Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, August 4, 2016

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသမလိုအပ်တော့ပါဘူးဟု ပြောကြားချက်အပေါ်မဘသ(ဗဟို)၏ ၂၀၁၆-ဇူလိုင်လအတွင်း နှစ်ကြိမ်မြောက်ပြုလုပ်သည့် လပတ်အထူးအစည်းအဝေးကြီး၏ အသိပေးညွှန်ကြားချက်





အသိပေးညွှန်ကြားချက်
အမှတ်စဉ်(၁၂)


၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးသည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအလုပ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်ပါသည်။ ယင်းမဘသအဖွဲ့ကြီးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စင်္ကာပူနှင့်ရန်ကုန် လေဆိပ်တို့၌ ''မဘသ မလိုအပ်တော့ပါဘူး'' ဟုပြောကြားခဲ့သည်။

၂။ အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ မဘသ (ဗဟို)ဦးဆောင်ဆရာတော်များသည် (၇.၇.၂ဝ၁၆)နေ့တွင် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၌ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကြီးမှ ဦးဖြိုးမင်း သိန်းစကားနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မတ, နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ မေတ္တာ ရပ်ခံလွှာပေးပို့ခဲ့ပါသည်။

၃။ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဇူလိုင် ၉-ရက်ကကျင်းပသည့် မိတ်ဆုံညစာစားပွဲ အခမ်းအနားတွင် ဦးဖြိုးမင်း သိန်း၏ ပြောကြားချက်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ''တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ သူရဲ့အယူအဆတစ်ခုကို ထုတ်ဖော်ပြောဆိုတာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြား သဘောထားမှတ်ချက်ပေးစရာ မရှိပါဘူး''ဟု ပြောကြားခဲ့ပါသည်။
၎။ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ စကားအရ ''မဘသ မလိုအပ်တော့ပါဘူး''ဟူသော ဦးဖြိုးမင်းသိန်း၏ စကားသည် သူ၏ ''သဘောထားမှတ်ချက်'' သာဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ''သဘောထားမူဝါဒ''မဟုတ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏ စကားနှင့်ပတ်သက်ပြီး အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘော တရားအရ သူ၏ လွတ်လပ်စွာပြောဆိုခြင်းမျှ ဖြစ်သည်ဟုသာ မှတ်ယူရမည်ဖြစ်သည်။

၅။ မဘသအဖွဲ့ကြီးသည် သံဃာတော်အရှင်သူမြတ်များသာ သီးသန့်ဖွဲ့စည်းထားသည့် ''သံဃအဖွဲ့အစည်း'' မဟုတ်ပါ၊ အမျိုးသားရေး, ဘာသာရေး, သာသနာရေးဆိုင်ရာ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ စိတ်တူကိုယ်တူ စုပေါင်းဖွဲ့စည်းထားသည့် ''သာသနာပြုအဖွဲ့အစည်းကြီး''ဖြစ်သည်။

၆။ မြန်မာပြည်တဝှမ်းရှိ ''မဘသအဖွဲ့များ''အနေဖြင့် ''လောကအေးချမ်း မဘသ မေတ္တာလွှမ်း'' ဟူသော ဆောင်ပုဒ် နှင့်အညီ ရဟန်းရှင်လူ ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းကြစေရန်အတွက် ဆန္ဒဖော်ထုတ်ခြင်း, ဆန္ဒ္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး ဘာသာ သာသနာပြု လုပ်ငန်းများကို မေတ္တာရှေ့ထားပြီး အေးအေးချမ်းချမ်း ဆက်လက်ဆောင်ရွက်ကြဖို့ရန် အသိပေးညွှန်ကြားလိုက်သည်။

ဥက္ကဋ္ဌဆရာတော် (ကိုယ်စား)
ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ
ရွှေရတုတိပိဋကဆရာတော်
မဘသ(ဗဟို)

စာအမှတ် ၊ ဝဝ၁၂/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၊ ၁၃၇၈-ခု၊ ဝါဆိုလဆန်း (၈)ရက်
(ဇူလိုင်လ ၁၂-ရက်၊ ၂ဝ၁၆)၊အင်္ဂါနေ့၊

Arkar

No comments:

Post a Comment