Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, September 6, 2015

အမျိုးစောင့်ဥပဒေအောင်ပွဲများ၊ ကြိုဆိုထောက်ခံပွဲများ၊ ကျေးဇူးတင်ထိုက်သူများအား ကျေးဇူးတင်ဂုဏ်ပြုပွဲများ ပြုလုပ်ရာတွင် စနစိတကျ သေသေ၀ပ်ဝပ် မိမိ သူတစ်ပါး ၂-ဦးသား ထိခိုက်နစ်နာမှုမရှိစေရန် မဘသအဖွဲ့ကြီး(ဗဟို)မှ အသိပေးညွှန်ကြားချက် အမှတ်(၈) အားထုတ်ပြန်

“မ.ဘ.သ(ဗဟို)၏အသိပေးညွှန်ကြားချက်(၈)”
*************************************
ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်-အပါအဝင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်ခဲ့သော မြန်မာနိုင်ငံ၌ မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများအတွက် အိမ်ထောင်ခန်းဆိုင်ရာ စနစ်တကျ လုံလောက်သည့် ဥပဒေအကာအကွယ် မရှိခဲ့ခြင်းကြောင့် အိမ်ထောင်ခန်းဆိုင်ရာပဋိပက္ခများ ဖြစ်ပေါ်လာသောအခါတိုင်း ခေတ်အဆက်ဆက်မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများ နစ်နာဆုံးရှုံးခဲ့ရပါသည်၊ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း၌ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ မကြာမကြာ ဖြစ်ပေါ်ခဲ့ရပါသည်။


ထိုကဲ့သို့ ပဋိပက္ခများ မဖြစ်စေရန်နှင့် မြန်မာ့တိုင်းရင်းသူတိုင်းရင်းသားများ နစ်နာဆုံးရှုံးမှုမရှိစေရန် အခြားဘာသာများ၌ ဥပဒေအကာအကွယ်ရှိသည့်နည်းတူ မြန်မာ့တိုင်းရင်းသူတိုင်းရင်းသားများအတွက် လုံလောက်သည့် ဥပဒေအကာအကွယ် မရှိမဖြစ် လိုအပ်သောကြောင့် မြန်မာနိုင်ငံ အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်းရှင်လူ ပြည်သူများက အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်တွန်းတောင်းဆိုခဲ့ပါသည်၊ ထိုတိုက်တွန်းတောင်းဆိုချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တာ် ၃-ရပ်လုံးက အများစုမဲဆန္ဒဖြင့် ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေကို နိုင်ငံတော် သမ္မတကြီးကလည်း လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါသည်။
ယခုအခါ ရဟန်းရှင်လူ ပြည်သူအများလိုလားသည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာပြီဖြစ်ပါ၍ ထိုအမျိုး စောင့်ဥပဒေ အောင်ပွဲများ ကြိုဆိုထောက်ခံပွဲများ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ဂုဏ်ပြုပွဲများ မလွဲမသွေ လုပ်ကြရမည်ဖြစ်ပါသည်၊ အဆိုပါပွဲများ ကျင်းပပြုလုပ်သောအခါ-

၁။ အရပ်ထဲ လှည့်လည်၍ လမ်းလျှောက်ခြင်း၊ ကြွေးကြော်ခြင်း-စသည်တို့သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သောကြောင့် အခမ်းအနားကျင်းပမည့်နေရာ၌ စည်းကမ်းတကျ ထိထိရောက်ရောက် ပီပီပြင်ပြင် အနှစ်သာရရှိရှိ ကျင်းပခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၂။ မလွှဲသာလို့ အပြင်ဘက်ထွက်လျှင်လည်း တာဝန်ရှိသူများ၏ ခွင့်ပြုချက်နှင့်အညီ စနစ်တကျ သေသေဝပ်ဝပ် မိမိသူတစ်ပါး ၂-ဦးသား ထိခိုက်နစ်နာမှုမရှိအောင် ကျင်းပဖို့လည်း လိုပါသည်။
အခမ်းအနားကျင်းပသူများ ထိုကဲ့သို့ဖြစ်အောင် ကျင်းပကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီး(ဗဟို)က အသိပေးညွှန်ကြားလိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မ.ဘ.သအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။Arkar

No comments:

Post a Comment