Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, May 14, 2015

ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပမည်ဟု သတင်းထွက်ပေါ်နေခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်။



ယခုလောလောဆယ် သတင်းထွက်ပေါ်နေသည်မှာ ပြည်ထောင်စုသားမွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံ (Union Muslims Nationwide Conference) ကို မေလ (၂၃) မှ (၂၅)အထိ သံလျင်မြို့၌ ကျင်းပမည်ဟု ကြားသိရပါသည်။ ရန်ကုန်မြို့၌လည်း ပြောင်း၍ကျင်းပမည်ဟု သတင်းထွက်နေသည်။
ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကဲ့သို့
ပြည်ထောင်စုသား ခရစ်များ ပြည်လုံးကျွတ်ညီလာခံ
ပြည်ထောင်စုသား ဟိန္ဒူများ ပြည်လုံးကျွတ်ညီလာခံ - စသည်တို့ကျင်းပဖို့ရာလည်း အပြိုင်အဆိုင်တောင်းဆိုလာနိုင် သည်။
မူရင်းမြန်မာနိုင်ငံသားများသည်ပင် ဗုဒ္ဓဘာသာများ ပြည်လုံးကျွတ်ညီလာခံ ကျင်းပဖူးခဲ့သည်မရှိပါ။ ယခုအချိန်သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆတ်ဆတ်ထိမခံ အကဲဆတ်နေသောအချိန်, ထိလွယ်ရှလွယ်ဖြစ်နေသောအချိန်လည်း ဖြစ်နေပါသည်။ ယခုလိုအချိန်အခါမျိုးမှာ ပြည်လုံးကျွတ်ဘာသာရေးညီလာခံကျင်းပခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးသို့သာ ဦးတည်သွားနိုင်သည်။ ဆန့်ကျင်ကန့်ကွက်မှုများလည်း မလွဲမသွေပေါ်ပေါက်လာနိုင်သည်။ တိုင်းပြည်မတည်မငြိမ်မှုလည်း ဖြစ်သွားနိုင်သည်။ နိုင်ငံ၏အရေးအကြီးဆုံး အကူးအပြောင်းဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲကိုပင် ထိခိုက်သွားနိုင်သည်။
ယခုညီလာခံကျင်းပဖို့လုပ်နေသည့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုး အကြမ်းဖက်များကြောင့်ပင် ကမ္ဘာ့နိုင်ငံ အသီးသီး, ဒေသအသီးသီးတို့၌ ငြိမ်းချမ်းမှုပျက်ပြားပြီး အသက်အိုးအိမ်များ စိုးရိမ်နေရသည်။ အမေရိကန်, ပြင်သစ်, ဂျာမနီ, ဗြိတိန် စသောနိုင်ငံများ၌ပင် သူတို့ဝင်ရောက်နှောက်ယှက်ကြသဖြင့် ယင်းနိုင်ငံကြီးများမှ လူပေါင်းသိန်းပေါင်းများစွာ စုဝေး ဆန့်ကျင် ကန့်ကွက်ဆန္ဒပြနေကြသည်။ မြန်မာနိုင်ငံအတွင်းမှာလည်း ဒေသအသီးသီး၌ မုဒိန်းမှု, လည်လှီးသတ်မှု-စသော သူတို့၏ လူသားမဆန် ယုတ်မာမှုများကြောင့် မြန်မာလူမျိုးများပင် အသက်အိုးအိမ်စိုးရိမ်နေကြရသည်။ အထူးအားဖြင့် မြန်မာအမျိုးသမီးများမှာ သူတို့၏မတရားပြုမူမှုကို ဆိုးဆိုးဝါးဝါးခံစားနေကြရသည်။
အဆိုပါ အခြေအနေအရပ်ရပ်တို့ကြောင့် ဗုဒ္ဓဘာသာအများစုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ ပြည် ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံ ကျင်းပဖို့ လုံးဝမသင့်ကြောင်း မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) မှ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။


ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၃၀/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ ၊ ၁၃၇၇-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊
(မေလ - ၁၄၊ ၂၀၁၅)၊ ကြာသပတေးနေ့
arkar

No comments:

Post a Comment