Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, July 20, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက် (july-20, 2015)

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
သဘောထားထုတ်ပြန်ချက်
(july-20, 2015)

ယခုတလော အချို့ဒေသများ၌ မဘသတံဆိပ်(Logo) အသုံးပြုပြီး ကိုယ်ကျိုးအသုံးချခြင်း, အခြားသူကို ပုတ်ခတ်တိုက်ခိုက်ခြင်း-စသောလုပ်ရပ်များ လုပ်နေသည်ဟု ကြားသိရသည်၊ အဆိုပါလုပ်ရပ်များသည် မဘသ(ဗဟို)အဖွဲ့ကြီးနှင့် လုံးဝမသက်ဆိုင်ပါ၊ မဘသတံဆိပ်(Logo)ကို တရားမ၀င် ယူငင်အသုံးပြုသည်ကိုလည်း လက်မခံနိုင်ပါ။
မဘသအဖွဲ့ကြီးသည် နိုင်ငံသားတိုင်း မလွဲမသွေ တာဝန်ယူရမည့် မိမိမြန်မာနိုင်ငံ၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ, သာသနာအကျိုးကို စွမ်းနိုင်သလောက် ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါသည်၊ အခြား မည်သည့်ဘာသာ, လူမျိုး, ပါတီ, ပုဂ္ဂိုလ်-စသည်တို့ကို တိုက်ခိုက် ဖျက်ဆီးဖို့မဟုတ်ပါ။
အမျိုး ဘာသာ သာသနာ အကျိုးအတွက် ရှေးရှု၍ မဘသလုပ်ရပ်ကို ကူညီသူ, ပူးပေါင်းပါဝင်သူများကိုလည်း သာသနာပြုဖော်အဖြစ် သတ်မှတ်ခံယူသွားမည်သာ ဖြစ်ပါသည်။
အမျိုး ဘာသာ သာသနာ ဖျက်မည့်သူများကို ရှောင်ရှား၍ အမျိုး ဘာသာ သာသနာ အကျိုးပြုနိုင်သူများကိုသာ ခွဲခြားရွေးချယ်နိုင်ရန်လည်း ပုဂ္ဂလဓိဋ္ဌာန်မပါဘဲ ဓမ္မဓိဋ္ဌာန်ကျကျ တိုက်တွန်းသွားမည်ဖြစ်ကြောင်း မဘသအဖွဲ့(ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်/
အာကာ(မဘသဗဟို-ရုံးတာဝန်ခံ)

No comments:

Post a Comment