Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 4, 2016

ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံ Niceမြို့ အကြမ်းဖက်တိုက်ခိုက်မှုအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်း အကြမ်းဖက်မှု၌ ထိခိုက်သေဆုံးမှုများအား ၎င်း တို့၏ မိသားစုမျာနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း သဘောထားထုတ်ပြန်ချက်တစ်ရပ်အား ကြေညာ




18.july 2016
သဘောထားထုတ်ပြန်ချက်

ဇူလိုင် ၁၄၊ ၂၀၁၆-ခု၊ကြာသပတေးနေ့ည ပြင်သစ်နိုင်ငံ Nice မြို့တွင် Bastille day (အမျိုးသားနေ့ပွဲတော်) ကျင်းပပြုလုပ်နေသည့် လူအုပ်အတွင်းသို့ အသက် ၃၁-နှစ်အရွယ် တူနီးရှားနွယ်ဖွား ပြင်သစ်နိုင်ငံသား Mohamed Lahouaiej Bouhlel ဆိုသူက ထရပ်ကားကို ရည်ရွယ်ချက်ရှိရှိ အရှိန်ပြင်းပြင်း မောင်းနှင်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအ၀င် အပြစ်မဲ့ပြည်သူ ၈၄-ဦး သေဆုံးပြီး ၂၀၂-ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၁၅၊ ၂၀၁၆-ခု၊ သောကြာနေ့ထုတ် The New York Times သတင်းစာ၌ ဖော်ပြထားသည်။

(၁) ထိုအဖြစ်အပျက်၌ သေဆုံးသွားသူ၊ ထိခိုက်ဒဏ်ရာရရှိသူများ၏ နစ်နာဆုံးရှုံးမှုများကို ၄င်းတို့၏ မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း၊

(၂) အဆိုပါ ရက်စက်ယုတ်မာမှုကို ကိုယ်တိုင်လုပ်ဆောင်သူ၊ ပါဝင်ပတ်သက်သူများသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း၊


တကမ္ဘာလုံးရှိ ယဉ်ကျေးသော လူ့အခွင့်အရေးမြတ်နိုးသူများနှင့်တကွ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က သဘောထားထုတ်ပြန်လိုက်သည်။

ဥက္ကဋ္ဌဆရာတော်(ကိုယ်စား)
ဒေါက်တာအရှင်သောပါက
ဗဟိုဦးဆောင်ဆရာတော်
မဘသ(ဗဟို)

စာအမှတ်၊ ၀၀၁၀/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါဆိုလဆန်း ၁၄-ရက်
(ဇူလိုင်လ ၁၈-ရက်၊ ၂၀၁၆)၊ တနင်္လာနေ့

Arkar

No comments:

Post a Comment