Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, May 29, 2015

အမေရိကန် သံအမတ်နှင့်အဖွဲ့ မဘသဗဟိုသို့ လာရောက်၍ ဆရာတော်ကြီးများနှင့် တွေ့ဆုံဆွေးနွေး






-----------------------------------------
-----------------------------------------
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သံအမတ်ဖြစ်သူ အမေရိကန် ပြန်ကြားရေး ဌာနမှူးနှင့်အဖွဲ့သည် ၂ဝ၁၅ ခုနှစ် မေလ ၂၈ ရက်နေ့ ကြာ သပတေးနေ့ နေ့လည် ၂ နာရီအချိန် ခန့်က အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)ရုံးသို့ လာရောက် ၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
မဘသ(ဗဟို)သို့ ရောက်ရှိလာခဲ့ သော အမေရိကန်သံအမတ်နှင့် အဖွဲ့ အား ဗဟိုဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသ၊ ဗဟိုအတွင်းရေး မှူးချုပ်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ တွဲ ဘက်အတွင်းရေးမှူး ၁ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ဗဟိုဦး ဆောင်ဆရာတော် ဒေါက်တာအရှင် သောပါက၊ ဦးဆောင်အဖွဲ့ဝင် ဦးအောင် မြိုင်နှင့်အဖွဲ့မှ တွေ့ဆုံလက်ခံ၍ ဘာသာ ရေးဆိုင်ရာကိစ္စများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့သည်။
မဘသ၏ လုပ်ငန်းစဉ်များကို အမေရိကန်က စိတ်ဝင်စားကြောင်းနှင့် မဘသနှင့်ပတ်သက်၍ မီဒီယာများ၏ ရေးသားဖော်ပြချက်များတွင် အထင် မှားစရာများရှိနေကြောင်း အမေရိကန် သံအမတ်က ပြောကြားခဲ့ရာ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့မှလည်း မဘသသည် အစွန်းရောက် အဖွဲ့အ စည်းမဟုတ်ကြောင်း၊ ဘာသာခြားများ နှင့် ပဋိပက္ခများ ငြိမ်းအေးဆေရန် ဖွဲ့ စည်းဆောင်ရွက်ကြောင်းတို့ကို ရှင်း လင်းဖြေကြားသွားခဲ့ကြောင်း သိရသည်။

credit to KCG
Arkar

No comments:

Post a Comment