Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 4, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား IS အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ရန် ကြေညာချက်အပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်




သဘောထားထုတ်ပြန်ချက်

Is အဖွဲ့က လုပ်ကြံသတ်ဖြတ်မည့် လူစာရင်းထဲမှာ နိုင်ငံအချို့၏ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေကြောင်း တရုတ်နိုင်ငံထုတ်သတင်းစာတွင် ပုံနှင့်တကွ ဖော်ပြထားရှိပါသည်။ မလေးရှားနိုင်ငံရဲစခန်းသို့လည်း ယင်းသို့ခြိမ်းခြောက်စာပေးပို့ကြောင်း စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ၌ ဖော်ပြထားရှိပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းချက်များကို (၄.၈.၂၀၁၆) ကြာသပတေးနေ့ထုတ် စံတော်ချိန်၊ ဒီမိုကရေစီတူဒေး-စသော ပြည်တွင်းသတင်းစာများ၌လည်း ဖော်ပြထားသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသားအပေါ် ကျရောက်လာမည့် အဆိုပါအန္တရာယ်များကို ကာကွယ်တားဆီးရမည့် အရေးမှာ မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် အဆိုပါ အကြမ်းဖက်မှုမျိုးကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကလည်း ၀ိုင်းဝန်းကန့်ကွက် ရှုတ်ချပေးဖို့လိုကြောင်း မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး မ.ဘ.သ(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၁၂၊ စီမံ-မဘသ၊ ၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါခေါင်လဆန်း ၁-ရက်
သြဂုတ်လ ၄-ရက်၊ ၂၀၁၆၊ ကြာသပတေးနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

(Arkar)

Arkar

No comments:

Post a Comment