Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, October 2, 2015

အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲကြီး အား အကြောင်းအမျိုးမျိုးကြောင့် ဖိတ်စာမရောက်ရှိသည့်နေရာ၊ ဌာန၊ ရဟန်း ရှင် လူ ပြည်သူများအား ထပ်မံဖိတ်ကြားခြင်း


အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲကြီး အား အကြောင်းအမျိုးမျိုးကြောင့် ဖိတ်စာမရောက်ရှိသည့်နေရာ၊ ဌာန၊ ရဟန်း ရှင် လူ ပြည်သူများအား ထပ်မံဖိတ်ကြားခြင်း
---------------------------------------------------------------
ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို တော်သလင်းလပြည့်ကျော် ၆-ရက်၊ ၁၃၇၇-ခု၊ အောက်တိုဘာ-၄၊ ၂၀၁၅၊ တနင်္ဂနွေနေ့ နေ့လည် ၂း၀၀ အချိန်တွင် သုဝဏ္ဏအာကစားရုံ (၁)၊ ဝေဇယန္တာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မဘသ(ဗဟို)မှ ဂုဏ်ပြုပွဲဖိတ်စာများကို သက်ဆိုင်ရာဌာနများဖြစ်ကြသည့် နိုင်ငံရေးပါတီများ၊ သံတမာန်များ(သံရုံးများ)၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ သတင်းမီဒီယာဌာနများ၊ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ရဟန်း ရှင် လူ ပြည်သူများ၊ ဒေသအာဏာပိုင် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGO/INGOများ၊ စသည့် အဖွဲ့အစည်းပေါင်းစုံတို့အား ဖိတ်ကြားပြီးဖြစ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ဖိတ်စာများ မရောက်ရှိခဲ့ပါကလည်း တက်ရောက်ကြပါရန် ထပ်မံဖိတ်ကြားအပ်ပါသည်။ ဂုဏ်ပြုပွဲအတွက် လိုအပ်သည့် ဖိတ်စာများ၊ ကားဝင်ခွင့် စတေကာများ၊ လည်ဆွဲကဒ်များကိုလည်း မဘသ(ဗဟို)ရုံးရှိ တာဝန်ရှိသူများထံတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
မဘသ(ဗဟို)
Arkar

No comments:

Post a Comment