(အရှင်တိလောကာဘိဝံသ)
သာကီသွေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆)၊
----------------------------------
----------------------------------
ဝါခေါင်လပြည့်ကျော် ၁-ရက်၊ ၁၃၇၇-ခု၊ သြဂုတ်လ ၃၁-ရက်၊ ၂၀၁၅-ခု၊ တနင်္လာနေ့သည် မြန်မာ့သမိုင်းတွင် ထူးခြားသည့်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့သမိုင်းတစ်လျှောက် မပေါ်ပေါက်ဖူးသေးသည့် အမျိုးစောင့်ဥပဒေ ၄-ရပ်လုံး စတင်အတည်ဖြစ်သော နေ့ထူးနေ့မြတ်ဖြစ်သောကြောင့်တည်း၊ မြန်မာဥပဒေပြုလွှတ်တော်ကြီး ၃-ရပ်က မဲအပြတ်အသတ်ဖြင့် အတည်ပြုပေးလိုက်သော အမျိုးစောင့်ဥပဒေကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က နောက်ဆုံးလက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် မြန်မာ့အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာပါပြီ။
ရတနာပုံခေတ်ကုန်ဆုံးသည့် မြန်မာတို့ ထီးကျိုးနန်းပျောက် ကိုလိုနီလက်အောက်ရောက်ချိန်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၁၀၀-ကျော်အတွင်း လူမျိုးခြား၊ ဘာသာခြားများနှင့် အိမ်ထောင်ပြုမိသော မြန်မာအမျိုးသမီးများသည် သူတို့ပြုသမျှ နုကြရသည်။ ဘာသာခြားများ၏ အိမ်ထောင်ခန်းဥပဒေအတိုင်း ဆုံးဖြတ်မှုကိုသာ ခံခဲ့ကြရသည်။ အထူးအားဖြင့် အစ္စလာမ် ဘာသာဝင်များနှင့် အိမ်ထောင်ပြုမိကြသော မြန်မာအမျိုးသမီးများမှာ အနစ်နာဆုံးဖြစ်ခဲ့ရသည်။ မည်သူကမျှ ၀င်ရောက် မကယ်တင်နိုင်ရှာကြ။
အမျိုးဘာသာစောင့်ဥပဒေများ
မြန်မာနိုင်ငံရှိ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာကြီး ၄-ရပ်တွင် ဗုဒ္ဓဘာသာမှ အခြားသောဘာသာ ၃-မျိုးတို့၌ -
၁။ ဘာသာတူအချင်းချင်းသာ လက်ထပ်ထိမ်းမြားရန်၊ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားမှုမပြုရန်၊
၂။ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားပါက မိမိဘာသာဘက်သို့ ပြောင်းမှသာ တရားဝင်ဖြစ်သည်။ မပြောင်းလျှင် တရားဝင်မဖြစ်။
၃။ သူတို့ဘာသာ ထုံနည်းဥပဒေအရမဟုတ်လျှင် တရားဝင်ဇနီးမယားမဟုတ်ရုံမက ပြင်းထန်သောပြစ်ဒဏ်များပင် ခံကြရသည်။
စသည်ဖြင့် သူတို့ဘာသာဆိုင်ရာ အမျိုးစောင့်ဥပဒေများရှိကြသည်။
ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ဥပဒေမျိုးမရှိ၊ မည်သည့် ဘာသာဝင်နှင့်မဆို လက်ထပ်ခွင့်ရှိကြသည်။ ၁၉၅၄-ခုနှစ် လက်ထပ်ထိမ်းမြားခြင်းဥပဒေ ထုတ်ပြန်ခဲ့သော်လည်း ဘာသာ ကာကွယ်မှုဥပဒေ လုံးဝမပါ,ပါ။ ထို့ကြောင့် မြန်မာတိုင်းရင်းသူ/သားများအပါအ၀င် ဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားမိပါက ယနေ့ အမျိုးစောင့်ဥပဒေ အသက်မ၀င်သေးသည့် အချိန်ကာလတိုင်အောင် နှစ်ပေါင်းများစွာ ဘာသာကိုးကွယ်မှု အခွင့်အရေး၊ လူမျိုး အခွင့်အရေး၊ အိမ်ထောင် အခွင့်အရေး စသည်ဆုံးရှုံးခဲ့ရလေပြီ။
