Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, April 7, 2015

မျိုးစောင့်ဥပဒေလေးခုတွင် အပါအ၀င်ဖြစ်သော လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည့်ပြုလိုက်ပြီး ယင်းဥပဒေထုတ်ပြန်ပြီးပါကလည်း လိုအပ်သည့် ပြည်နယ်၊ တိုင်းများတွင်သာ သမ္မတက အမိန့်စာထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိ

မျိုးစောင့်ဥပဒေလေးခုတွင် အပါအ၀င်ဖြစ်သော လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည့်ပြုလိုက်ပြီး ယင်းဥပဒေထုတ်ပြန်ပြီးပါကလည်း လိုအပ်သည့် ပြည်နယ်၊ တိုင်းများတွင်သာ သမ္မတက အမိန့်စာထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
´´အရမ်းလည်း စိတ်ပူစရာမလိုပါဘူး။ ဒီဥပဒေရဲ့ထူးခြားချက်က တခြားဥပဒေတွေလို အတည်ပြုပြဋ္ဌာန်းပြီးနဲ့ အသက်မ၀င်ဘူး။ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာ သမ္မတက အမိန့်ထုတ်ပြန်ပြဋ္ဌာန်းမှသာ အသက်ဝင်မှာ။ တစ် နိုင်ငံလုံးမဟုတ်ဘူး။ အချိန်ကာလကလည်း သတ်မှတ်ကာလပဲ´´ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဝင် ဒေါက်တာစိုးမိုးအောင်က ပြောသည်။
ယခင်က မည်သည့်ဥပဒေမျှ မရှိသောကြောင့် ထိန်းကွပ်နိုင်ခြင်းမရှိသဖြင့် လိုအပ်ချိန်တွင် အသုံးပြုနိုင်ရန် လို အပ်ချိန်တွင် အသုံးပြုနိုင်ရန် ယခုဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
လွှတ်တော်ကအတည်ပြုလိုက်သော အဆိုပါဥပဒေကြမ်းသည် အခြားဒေသများထက် မြန်မာနိုင်ငံအနောက်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လူဦးရေဖောင်းပွမှုဆိုင်ရာကိစ္စရပ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့်သဘောဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ တားဆီးမှုများဖြစ်ပေါ်စေသည်ဆိုသော အကြောင်းပြ ချက်ဖြင့် ကန့်ကွက်မှုများရှိခဲ့သည်။
အတည်ပြုလိုက်သော ဥပဒေကြမ်းအရ မိခင်တစ်ဦးသည် ကလေးတစ်ဦးမွေးဖွားပြီးပါက သုံးနှစ်ကြာမြင့်ပြီးမှသာ ထပ်မံကိုယ်ဝန်ဆောင်ခွင့်ရှိမည်ဖြစ်သည်။
ဥပဒေကြမ်းပါ အချက်အလက်အများစုသည် သားဆက်ခြားခြင်းဆိုင်ရာ အကြောင်းအရာ အများစုကိုသာ ရေး သားထည့်သွင်းထားခြင်းဖြစ်ပြီး သမ္မတကအထူးဒေသအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းသောဒေသတွင် အဆိုပါဥပဒေအ ရ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။
ယခုလ၆ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုပါဥပဒေကြမ်း အတည်ပြုလိုက် ပြီး သမ္မတထံပေးပို့ပြီးဖြစ်ကာ သမ္မတသဘောတူလက်ခံပါက မကြာမီကာလအတွင်း ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းထွက်ပေါ်လာမည်ဖြစ်သည်။

No comments:

Post a Comment