Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, October 7, 2014

၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို) ၀န်ထမ်းများစုပေါင်းပြီး ရွာမဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့ပွဲ ကျင်းပ။





၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို) ၀န်ထမ်းများစုပေါင်းပြီး
ရွာမဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။
သီတင်းကျွတ်ပူဇာအဖြစ် ကန်တော့ခဲ့ကြတဲ့ မဘသ၀န်ထမ်းများကို
“သီတင်းကျွတ်ပြီမို့ ပြောင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်ဘုရားကြီးက
အဖိုးတန် သြ၀ါဒစကား မိန့်ကြားပေးတော်မူခဲ့ပါတယ်။
ဝါတွင်းကာလမှ သီတင်းကျွတ်သွားတဲ့အချိန် အပြောင်းအလဲတစ်ခုမှာ ၀န်ထမ်းများအနေနဲ့လည်း ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခုဆီကို ချီတက်ရင်း
အမျိုး ဘာသာ သာသနာအတွက် စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်တွေဖြစ်ဖို့ ကြိုးစားသွားရမယ့်အကြောင်း ဆရာတော်ဘုရားကြီးက ဆုံးမသွားတော်မူခဲ့တာပါ။
ဒီလိုဆုံးမတဲ့နေရာမှာ ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို ကိုးကားရှင်းပြရင်းနဲ့ မိန့်ကြားတော်မူသွားခဲ့တဲ့အတွက် မဘသ၀န်ထမ်းများအားလုံး သာဓုအနုမောဒနာ ခေါ်ခဲ့ကြရပါတယ်။

မင်းအိမ်ရွှဲစို အမိုးယိုသော်
မညိုသင့်ပါ မင်းတက်ဖာပေါ့။
အကာအခင်း ပျက်ပြိုယွင်းသော်
မငြင်းစေချင် မင်းဆက်ပြင်ပေါ့။
အခွင်အနဲ့ အရွဲ့အစောင်း
မကောင်းမပြေ ဟေင်းထွေထွေကို
အခြေနှင့်မျှ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။
ဆိုတဲ့ ဆရာဇော်ဂျီရဲ့ တိုက်တွန်းကဗျာလေးကို ရွတ်ဆိုကိုးကားပြီး သြ၀ါဒပေးတော်မူခဲ့တဲ့
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို
ရုံးဝန်ထမ်းများအားလုံး ခြေတော်စုံဦးခိုက်ပြီး ရှိခိုးကန်တော့လိုက်ရပါသည်
ဆရာတော်အရှင်မြတ်ကြီးဘုရား။ ။

No comments:

Post a Comment