ယခုတော့ မြန်မာအမျိုးသမီး/သားများအနေဖြင့် ဘာသာခြား၊ လူမျိုးခြားများနှင့် အိမ်ထောင်ပြုမိကြသောအခါ မြန်မာ့ အမျိုးစောင့်ဥပဒေ၏ အကာအကွယ်ရရှိမည်ဖြစ်၍ တစ်ဖက်သတ်အနစ်နာခံရမည် မဟုတ်တော့၊ လူငယ်လူရွယ်များသည် ချစ်ရေး၊ ကြိုက်ရေးနှင့် ကြုံတွေ့လာသောအခါ အကျိုးအကြောင်း၊ အဆိုးအကောင်း မမြင်နိုင်ကြဘဲ အလွယ်တကူ အိမ်ထောင်ရေးနယ်ပယ်ထဲသို့ ရောက်သွားမိကြသည်။ (အံ-၂၊ ၄၇၁) နောင်တစ်ချိန် ဒုက္ခရောက်သောအခါကျမှ မရှူနိုင် မကယ်နိုင်ဖြစ်ကြရသည်။ ထိုကဲ့သို့ အချစ်နယ်ကျွံမိကြသူများအတွက် ဤအမျိုးစောင့်ဥပဒေက အထိုက်အလျောက် အကာအကွယ်ပေးနိုင်ပါလိမ့်မည်။
ခြုံတတ်မှ လုံ
အမျိုးစောင့်ဥပဒေက မြန်မာလူမျိုးများအတွက် လုံခြုံအောင် အကာအကွယ်ပေးနိုင်သည်ဆိုသော်လည်း ယူတတ်မှ ရ, ခြုံတတ်မှ လုံ ဆိုသည့်အတိုင်း အချစ်နယ်မကျွံမီ (သို့မဟုတ်) အိမ်ထောင်မပြုမီ ဥပဒေ၏အကာအကွယ် ပါးပါးနပ်နပ် ရအောင်ယူတတ်ဖို့၊ လုံအောင်ခြုံတတ်ဖို့တော့ လိုပါသည်။ မသမာသူလူယုတ်မာများ၏ လှည့်ကွက်ထဲမ၀င်မိဖို့၊ မကျွံမိဖို့ သတိထားရမည် ဖြစ်ပါသည်။ ယနေ့ တစ်ကမ္ဘာလုံးတွင် ဒုက္ခပေးနေကြသော ကမ္ဘာ့အော့ကြောလန် အချို့သော ဘာသာခြား လူမျိုးခြားများသည် သူတို့လူမျိုး၊ သူတို့ဘာသာအတွက် ကြည့်ကြသည်။ ဘယ်သူသေသေ ငတေမာပြီးရော သဘောထား ကြသည်။ သူတို့သည် အခြားလူမျိုး အခြားဘာသာများကို အနုနည်းနှင့် သိမ်းသွင်းလို့ရလျှင်ရ မရလျှင် အကြမ်းနည်းဖြင့် လူမျိုးရော ဘာသာကိုပါ ၀ါးမျိုလေ့ရှိကြသည်။
အဆိုပါဝါးမျိုမှုများကြောင့် ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓဘာသာပျောက်ကွယ်ခဲ့ရချည်းသာများသည်။ သူတို့သည် အခြားလူ မျိုး၊ အခြားဘာသာများကို မျိုးမပွားရန်၊ မျိုးတုံးရန် နည်းအမျိုးမျိုးဖြင့် လုပ်လေ့ရှိကြသည်။ မုန့်ပဲသရေစာများ၌ လည်းကောင်း၊ ကွမ်းစားဆေးများ၌လည်းကောင်း၊ စသည် စသည်ဖြင့် အန္တရာယ်ပေးကြသည်ဟု ကြားသိရသည်။ သူတို့၏ မျိုးရိုးဗီဇပွားများ အောင်လည်း နည်းအမျိုးမျိုးဖြင့် ကြံဆောင်ကြသည်။ သူတို့ဘာသာဝင် သူဋ္ဌေးကြီးများ၊ အဖွဲ့အစည်းကြီးများကလည်း လိုသလောက် ပံ့ပိုးကူညီပေးနေကြသည်။
သူတို့သည် ရသည့်နည်းဖြင့် မြေကိုယူကြသည်။ လူကိုယူကြသည်။ မြန်မာအမျိုးသမီးများကို ရင်းနှီးအောင်လုပ်၍ တစ်မျိုး၊ ငွေကြေးကူညီထောက်ပံ့၍တစ်ဖုံ၊ လုပ်ငန်းကူညီထောက်ပံ့၍တသွယ်၊ အလုပ်အကိုင် ရာထူးခန့်၍တစ်နည်း စသည်စသည်ဖြင့် အမျိုးမျိုးသိမ်းသွင်းကြသည်။ သူတို့ခွင်ထဲရောက်သည်နှင့် တစ်ပြိုင်နက် လူကိုမရသည့်တိုင်အောင် ကိုယ်ဝန်မျိုးစေ့တော့ ပေးလိုက်ကြသည်။ စီးပွါးရေးနွမ်းပါး၊ အသိဉာဏ်နည်းပါးသည့် အမျိုးသမီးတော်တော်များများ သူတို့လက်တွင်း ရောက်သွားကြရသည်။ ကျောင်းသူငယ်လေးများကို ကျောင်းစရိတ်ထောက်ပံ့ပေး၍လည်း သိမ်းသွင်းကြ သည်။ စီးပွားရေးနွမ်းပါး၊ အသိဉာဏ်နည်းပါးသည့် အမျိုးသမီးများကိုမဆိုထားဘိ ဆရာဝန်အမျိုးသမီးများ၊ ပညာတတ်အမျိုး သမီးများ၊ ၀န်ကြီး၊ ဗိုလ်ချုပ် စသောဂုဏ်သရေရှိ သားသမီးများသည်ပင် သူတို့လက်တွင်းကျရောက်နေကြသည်မှာ ဒုနှင့်ဒေးပင် ဖြစ်သည်။
