Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, April 22, 2015

မလေရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်းများ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထား ထုတ်ပြန်ချက်။


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
သဘောထားထုတ်ပြန်ချက်

ဘာသာတစ်ခု, နိုင်ငံတစ်ခု၏ အလေးအမြတ်ထားရာကို ထိပါးပုတ်ခတ် စော်ကားခြင်းသည် သက်ဆိုင်ရာ ဘာသာ, နိုင်ငံကို ပုတ်ခတ်စော်ကားခြင်း၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။

ယခုအခါ မလေရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်းများ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားကြောင်း လေ့လာတွေ့ရှိရပါသည်၊ အများက မကောင်းသော အမှု အကျင့် ဒုစရိုက်အားလုံး၏ အရင်းခံဟု လက်ခံထားသော အရက်သေစာပုံရိပ်နှင့် ဗုဒ္ဓဘာသာပုံရိပ်ကို တံဆိပ် လုပ် ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံကိုလည်းကောင်း ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များကိုလည်းကောင်း ထိပါးပုတ်ခတ်ခြင်း, စော်ကားခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် မလိုလားအပ်သော ပဋိပက္ခများအထိ ဦးတည်ရောက်သွားစေနိုင်ပါသည်။

အဆိုပါလုပ်ရပ်ကို မြန်မာ့လူ့အသိုင်းအ၀ိုင်းကသော်လည်းကောင်း, ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအသီး သီးကသော်လည်းကောင်, ယခုဖြန့်ချိနေသော ဌာနေဆိုင်ရာ တာဝန်ရှိသူများကသော်လည်းကောင်း သင့်လျော်သလို ၀ိုင်းဝန်းဟန့်တားခြင်း ကန့်ကွက်ခြင်း မလွဲမသွေ ပြုရမည်သာဖြစ်ပါသည်၊ အထူးအားဖြင့် နိုင်ငံ ၏ အထွဋ်အမြတ်ထားရာ စေတီတော် ကို စော်ကားခြင်းဖြစ်၍ နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီ ယာနှင့် စာပေအသိုင်းအ၀ိုင်းများက စတုတ္ထမဏ္ဍိုင်ပီသကြောင်း နိုင်ငံတော်ဘက်က မည်မျှရပ်တည်ကြောင်း ပြသသောအားဖြင့် မဖြစ်မနေ ၀ိုင်းဝန်းဟန့်တား ကန့်ကွက်ကြရမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ မြန်မာ့အထွဋ်အမြတ် အလေးထားရာ ရွှေတိဂုံပုံကို ဒုစရိုက်မှုလုပ်ငန်းဆိုင်ရာ အရက်ပုလင်းများ၌ အသုံးပြုကာ ဖြန့်ချိနေခြင်းကို မြန်မာဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ကြီးက လုံးဝ လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် ဆက်လက် ထိုကဲ့သို့ ဖြန့်ချိမှုမပြုပါရန်လည်း အလေးအနက်တိုက်တွန်းကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

စာအမှတ်။ ။ ၀၀၂၈၊ စီမံ-မဘသ၊၂၀၁၅
နေ့စွဲ။ ။ ၁၃၇၆-ခု၊ ကဆုန်လဆန်း ၅-ရက်၊
(ဧပြီ- ၂၂၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့၊
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ

No comments:

Post a Comment