Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, September 23, 2015

NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို မဘသအဖွဲ့က နှောက်ယှက်လျက်ရှိကြောင်း သတင်းများ ပြန့်နှံ့နေမှုအပေါ် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်



သဘောထားထုတ်ပြန် ကြေညာချက်

မဘသအဖွဲ့ကြီးသည်-

၁။ အမျိုးသားရေး, ဘာသာရေး, သာသနာရေးများကိုသာ ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

၂။ မည်သည့်အစိုးရ, မည်သည့်ပါတီ, မည်သည့်ပုဂ္ဂိုလ်၏ သြဇာခံ နောက်လိုက်မဟုတ်ပါ။

၃။ အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။

၎။ တိုင်းပြည်နှင့်လူမျိုး, အမျိုး ဘာသာ သာသနာ ဖျက်ဆီးနေသည့် ဖျက်ဆီးနိုင်သည့် အန္တရာယ်များကို လည်း အခြားပုဂ္ဂိုလ်ရေး, ပါတီရေး, မည်သူ့မျက်နှာကိုမျှ မထောက်ညှာဘဲ ဓမ္မဓိဌာန်ကျကျ တွန်းလှန်ဖယ်ရှားသွားမည်သာဖြစ်ပါသည်။ သူ့တာဝန်သူထမ်းနေသည့် ရထားနှင့် ရထားလမ်းပမာ ကိုယ် အနေ-မတက်၍ ဓမ္မစက်ဝါးမျိုခံရခြင်း, အကြိတ်ခံရခြင်းသည် ဓမ္မစက်၏ တာဝန်မဟုတ်ပါ။
ဓမ္မစက်သဘောသည် သူ့အလုပ်သူလုပ်နေမည်သာ ဖြစ်သည်။

၅။ မဘသအဖွဲ့ကြီးမှ မည်သည့်ပါတီ, မည်သည့်ပုဂ္ဂိုလ်ကိုမျှ ပုဂ္ဂလဓိဋ္ဌာန် နှောက်ယှက်ခြင်း, တိုက်ခိုက်ခြင်း လုံးဝ မရှိပါ။ (အချို့သော သူများ၏ ပုဂ္ဂိုလ်ရေးအရ ပြောဆိုခြင်းသည် မဘသအဖွဲ့ကြီးနှင့် မဆိုင်ပါ)

NLD ပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးက-

NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)က နှောက်ယှက်လျက်ရှိကြောင်း

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟို အောင်နိုင်ရေးရုံးတွင် စက်တင်ဘာလ ၂၁-ရက်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းများ ပြန့်နှံ့နေပါသည်။

အဆိုပါပြောကြားချက် အမှန်ဖြစ်ပါက-

(က) NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်မဲ့ လက်လွတ်စပယ် ပြောကြားမှုမျိုး ဖြစ်သည်ဟုလည်းကောင်း၊

(ခ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ရပ်ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရပ်ဖြစ်သည်ဟုလည်းကောင်း၊

မှတ်ယူကြောင်း မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်လိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၄၀/စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တော်သလင်းလဆန်း(၁၀)ရက်
(စက်တင်ဘာ ၂၃-ရက်၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့။
Arkar

No comments:

Post a Comment