါလည်းပဲ သူတို့က လက်ခံပါတယ်၊ တစ်ခုပြောတာ သူတို့က ဒီအမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘာသာရေးအသုံးချပြီးတော့ ရွေးကောက်ပွဲမှာလုပ်ဖို့ ဒါကိုစိုးရိမ်တယ်ဆိုတဲ့အကြောင်း သူပြောတယ်၊ ပြောတော့ဆရာတော်က ဒီအမျိုးစောင့်ဥပဒေက ခုမှလုပ်တာမဟုတ်ပါဘူးလို့၊ ပြီးခဲ့တဲ့ ၂-နှစ် ကျော်ကတည်းကလုပ်ခဲ့တာပါလို့၊ အဲ့တုန်းကမပီပြင်ခဲ့လို့ ခုမှ သူတို့လုပ်မယ်လို့ ရှိနေတာပဲ ရှိတာပါ။ ဒါတောင်မှ အကောင်အထည်မဖော်သေးပါဘူးလို့၊ ရွေးကောက်ပွဲနဲ့လည်း ဘာမှမဆိုင်ဘူး၊ ခုဥပဒေဟာ မြန်မာနိုင်ငံသားအတွက် လုပ်ပေးတဲ့ ဥပဒေဖြစ်နေတဲ့အတွက်ကြောင့် ခုလက်ရှိ ဘယ်နိုင်ငံသားမဆို ဒီနိုင်ငံ မှာရှိတဲ့ လူတိုင်း၊ ပါတီတိုင်းကရော၊ လူတိုင်းကရော လက်ခံရမယ့်ဥပဒေဖြစ်နေတာ..၊ သူတို့ကလက်မခံနိုင် တာကို ဆရာတော်တို့က ဒါကို နားမလည်နိုင်ဘူးလို့ ဒါပဲပြောတယ်လေ၊ အဲ့တာကို ဘာသာရေးနဲ့ ရွေးကောက်ပွဲအသုံးချတာ လုံးဝမဟုတ်ပါဘူး၊ လက်ရှိ ထောက်ပြလို့လည်းရပါတယ်၊ ဆွေးနွေးလို့လည်း ရပါတယ်ဆိုတော့ ဒါလည်းပဲ သူတို့လက်ခံသွားပါတယ်။
မေး ။ တင်ပါ့၊ ခုတစ်ခုရှိတာက နိုင်ငံတကာမျက်နှာစာမှာပြောနေတာက နိုင်ငံရေးနဲ့ ဘာသာရေးနဲ့မှာ ရောထွေးမှုမရှိရဘူးလို့ ပြောကြတယ်၊ အများလည်းလက်ခံတယ်၊ တစ်ချို့ကပြောနေတာက ဒီတက်တဲ့ အစိုးရတွေဟာ ဘာသာရေးခေါင်းဆောင်တွေအသုံးပြုပြီးတော့ အမျိုးသားရေးဝါဒတွေ ဖြန့်နေကြတယ်၊ မဲဆွယ်မှုတစ်ခုတည်းမဟုတ်ဘူးပေါ့လေ လူတွေကိုလှုံဆော်ကြတယ်၊ အဲဒီကနေတစ်ဆင့် မုန်းတီးမှု တွေပွားနိုင်မလားဆိုပြီးတော့ ထောက်ပြမှုတွေရှိတယ်၊ အဲဒီကိစ္စတွေရော ဆွေးနွေးပါလားဘုရား၊
ဖြေ ။ အဲ့တာတွေလည်း ဆွေးနွေးတယ်လေ၊ ခုနက ဆရာတော်တို့ပြောတဲ့ ဒီဘာသာရေးနဲ့ပတ်သက်တဲ့ လှုံတော်တာတွေ ဘာမှမရှိပါဘူး၊ ဒါပေမဲ့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ စောင့်ရှောက်တတ် အောင် လမ်းညွှန်ပေးတယ်၊ ထိန်းသိမ်းပေးဖို့ ဒါကိုနေတတ်ထိုင်တတ်အောင် လုပ်ပေးပါတယ်ဆိုတဲ့ သဘောကို ဒါကိုသာပြောနေတာပါ၊ သူတို့ဒီ မြန်မာနိုင်ငံမှာမထားသင်ဘူးလို့လည်း ပြောလို့မရဘူး၊ သူတို့ ဘာသာကိုဖျက်ဆီးဖို့လည်းမဟုတ်ဘူး၊ ဘယ်သူ့မှပုတ်ခတ်တာလည်းမဟုတ်ဘူး၊ ကိုယ့်ဘာသာကို စောင့်စည်းဖို့ပြောနေတာကို ဒကာကြီးတို့လည်း အသိပဲလေ၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို စောင့်ထိန်းဖို့ ဆိုတာ ကိုယ့်နိုင်ငံသားက ပြောခွင့်မရှိဘူးလား.. ?၊ ဒကာကြီးရော..ခု ဆရာတော်မေးပါတယ်… ?၊
