Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, July 30, 2015

ဝါတွင်းကာလ ဥပုသ်သီလ စောင့်တည်နိုင်ရန် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ပန်ကြားချက် (၃၀-ဇူလိုင်) ၂၀၁၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာဝင်များ အများစုနေထိုင်ရာ နိုင်ငံဖြစ်ပါသည်၊ ရှေးအစဉ်အလာကပင် ၀ါတွင်းကာလ၌ ဥပုသ်စောင့်လိုသော ကျောင်းဆရာ, ဆရာမများ၊ ကျောင်းသူ, ကျောင်းသားများ၊ ကျောင်းပို့/ကြို ပြုလုပ်ပေးကြသော ကျောင်းသားမိဘများ, အုပ်ထိန်းသူ သက်ကြီးရွယ်အို ဘိုးဘွားများ- ဥပုသ်စောင့်သုံးနိုင်ရန် ၀ါတွင်းကာလ ဥပုသ်နေ့များ၌ အခြေခံပညာ (အထက, အလက, အမက)ကျောင်းများကို ကျောင်းပိတ်ပေးခဲ့သော အလေ့ရှိပါသည်။
ပြီးခဲ့သော ၂၀၁၄/၂၀၁၅ ပညာသင်နှစ်အတွင်း အချို့မြို့နယ်ရှိ အချို့သော အခြေခံပညာ (အထက, အလက, အမက)ကျောင်းများ ၀ါတွင်းဥပုသ်နေ့များ၌ ကျောင်းပိတ်မပေးခဲ့ကြပါ၊ သို့ပါ၍ ဥပုသ်စောင့်လိုသော ကျောင်းဆရာ, ဆရာမ၊ ကျောင်းသူ, ကျောင်းသားများ၊ ကျောင်းပို့/ကြို ပြုလုပ်ပေးကြသော ကျောင်းသားမိဘများ, အုပ်ထိန်းသူ သက်ကြီးရွယ်အို ဘိုးဘွားများ-ဥပုသ်စောင့်သုံးနိုင်ရန် အခက်အခဲတွေ့ခဲ့ပါသည်။
ထိုသို့အခက်အခဲမဖြစ်စေရန် ၀ါတွင်းကာလ ဥပုသ်နေ့များ၌ အခြေခံပညာ(အထက, အလက, အမက)ကျောင်းများကို ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးပါရန် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးကြီးများကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ပန်ကြားအပ်ပါသည်။

စာအမှတ်၊ ၀၀၃၆/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ ဒုတိယ၀ါဆိုလဆန်း(၁၄)ရက်
(ဇူလိုင်လ-၃၀၊ ၂၀၁၅)၊ ကြာသပတေးနေ့၊

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အငိးစိန်။
အာကာ(မဘသဗဟို-ရုံးတာဝန်ခံ)

No comments:

Post a Comment