Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, September 21, 2015

နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ ဖိတ်ကြားခြင်း


******************************************
*******************************************
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှ ဦးဆောင်တောင်းဆို၍ုပြည်သူများလိုလားတောင်းတချက်နှင့်အတူ နိုင်ငံတော်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေ ၄-ရပ်လုံး ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် မပေါ်ပေါက်ဖူးသေးဘဲ ယနေ့ခေတ်အချိန်ကျမှ အောင်မြင်စွာ ပေါ်ထွက်လနိုင်ခဲ့သည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့၌ ဂုဏ်ပြုကြိုဆိုပွဲများ ကျင်းပလျက်ရှိနေပါသည်။
နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကြီးကို အောက်ပါအစီအစဉ်အတိုင်း ခြိမ့်ခြိမ့်သဲကျင်းပလိုပါသောကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၊ မြို့နယ်တိုက်နယ်အသီးသီးရှိ မဘသဦးဆောင်ဆရာတော်များနှင့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်း, ရှင်, သီလရှင်, ဒကာ, ဒကာမ မည်သူမဆို အားပေးဂုဏ်ယူသောအားဖြင့် တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ပင့်လျှောက်/ဖိတ်ကြား အပ်ပါသည်။
နေ့ရက်- တော်သလင်းလပြည့်၊ ၁၃၇၇၊ (စက်တင်ဘာ ၂၈၊ ၂၀၁၅) တနင်္လာနေ့။
အချိန်- နေ့လယ် ၂း၀၀-နာရီ။
နေရာ- MCC-ခန်းမ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
မှတ်ချက်။ ။ မိမိတို့အစီအစဉ်ဖြင့် ကြွရောက်ကြပါရန်။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
Arkar

No comments:

Post a Comment