မေး။ တင်ပါဘုရား၊.. တစ်ချို့ကပြောနေကြတာလေ.. ဒီလိုပါ ၊ ဘာသာရေးအရ ကိုယ့်ဘာသာ သူ့ဘာသာ အယူဝါဒရှိတယ်၊ အရင်တုန်းက ဟို ၉၆၉-တို့လို အဖွဲ့အစည်းတွေပေါ်လာတယ်ပေါ့၊ အခုကြ တော့လည်း ဒီသာသနာရေးဆိုင်ရာ မဘသ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေ ပေါ်လာ တယ်၊ နောက်နဂိုကလည်း အစိုးရနဲ့ပတ်သက်တဲ့ မဟနဆိုတဲ့ အဖွဲ့အစည်းတွေရှိတယ်၊ အဲဒီတော့ သံဃာ တွေဟာ တစ်သံတည်းထွက်သင့်သလား.. ဒါမှမဟုတ် ဒီလိုလုပ်တဲ့အခါမှ ဥပဒေနဲ့အညီ သူတို့ အစိုးရက ကန့်သတ်သင့်သလား အဲ့လိုဟာတွေလည်း တစ်ချို့မေးခွန်းထုတ်တယ်ဘုရား..၊အဲ့ဒီကိစ္စတွေရော သူတို့ စိတ်ဝင်စားလားဘုရား။
ဖြေ ။ အဲ့တာတွေတော့ သူတို့ သီးခြားသက်သက်မမေးပါဘူး၊ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း အချိန် မရွေးလာဆွေးနွေးလို့ရပါတယ်၊ ဒီက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဆရာတော်ကပြောတယ်လေ၊ မြန်မာလူမျိုးတွေ အစဉ်အဆက်က ဘယ်သူ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာလာလာ လက်ခံပါတယ်၊ ဒီက ဘာသာရေး လူမျိုးရေးပဋိပက္ခတွေမှာလည်း မြန်မာဗုဒ္ဓဘာသာလူမျိုးတွေက စတင်တာမရှိပါဘူးဆို တာလည်း ဆရာတော်ပြောတယ်၊ ဒီမှာလည်း လာဆွေးနွေးလို့ရတယ်၊ ဘေးမှာဖြစ်နေတာတွေကတော့ သူတို့ ထင်သလို လွှင့်နေတာ၊ ယခုလက်ရှိ ကမ္ဘာမှာ ဒကာကြီးတို့လည်း အသိပဲလေ၊ ကမ္ဘာမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေ ဖြစ်နေတယ်ဆိုတာ ဗုဒ္ဓဘာသာကနေ စတယ်ဆိုတာ ဒကာကြီးတို့ ကြားဘူးလား….. ?၊ ဆရာတော်မေးတာကို ဒကာကြီး ပြန်ဖြေပါဦး၊
မေး ။ တင်ပါ့ဘုရား..။ ဗုဒ္ဓဘာသာကစတဲ့ အကြမ်းဖက်မှုတော့ မရှိပါဘူးဘုရား။
