Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 4, 2016

မဘသဗဟို၏ ဦးတည်ချက် ရည်ရွယ်ချက် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားကြရန်နှင့် လုပ်ဆောင်ပီး/ဆောက်ရွက်ဆဲ လုပ်ငန်းစဉ်များအားလည်း ရဟန်းရှင်လူ အများပြည်သူ သိရှိနားလည်နိုင်စေရန် ဟောပြောဖြန့်ချိသွားရန် အသိပေးညွှန်ကြားချက် အမှတ်စဉ်( ၁၄ ) အားထုတ်ပြန်ကြေညာ



အသိပေးညွှန်ကြားချက်
အမှတ်စဉ်(၁၄)

မဘသအဖွဲ့ကြီးသည် မြန်မာနိုင်ငံ၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအကျိုးကို စွမ်းနိုင်သလောက် ဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသော အမျိုးသားရေး, ဘာသာရေး, သာသနာရေးအဖွဲ့သာဖြစ်သည်။

မဘသ၏ ဦးတည်ချက်, ရည်ရွယ်ချက်, လုပ်ငန်းစဉ်များတွင်-

၁။ တိုင်းပြည်၌ ဖြစ်ပေါ်လာတတ်သော ရေဘေး, မီးဘေး, လေဘေးစသော သဘာဝဘေးဒဏ်သင့် တိုင်းသူ ပြည်သားများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ၊

၂။ ယဉ်ကျေးမှု, အသိပညာ အတတ်ပညာ တိုးတက်စေမှုစသော သင်တန်းများ ပို့ချသင်ကြားပေးမှုများ၊
စသော တိုင်းပြည်အတွက် လိုအပ်သည့် အကျိုးပြုလုပ်ငန်းများကို စွမ်းနိုင်သလောက် ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ပြီး, ဆောင်ရွက်ဆဲ ဖြစ်ရုံမက ဆက်လက်ပြီးတော့လည်း ဆောင်ရွက်ကြရန်၊


၃။ မိမိတို့ မဘသအဖွဲ့အစည်းအသီးသီး၏ တိုင်းပြု ပြည်ပြု သာသနာပြု ပရဟိတလုပ်ငန်းများ, ကယ်ဆယ်ရေးလုပ်ငန်းများ, ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်ဆင့်ကို အများသိရှိနားလည်နိုင်ဖို့, ကြည်ညိုသဒ္ဓါပွားနိုင်ဖို့, သတင်းများ စဉ်ဆက်မပြတ် ဟောပြောရေးသား ဖြန့်ချိကြရန်၊

ထို့အပြင်-

၎။ ထိလွယ်, ရှလွယ်သည့် ဘာသာရေး, လူမျိုးရေးနှင့် သက်ဆိုင်သည့် ပဋိပက္ခများ၌ သွေးထိုးလှုံ့ဆော်မှုများ, လုပ်ကြံဖန်တီးမှုများ ရှိလာနိုင်သည်ကို အထူးသတိထားရှောင်ရှားကြရန်၊

မြန်မာပြည်တစ်ဝှမ်းရှိ မဘသအဖွဲ့များအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ အသိပေးညွှန်ကြားလိုက်သည်။

စာအမှတ် ၊ ဝဝ၁၄/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၁၃၇၈ခု ဝါဆိုလဆန်း ၁၃ရက်
ဇူလိုင်လ ၁၇ ရက် ၂၀၁၆ တနင်္ဂနွေနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

No comments:

Post a Comment