Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, July 7, 2015

မဘသ (ဗဟို) ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး Mr.pier Giorgio Aliberti မှ (၆.၇.၂၀၁၅)ညနေအချိန်၌ လာရောက်တွေ့ဆုံ




ယနေ. (၆.၇.၂၀၁၅)ညနေမှာ မဘသ (ဗဟို) ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး Mr.pier Giorgio Aliberti က လာရောက်တွေ့ဆုံသွားပါတယ်။ အီတလီသံအမတ်ကြီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅-ရက်ကမှ မြန်မာနိုင်ငံသို့ပြောင်းရွှေ့လာသူဖြစ်ပြီး အရင်ကတော့ အမေရိကန်နိုင်ငံ အီတလီသံရုံးမှာလုပ်လာခဲ့သူဖြစ်ပါတယ်။
အပြောအဆို ဆွေးနွေးမှုတွေဟာလည်း ပညာရှိပီပီ ညင်ညင်သာသာရှိလှပါတယ်။
မဘသကိစ္စနဲ့ အမျိုးစောင့်ဥပဒေအပါအ၀င် မဘသ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့ကြပါတယ်၊။ ပညာရှိသူဆိုတော့လည်း အနည်းငယ်လေး ရှင်းပြလိုက်ရုံနဲ့ သဘောပေါက်လွယ်လိုက်ကြတာ။ အားလုံးအဆင်ပြေပါတယ်။
အီတလီသံအမတ်ကြီးအား မဘသဥက္ကဋ္ဌအင်းစိန်ရွာမဆရာတော်ကြီး၊ရွှေရတုတိပိဋကဓရဆရာတော်အရှင်သီလက္ခန္ဓာဘိဝံသ၊ ဒေါက်တာဓမ္မပိယ၊ဒေါက်တာသောပါကနှင့် မြနန်းဆရာတော်တို့က လက်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။

ဒေါက်တာအရှင်သောပါက (မဘသဗဟိုဦးဆောင်ဆရာတော်) ဇေတ၀န်ကျောင်းတိုက်

No comments:

Post a Comment