နိုင်ငံတော်ဘာသာ ဥပဒေကဲ့သို့ မဖြစ်စေရန်
၁၉၆၁-ခုနှစ်၊ သြဂုတ်လ ၂၆-ရက်၊ ၀ါခေါင်လပြည့်နေ့၌ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် ၂-ရပ်စုံညီအစည်း အဝေး၌ ထောက်ခံမဲ ၃၂၄-မဲ၊ ကန့်ကွက်မဲ ၂၈-မဲဖြင့် သမ္မတကြီးလက်မှတ်ရေးထိုးလျှက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ခဲ့ဖူးပါသည်။ သို့သော် ၁၉၆၂-ခုနှစ် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံတော်ဘာသာဥပဒေကို နိုင်ငံတော်အစိုးရများမှ တရားဝင်ခွင့်ပြုထားခြင်း မရှိတော့ပါ။ အမျိုးစောင့်ဥပဒေလည်း ထိုကဲ့သို့မဖြစ်စေရန် အထူးသတိပြုဖို့ လိုအပ်သည်။ အမျိုးစောင့်ဥပဒေ လွှတ်တော်သို့တင်သွင်းရာ၌ မထောက်ခံသူ ကန့်ကွက်သူများ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရသွားပါက မြန်မာ့အမျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြမည်မှာ မလွဲပေ။ ထို့ကြောင့် အမျိုးစောင့်ဥပဒေ ဖျက်မည့်သူများကို ရှောင်ကွင်း၍ အမျိုးစောင့်ဥပဒေကာကွယ်မည့်သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိကလိုအပ်ပါသည်။
ယခုပေါ်ပေါက်ခဲ့သော အမျိုးစောင့်ဥပဒေမျိုး နောင်မည်သည့်နည်းနှင့်မျှ ပေါ်ပေါက်ဖို့မလွယ်ကူပေ။ အမျိုးစောင့် ဥပဒေမရှိလျှင် အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံတို့ကဲ့သို့ ဗုဒ္ဓဘာသာမြန်မာပြည်မှာ မကြာမီပျောက်ကွယ်သွားတော့မည်။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာမပျောက်ကွယ်နိုင်ပါဟု ထင်မနေကြနှင့်၊ သွေးအေးနေလျှင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည် ဆိုသည့်အတိုင်း သွေးအေးမနေသင့်ကြတော့ပြီ။
အို … မြန်မာလူမျိုးများတို့ -
၁။ တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံးပြုပြင်ပြောင်းလဲပေးနိုင်မည့်သူများ၊ ပါတီများ မြောက်မြားစွာရှိနေ ပါသည်။
၂။ ပြည်သူလူထုအတွက်ပြောပြီး ခဲခဲယဉ်းယဉ်းရထားသော အမျိုးစောင့်ဥပဒေဖျက်မည့်သူများ၊ ဘာသာခြား၊ လူမျိုးခြားများအတွက် လုပ်ပေးနေသူ ဒေါ်လာစားများ၊ တိုင်းပြည်နှင့်လူမျိုးဖျက်ဖို့ ဘာသာခြား၊ လူမျိုးခြားများက ဘွဲ့ထူး၊ ဂုဏ်ထူးအပေးခံရသူများ၊ အာဏာမရမီကပင် အာဏာရှင်လုပ်ရပ်လုပ်နေသူများကို သိထားမြင်ထားဖို့ လိုနေပေပြီ။ ထိုသူ များကို ရှောင်ရှားဖို့၊ ကိုယ်စားလှယ်မရွေးဖို့ အရေးတကြီးလိုနေပေပြီ။
ရရှိထားသောအခွင့်အရေးဖြစ်သည့် အမျိုးစောင့်ဥပဒေကို လက်မလွတ်ရန် ကာကွယ်ဖို့လိုအပ်သလို ထိုအမျိုးစောင့် ဥပဒေခြုံစောင်ဖြင့် လုံအောင်ခြုံတတ်ဖို့ အရေးကြီးကြောင်းတင်ပြရင်း ခြုံတတ်မှ လုံ ဟူသော ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။ ။
ဝါခေါင်လပြည့်ကျော် ၈-ရက်၊ ၁၃၇၇-ခု၊ အရှင်တိလောကာဘိဝံသ (အင်းစိန်)
(စက်တင်ဘာလ -၇၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။
No comments:
Post a Comment