Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, July 28, 2015

မြန်မာပြည်အနှံ ဖြစ်ပေါ်နေသည့် ရေဘေးဒုက္ခများနှင့် ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့(ဗဟို)၏ သဘောထား ထုတ်ပြန်ချက်။


-----------------------
-----------------------
ယခုလောလောဆယ် မြန်မာပြည်အထက်ပိုင်း ဒေသများ၌ ရေဘေးဒုက္ခများနှင့် တွေ့ကြုံနေကြရသည်၊ ထိုကဲ့သို့ ဒုက္ခရောက်နေသူများကို သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ပေးကြပါဟု နှိုးဆော်တိုက်တွန်းပါသည်၊ ဒုက္ခရောက်နေသူများကို လက်ရှိကူညီကယ်တင်ပေးနေသူများကိုလည်း အထူး ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။
မြန်မာပြည်အောက်ပိုင်းဒေသများ၌လည်း အထက်ပိုင်ဒေသမှ ရေများစီးဆင်းလာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်နေခြင်း၊ ၀ါဆိုလပြည့်ရေတက်ရက်ဖြစ်ခြင်းတို့ကြောင့် ရေကြီးရေလျှံ-စသော အန္တရာယ်များ ကြုံလာနိုင်ပါသည်၊ အများအကျိုးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည် ကြုံတွေ့ရမည့် အခြေအနေအုရပ်ရပ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြောင်း ပုဗ္ဗေစ ကတပုညတ မင်္ဂလာပင် ဖြစ်သည်။
သို့ဖြစ်၍ သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အန္တရာယ်မကြုံမီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကြုံတွေ့လာရသော အခါ၌လည်း ၀ိုင်းဝန်းကူညီထောက်ပံ့ခြင်းတို့ကို ပြုလုပ်ထားသင့်ပါကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။
စာအမှတ်၊၀၀၃၅/စီမံ-မဘသ/၂၀၁၅
နေ့စွဲ ၁၃၇၇-ခု၊ ဒုတိယ၀ါဆိုလဆန်း (၁၂)ရက်
(ဇူလိုင်လ-၂၈၊၂၀၁၅)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
အာကာ(မဘသဗဟို-ရုံးတာဝန်ခံ)

No comments:

Post a Comment