Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, September 6, 2015

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကျင်းပသွားရန် မဘသ(ဗဟို)စီစဉ်ထား


မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံ ငြိမ်းငြိမ်းချမ်း ချမ်း ချစ်ကြည်ရင်းနှီးစွာနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတစ်ရပ် ဖိတ်ခေါ်ကျင်းပသွားရန် စီစဉ်ထားကြောင်း မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသမှ မိန့်ကြားလိုက်သည်။
မြန်မာနိုင်ငံမှာ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ် အစရှိသည့် ဘာသာကြီး ၄ ရပ်အ ပါအဝင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည့်အလျောက် မလိုလားအပ်သည့် ဘာသာရေး၊ လူမျိုးရေးပြဿနာအချို့ ဖြစ်ပွားခဲ့ဖူးပြီး ဘာသာတစ်ခုနှင့် တစ်ခုကြား အထင်အ မြင်လွဲမှားမှုများ၊ သံသယများ၊ စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်။ အဆိုပါအခြေအနေများ ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ချစ်ကြည်ငြိမ်း ချမ်းစွာ လက်တွဲနေထိုင်သွားရန်အတွက် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း အဖြေရှာကြရန် လိုအပ်လာသောကြောင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား အခါအားလျော်စွာ ကျင်းပသွားရန် မဘသ(ဗဟို)မှ စီစဉ်ထားခြင်းဖြစ်သည်။

ဗဟိုဥက္ကဋ္ဌဆရာတော်ကြီးက 'မြန်မာနိုင်ငံဟာ ဘာသာကြီး ၄ ရပ်အပါအဝင် ဘာသာ ပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်သည့်အလျောက် ဘာသာတစ်ခုနဲ့ တစ်ခုကြား အထင် အမြင်လွဲမှားမှုတွေ၊ သံသယပွားမှုတွေ ရှိနေတာကို ဆရာတော်တို့ တွေ့ရပါတယ်။ ဒီနိုင်ငံအတွင်း မှာ နေထိုင်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ဟာ မလွဲမသွေ လိုအပ်ပါတယ်။ ဒါကြောင့် မဘသ(ဗဟို)အနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင် တဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပဖို့ ဆရာတော်တို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဆွေးနွေး ပွဲကို အခါအားလျော်စွာ ကျင်းပဖို့ရှိနေပြီး ဒါဟာလည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပဋိပက္ခတွေမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်စေချင်တဲ့ မဘသရဲ့ စေတနာကြောင့်ပါ'ဟု ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က မိန့်ကြားသွားခဲ့သည်။
မဘသ(ဗဟို)အနေဖြင့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများကို ဆက်သွယ်သွားရန် စီစဉ်ထားပြီး
ဆွေးနွေး ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီရက်ပိုင်းများအတွင်း ကြေငြာသွား နိုင်ရန် မျှော်လင့်ထားကြောင်း ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Arkar

No comments:

Post a Comment