Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, July 3, 2015

မဘသ ကြေညာချက်အတု ထွက်ရှိ


အမျိုးချစ်တို့ရေ ........
ဒီနေ့မနက်ရုံးရောက်တော့ ကိုခက်ထန်က viber နဲ့ message ပို့လာတယ်.. ညီလေးရေ မဘသက KFC နဲ့ပတ်သက်ပြီးသဘောထားထုတ်ပြန်ချက်ထုတ်ထားတာရှိလားဆိုပြီး သဘောထားထုတ်ပြန်ချက်ပုံနဲ့ မေးလာတယ်ဗျ...
ကြည့်လိုက်တော့.. လုပ်ကြံထားတဲ့ဟာဖြစ်နေတာနဲ့..မဟုတ်ကြောင်း.. ကျွန်တော်တို့ဗဟိုရုံးက မထုတ်ထားကြောင်း ရှင်းပြလိုက်တယ်..
အဲ့ဒါနဲ့ အကိုခက်ထန်က ဆရာတော်က ကြည့်ချင်တယ်ပြောတယ်ညီလေးရေ ကပ်ပေးပါဆိုလို့ တစ်ခါတည်းဆရာတော်ကို ကပ်ပြီးလျှောက်ခဲ့လိုက်ပါတယ်..
ဒီလိုတိုက်ခိုက်လာတာတွေဟာ အခုမှလည်းမဟုတ်ပါဘူး၊ ဟိုးအရင်းကတည်းကပါ။ မဘသကြီးရဲ့ ရပ်တည်ချက်၊ ခံယူချက်၊ မူဝါဒလမ်းစဉ်တွေကို အများပြည်သူလူုထု သိရှိလေ့လာနိုင်အောင် ချပြပြီးသားပါ။ ဒါကိုလည်း အမျိုး ဘာသာ သာသနာကို အမှန်တကယ် လိုလိုလားလားချစ်မြတ်နိုးသူတိုင်း သိရှိပြီးသား.. နားလည်ပြီးသားဖြစ်ပါတယ်။
ယောင်စိန်တွေတော့မပါဘူးပေါ့ဗျာ.... :) :)
အပင်ပန်းခံပြီး အကူအညီပေးတဲ Kyaw Nanda Ko အကိုခက်ထန်ကိုလည်း ကျေးဇူးတင်ပါတယ်။ လာမှမုန့်ဝယ်ကျွေးမယ်.. .:Pအာကာ(မဘသဗဟို-ရုံးတာဝန်ခံ)

No comments:

Post a Comment