Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, November 4, 2015

မဘသအဖွဲ့ကြီး(ဗဟို)မှ မဘသ၏ ဦးတည်ချက်၊ ခံယူချက်၊ လက်တလော ဆောင်ရွက်ချက်များ၊ ပြုပြင်ပြောင်းလဲနေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်ရပ်အား မဘသဗဟို ရုံး ထုတ်ပြန်ကြေညာစာအမှတ် ၀၀၄၃ ဖြင့် နိုဝင်ဘာ ၄ရက်နေ့ ညနေ၅း၀၀ တွင် ထုတ်ပြန်ကြေညာ အများပြည်သူဖတ်ရှုလေ့လာနိုင်ပါရန် မေတ္တာဖြင့် ဖော်ပြပါသည်..




သဘောထားထုတ်ပြန်ချက်

မဘသအဖွဲ့ကြီးသည် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက်ကိုသာ ဦးတည်ချက်ထား၍ ဆောင်ရွက်နေသော အဖွဲ့ကြီးဖြစ်သည်၊ အာဏာရယူရေးအတွက်, လူတစ်စု သို့မဟုတ် ပါတီတစ်ခုခု ကောင်းစားရေးအတွက် ဆောင်ရွက်နေခြင်းမဟုတ်ပါ။

------
အမျိုးစောင့်ဥပဒေအပါအ၀င် မဘသဆောင်ရွက်ချက်မှန်သမျှသည် အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာတည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်၍ အမျိုးစောင့်ဥပဒေအပါအ၀င် မဘသလုပ်ရပ်မှန်သမျှကို နှောက်ယှက်သူ, ဟန့်တားသူမှန်သမျှသည်လည်း အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာဖျက်ဆီးမည့်သူများဖြစ်၍ ယင်းသည့် ပုဂ္ဂိုလ်, ပါတီများကို ကန့်ကွက်လည်း ကန့်ကွက်ပါသည်၊ အားမပေးဘဲ ရှောင်ရှားရန်လည်း ရဟန်းရှင်လူပြည်သူအားလုံးတို့အား တိုက်တွန်းပါသည်။(အဖျက်လုပ်ငန်း, အဖျက်သမားများကိုအားပေးလျှင် မိမိလည်း အဖျက်သမားဖြစ်သွားမည်၊ အပြုလုပ်ငန်း, အပြုသမားကို အားပေးလျှင် မိမိလည်း အပြုသမားဖြစ်သွားမည်)
---
ထို့အပြင် မဘသအဖွဲ့ကြီးအပေါ် ထင်ယောင်ထင်မှားဖြစ်စေမည့် အခြေအမြစ်ခိုင်မာမှုမရှိသော သတင်းများကို ရေသားဖော်ပြကြသည့် လူမှုကွန်ယက်များ, အွန်လိုင်း/ပုံနှိပ် သတင်းဌာနများ၏ စွမ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခြင်းမပြုပါလျှင် မည်သူမဆို ဥပဒေ၏အဆုံးအဖြတ်ကို ခံရမည်ဖြစ်ကြောင်း အလေးအနက် သိစေအပ်ပါသည်၊ မဘသအဖွဲ့နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်အချို့, ဒေသအချို့တို့၏ သူတို့ကိုယ် ပိုင် ပြောကြားချက်များသည် မဘသအဖွဲ့ကြီး(ဗဟို)၏ သဘောထားမဟုတ်ကြောင်းကိုလည်း ထပ်မံ သိစေအပ် ပါသည်။
---
မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံးကောင်းစားရေး အမျိုးသားရေးလက္ခဏာမပျောက်ပျက်သော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်၊ ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါဟုလည်း မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြုတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်၊ ၀၀၄၃၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇-ရက်၊
(နိုဝင်ဘာလ ၄-ရက်၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့
--
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

No comments:

Post a Comment