Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, May 31, 2015

ယခုလက်ရှိ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသော လှေစီးဒုက္ခသည်အရေးနှင့် ပတ်သတ်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်။


ယခုမကြာမီ မေလ-၂၉ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့သို့ ရောက်လာသော လှေစီးဒုက္ခသည် ၇၀၀-ကျော်ကို ကယ်တင်ခဲ့သည်ဟု သိရသည်။ ပေးသင့်ကျွေးသင့်သည်များကို ပေးကျွေး၍ ပြန်လွှတ်လိုက်သည်ဟု လည်း ကြားရသည်။ သို့သော် ဟိုင်းကြီးကျွန်စသော မြန်မာ့ရေပိုင်နက်အတွင်း၌သာ ရှိသေးသည် သောင်သင် နေသေးသည်ဟုလည်း သိရသည်။

ဒုက္ခရောက်နေသူများကို ငဲ့ညှာသနား ကရုဏာစိတ်ထားရမည်မှာ သူတော်မြတ်တို့၏ စိတ်ထားပင်ဖြစ်ပါသည်။ ကရုဏာစိတ်ထားသည် မနောကံဖြစ်ပါသည်။ မနောကံထက်ကျော်လွန်ပြီး ကာယကံ, ၀စီကံမြောက် ကိုယ်ထိ လက်ရောက် သနားစောင့်ရှောက်မှုမျိုးကိုကား ကရုဏာနှင့် ထိုက်တန်သူအတွက်သာ လိုအပ်ပါသည်။

ကရုဏာနှင့်မထိုက်တန်သူများကို မနောကံထက်ကျော်လွန်ပြီး ကာယကံ, ၀စီကံမြောက် ကိုယ်ထိလက်ရောက် သနားစောင့်ရှောက်မိခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, အင်ဒိုနီးရှား, မလေးရှား, ဖိလစ်ပိုင်တောင်ပိုင်း, ထိုင်းတောင်ပိုင်း,မြန်မာနိုင်ငံ ရခိုင်ဒေသ စသည်တို့၌ အမျိုး ဘာသာ သာသနာ ပျောက် ဆုံးခဲ့ရဘူးသည်။ တလောက ရခိုင်သို့ခေါ်လာမိသော ဘင်္ဂါလီ ၂၀၀-ကျော်ကိုပင် ပြန်ပို့လို့မရဘဲ ကိုယ့်အတက် နှင့်ကိုယ်စူးနေပြီ၊ မြန်မာပြည်ဒေသအနှံ လူမျိုးရေး ဘာသာရေး ပဋိပက္ခမှန်သမျှ သနားလို့လက်ခံမိသော ဘာသာခြား, လူမျိုးခြားတို့ကြောင့်ပင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေပေပြီ၊ မြန်မာလူမျိုးများ ကိုယ့်နိုင်ငံမှာ နေထိုင်ရင်း အသက်အိုးအိမ် စည်းစိမ်မလုံခြုံမှုများ ကြုံနေရပေပြီ။ ဝေဠုကဇာတ်၊ သစ္စံကိရဇာတ်-စသော ဇာတ်တော်များ၌လည်း မနောကံထက်ကျော်လွန်ပြီး သနားစောင့်ရှောက်မိခဲ့ခြင်းကြောင့် ဒုက္ခရောက်ရပုံများ ဟောထားသည်။

ြ့မြတ်ဗုဒ္ဓကလည်း ကရုဏာထားသင့်သူများကို ကရုဏာထားဖို့ ကရုဏာနှင့် မထိုက်တန်သူများကိုတော့ ကမ္မဿကာ-သူ့ကံနှင့်သူ ရှိကြပါစေ(ကိုယ်ထိလက်ရောက် သွားမကယ်မိလေနှင့် ကိုယ်ရှူးကကိုယ့်ပြန်ပတ် တတ်သည်)ဟု ခွဲခွဲခြားခြားဟောထားသည်။

ထို့ကြောင့် တာဝန်ရှိသူအားလုံးတို့က အတိုကိုမကြည့်ဘဲ အရှည်ကိုကြည့်ကာ မနောကံဖြင့်သာ ကရုဏာထား ကြပါ။ မြွေပွေး ခါးပိုက်ပိုက်ထားရသလို မဖြစ်အောင် ကရုဏာနှင့် မထိုက်တန်သူများကို သူ့ကံနှင့်သူရှိကြပါစေ ဟု ဥပေက္ခာဗြဟ္မစိုရ်တရားလက်ကိုင်ထား၍ ရောက်ပြီးသူများကိုလည်း အမြန်ဆုံးထွက်သွားနိုင်အောင်၊ မရောက်သေးသူများကိုလည်း မြန်မာနိုင်ငံနယ်နမိတ်ထဲဝင်မလာအောင် လှေစီးဒုက္ခသည်-စသည်အရေးကို မဖြစ်မနေအမြန်ဆုံး ဖြေရှင်းပေးပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ)အဖွဲ့ကြီးက အလေးအနက် သဘောထားထုတ်ပြန်လိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၃၁/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ နယုန်လပြည့်၊
(ဇွန်လ-၁၊၂၀၁၅)၊ တနင်္လာနေ့၊
Arkar

No comments:

Post a Comment