ဖြေ ။ အေး.. အဲဒီဥစ္စာကို နမူနာယူဖို့တော့ လိုအပ်တယ်ပေါ့။ ဒီမှာလည်းပဲ ဗုဒ္ဓဘာသာကစတဲ့ မြန်မာလူမျိုးတွေကစတာမရှိဘူး သို့သော် တစ်ခုရှိတာက သူများကလွန်ကျူးလာတဲ့အခါမှာ တစ်ချို့ဒေသ တွေမှာ စိတ်လက်မာန်ပါ ပြန်ပြီးတော့ တွန်းလှန်တာတွေတော့ ရှိပါလိမ့်မယ်၊ အဲ့တာတွေကိုလည်းပဲ တာဝန်ရှိတဲ့ ဆရာတော်, သံဃာတော်တွေရော. ကိုးခြောက်ကိုးတို့ မဘသတို့ဦးစီးတဲ့ သံဃာ့အဖွဲ့အ စည်းတွေကနေ တက်နိုင်သလောက်ထိန်းသိန်းပေးပါတယ်၊ ခုနပြောခဲ့ပြီး မိတ္ထီလာတို့, လားရှိုးတို့မှာ ပြဿနာဖြစ်တုန်းက ဘုန်းကြီးတွေကိုယ်တိုင်၊ ဆရာတော်တွေကိုယ်တိုင် လူမျိုးခြားတွေ အသတ်မခံရ အောင်ဆိုပြီးတော့ ကျောင်းထဲခေါ်ပြီး ကျွေးမွေးထားတာကို ရှိခဲ့တယ်၊
မေး ။ တင်ပါ့ဘုရာ။ ဟို တပည့်တော်နောက်ဆုံးသိချင်တာကတော့လေ မြန်မာနိုင်ငံမှာ ခုနိုင်ငံတကာက ဝေဖန်သလို ဒီအမြင်အမျိုးမျိုးရှိနေတယ်၊ တဖက်ကလည်းပဲ အစိုးရကနေဦးစီးပြီးတော့ ဒီဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ တစ်ယောက်နဲ့တစ်ယောက်နားလည်ရေးတို့၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပိုပြီးတော့.. ဒီ အာဃာသ, ဒေါသတွေကင်းရှင်းရေး လုပ်နေတာတွေ ကြားရတယ်၊ အဲ့တာတွေကရော ထိရောက်မှု ရှိလားဘုရား..။
ဖြေ ။ ဒါတွေက တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်၊ တကယ့်စေတနာအမှန်နဲ့သာ လုပ်ရင် ရှိပါတယ်၊ များသောအားဖြင့် အခု တစ်ချို့က ဘာသာပေါင်းစုံညီညွတ်ရေးဆိုတဲ့ အစည်းအဝေးပွဲတွေလုပ်တာကို ဆရာတော်တို့ကြုံကြပါတယ်၊ ကြုံကြတဲ့အခါမှာ သူတို့ခေါ်ဖိတ်တဲ့အခါမှာလည်းသွားတယ်၊ သွားတဲ့အခါမှာ လည်း ဒီကသွားချင်တဲ့ ပုဂ္ဂိုလ်တိုင်းသွားလို့မရဘူး၊ ပြောချင်တဲ့စကားတိုင်းလည်းပြောလို့မရဘူး၊ သူတို့ပြော ချင်တာကို နားထောင်ပြီးတော့ ပြန်လာရတယ်၊ ဒီကပြောချင်တာကို အနည်းအကျဉ်းလောက်ပဲရှိတာကို ဆရာတော်တို့ခုလက်တွေ့ ခံစားရတာများတယ်၊ ဆရာတော်တို့ရဲ့ ဒီအဖွဲ့အစည်းတွေ၊ ဒီ အဖွဲ့အစည်းတွေ ကိုခြောက်ကိုးတို့၊ မဘသတို့၊ သံဃနာယက အဖွဲ့တွေရော၊ ကျောင်းတိုက်တွေရော ဘယ်ဘာသာလာလာ၊ ဘယ်လူမျိုးလာလာ ဆရာတော်တို့က လက်ခံပြီးတော့ ဖြေရှင်းပြီးတော့ ပြောပြလို့ရတယ်၊ အဲ့တာကို ဒကာကြီးတို့ အနေနဲ့လည်း နားလည်ပေးစေချင်တယ်၊ ဘေးမှာပြောနေတာမဟုတ်ပါဘူး၊ လက်တွေ့လာကြည့်ပါ၊ လက်တွေ့ကို ထောက်ပြပါ၊ အဲ့တာကိုပဲ နောက်ဆုံးပြောလိုပါတယ်၊ ဒါပါပဲ ဆရာတော်ပြောလိုတာကတော့။ ကောင်းပြီ။
မေး။ တင်ပါ့ဘုရား ဆရာတော်ဦးတင်ပါတယ်ဘုရား။
https://youtu.be/BvX8K_hA-tI

No comments:

Post a Comment