Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, November 9, 2014

ကိုးန၀င်း ဖတ်စာ (မြန်မာပြည်မှာ ပြင်စရာများ) သာကီသွေးဂျာနယ်အတွဲ-၂၊ အမှတ်- ၁၀၊ မှ ထုတ်နုတ်တင်ပြပါသည်။






၁။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသလို ကိုယ်ကျိုးတစ်ခုကိုသာ ရှေးရှုသော
စိတ်ဓာတ်နှင့် လုပ်ရပ်များ၊
၂။ “ကိုယ့်ဆင်က ကိုယ့်တပ်ကို ပြန်နင်း”ဆိုသလို ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်
ဖျက်ဆီးနေမှု လုပ်ရပ်များ၊
၃။ အုပ်ချုပ်ရေး တရားရေးစသည် အရေးအရာတိုင်း၌ တိုင်းပြည်နှင့် လူမျိုးကိုမငဲ့
လာဘ်ကိုသာငဲ့၍ ဆန္ဒာဂတိလိုက်စားမှု လုပ်ရပ်များ၊
၎။ ဒေါသ အာဃာတ အမုန်းတရားအခြေခံကာ အယူအဆမတူသူများကို ချေမှုန်းတတ်မှု
လုပ်ရပ်များ၊ (ဒေါသာဂတိ)
၅။ တိုင်းပြည်နှင့်လူမျိုး ပျက်မည့်ဘေးထက် မိမိအာဏာပျက်မည့်ဘေး မိမိကို
ကျေးဇူးပြုထားသူ ငြိုငြင်မည့်ဘေးကို ကြောက်၍ လုပ်သင့်သည်ကို မလုပ်
မလုပ်သင့်သည်ကိုလုပ်သည့် လုပ်ရပ်များ၊ ဘယာဂတိ)
၆။ မသိနားမလည်ခြင်းကြောင့် လုပ်သင့်သည်ကို မလုပ်၊ မလုပ်သင့်သည်ကိုလုပ်သည့်
လုပ်ရပ်များ၊ (မောဟဂတိ)
၇။ ၀န်ထမ်းတာဝန်ယူထားပါလျက် မိမိယူထားသောတာဝန်ကို ကျေပွန်အောင်မထမ်းဆောင်ဘဲ
အခွင့်အရေးသာ ယူနေသော လုပ်ရပ်များ၊
၈။ တိုင်းပြည်နှင့်လူမျိုးသစ္စာကို မစောင့်သိဘဲ သူခိုးလက် ဓားရိုးကမ်းသော လုပ်ရပ်များ၊
၉။ သရမ်းလွန်း၍ အမြီးဖြတ်ခံရသော ခွေးသူခိုးမ-က သူများတွေကိုလည်း အမြီးပြတ်တာ
ကောင်းကြောင်း သူခိုးသေဖော်ညှိသလို လုပ်ရပ်များ။
အရှင်တိလောကာဘိဝံသ (အင်းစိန်)

No comments:

Post a Comment