Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, October 30, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)အဖွဲ့၏ ဒေသအသီးသီးရှိ မဘသအဖွဲ့များသို့ အသိပေးညွှန်ကြားချက် အမှတ် (၆)







အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)အဖွဲ့၏
ဒေသအသီးသီးရှိ မဘသအဖွဲ့များသို့
အသိပေးညွှန်ကြားချက် အမှတ် (၆)

ရက်စွဲ-တန်ဆောင်မုန်းလဆန်း၈-ရက်၊ ၁၃၇၆-ခု၊ (အောက်တိုဘာလ၃၀၊ ၂၀၁၄) ကြာသပတေးနေ့။

အကြောင်းအရာ ။ ။ အသိပေးညွှန်ကြားချက်

ဖ်ာပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ ယနေ့မြန်မာနိုင်ငံတော် တွင် ဗုဒ္ဓဘာသာဝင်လူဦးရေ များပြားနေချိန်၌ပင် ဘာသာခြား၊ လူမျိုးခြားများ၏ မတရား လွှမ်းမိုးမှုများကြောင့် မြန်မာအမျိုးသမီးများ၏ နစ်နာဆုံးရှုံးမှုကို အကာ အကွယ်မပေးနိုင်သည်က များပါသည်၊ ဒါဟာ အမျိုးစောင့်ဥပဒေတစ်ရပ် ခိုင်ခိုင် မာမာမရှိခဲ့ခြင်း၏ အကျိုးဆက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အခြားဘာသာကြီးများ မှာရှိနေသလို မိမိတို့အတွက်လည်း အမျိုးစောင့်ဥပဒေ အတည်ဖြစ်သွားဖို့ အမြန် ဆုံး လိုအပ်နေပါသည်။
ယခုအခါ မြန်မာပြည်အနှံ့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ လည်း အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆို ဆန္ဒဖော်ထုတ် ပွဲများ ကျင်းပဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ သို့သော် ယခု ရန်ကုန်၊ မန္တလေး နှစ်ဋ္ဌာန ဆန္ဒထုတ်ဖော်ပွဲများ၌ပင် အမျိုးစောင့်ဥပဒေကို ရဟန်း၊ ရှင်၊ လူ အများအပြား လိုလားနေကြောင်း ထင်ရှားပါသည်။
ထို့ကြောင့် အဆိုပါ ရန်ကုန်၊ မန္တလေး နှစ်ပွဲမျှဖြင့်ပင် လုံလောက် သလောက် ဖြစ်နေ၍ နိုဝင်ဘာလ တစ်လလောက် ခေတ္တစောင့်ကြည့်ဖို့ လိုအပ် ပါသည်။ နိုဝင်ဘာလကုန်သည့်တိုင်အောင် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး မပေါ်ပေါက်လျှင် နောက်ပိုင်းကာလများကြမှသာလျှင် ဆန္ဒထုတ်ဖော်ပွဲများ မြန်မာပြည်အနှံ့ ဆက်လက်ပြုလုပ်သွားကြဖို့ အသိပေး ညွှန်ကြားအပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment