Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, February 9, 2015

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဇေတ၀န်ကျောင်းတိုက်တွင် ပြုလုပ်သည့် ၅၂ နှစ်မြောက် ဗုဒ္ဓဘာသာနေ့ အခမ်းအနားတွင် ဟောပြောခဲ့သော သိမ်ဇရပ်ဆရာတော် ဓမ္မဒူတ အရှင်ပညာဝရ၏ အမျိုးစောင့်ဥပဒေအပေါ် ရှင်းလင်းမိန့်ကြားချက်များအား အမေးအဖြေ ပုံစံဖြင့် တင်ပြထားပါသည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဇေတ၀န်ကျောင်းတိုက်တွင် ပြုလုပ်သည့် ၅၂ နှစ်မြောက် ဗုဒ္ဓဘာသာနေ့ အခမ်းအနားတွင် ဟောပြောခဲ့သော သိမ်ဇရပ်ဆရာတော် ဓမ္မဒူတ အရှင်ပညာဝရ၏ အမျိုးစောင့်ဥပဒေအပေါ် ရှင်းလင်းမိန့်ကြားချက်များအား အမေးအဖြေ ပုံစံဖြင့် တင်ပြထားပါသည်။

မေး။   ခုတလော လူပြောသူပြောများပြီး အငြင်းပွားနေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ကြား ပေးပါဦးဘုရား။

ဖြေ။  လောကမှာအငြင်းပွားနေတဲ့ အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဘုန်းကြီးပြောကြားလိုပါတယ်။ ဒီ ဥပဒေနဲ့ပတ်သက်ပြီး ဘုန်းကြီးကိုယ်တိုင် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကို ဆရာတော်ကြီးတွေနဲ့ တိုင်ပင်ပြီး (၃) ကြိမ် (၃) ခါတင်ပြပြောဆိုခဲ့ပါတယ်။ အခြားဘာသာတွေကို စော်ကားဖို့အတွက်မဟုတ်ပါ ဘူး။ ကိုယ့်ဘာသာကို ကိုယ်ကာကွယ်ဖို့ဖြစ်ပါတယ်။ အခြားဘာသာတွေမှာလည်း သူတို့ဘာသာကိုကာကွယ်ဖို့အတွက် ပြဋ္ဌာန်း ထားသလို ဘုန်းကြီးတို့ဘာသာကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးစောင့်ဥပဒေဆိုတာဟာ ဘာသာရေးကိုရည်ရွယ်ပါတယ်။ နိုင်ငံရေးမဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ပါဘူးလို့ ပြောလိုပါတယ်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်တွေ သူတို့ဘာသာဝင်တွေကို ကာကွယ်သလို ကာကွယ်တာဖြစ်ပါတယ်။ ဒါကို ဘုန်းကြီးတို့ကျမှ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရင် သူတို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲလို့ အော်ကြ ရမှာပါ။  သီတဂူဆရာတော်ကြီးမိန့်ကြားသွားသလို ဗုဒ္ဓဘာသာရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ အခြားဘာသာဝင်တွေရဲ့ သက်တမ်းက နှစ် ၁၀၀၀ ကျော်ပဲရှိပါသေးတယ်။

    အင်္ဂလိပ်လက်ထက်မှာ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာ အဖက်ဖက်က နစ်နာဆုံးရှုံးခဲ့တယ်။ စင်္ကာပူနိုင်ငံက ဒကာတစ်ယောက်က အင်္ဂလိပ်တွေကို မင်းတို့တွေ သွေးခွဲခဲ့လို့ ငါတို့နိုင်ငံမှာ အခုထိ တောင်တန်းနဲ့ ပြည်မ သွေးကွဲခဲ့တာ။ ဒုက္ခရောက်အောင် မင်းတို့လုပ်ခဲ့ကြတာ။ မင်းတို့ကြောင့်  ဗုဒ္ဓဘာသာ အမျိုးသမီးတွေပါ ဒုက္ခရောက်ခဲ့တယ်။ အခြားဘာသာဝင်တွေအတွက် သူတို့ဘာသာကိုကာကွယ်ကြတဲ့ ဥပဒေတွေ ရေးဆွဲ ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ ဟုတ်တယ်။ အင်္ဂလိပ်လက်ထက်မှ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင်တွေကို ကာကွယ်တဲ့ဥပဒေတွေ ရေးဆွဲခဲ့ပေမယ့် ဘုန်းကြီး တို့အတွက်တော့ မပါခဲ့ဘူး။ ၅၄ ခုနှစ် အမျိုးသမီးအက်ဥပဒေ ရှိခဲ့ပေမယ့် ပစ္စုပ္ပန်အတွက် ဘာမှကာကွယ်မှုကို မပေးတော့ဘူး။ မိန်းကလေးတွေကို ဗုဒ္ဓဘာသာတရားရုံးတွေမှာ လက်ထပ်ရမယ်ဆိုပေမယ့် ဘယ်မိန်းကလေးမှ ဗုဒ္ဓဘာသာတရားရုံးမှာ လက်မထပ်ခဲ့ကြဘူး။ မိန်းကလေးတွေဟာ ဒူးနဲ့မျက်ရည်သုတ်ပြီးတော့ အခြားဘာသာဝင်နောက်ကို ကောက်ကောက်ပါသွားခဲ့တာပါပဲ။

မေး ။ဆိုလိုတာက ဒီဥပဒေကို မြန်မာအမျိုးသမီးတွေကို ရည်ရွယ်ပြီး ပြဋ္ဌာန်းပေးဖို့ ဆိုလိုတာလား ဘုရား။

ဖြေ။ ဒါကြောင့် အမျိုးသမီးတွေကိုကာကွယ်ဖို့အတွက် ဘုန်းကြီးတွေက  အမျိုးစောင့်ဥပဒေကိုရေးဆွဲ စေကြ တာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ပါဘူး။ အခြားဘာသာဝင်တွေကို စော်ကားဖို့ မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်တာဆိုရင် သူတို့ကိုလည်းလူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောရမှာပေါ့။ သူတို့ရဲ့ဥပဒေတွေကိုလည်း ဖျက်သိမ်းပေးပါလို့ပြောရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းမျိုးမဟုတ်ဘဲ အမျိုးစောင့်ဥပဒေကို အချက်(၄)ချက်နှင့် လွှတ်တော်ကိုတင်ထားပါတယ်။ ဘုန်းကြီးရှင်းလင်းမိန့်ကြားပါတယ်။ အဲဒီ(၄)ချက်မှာ-
    နံပါတ်(၁) က ဘာသာရေးကူးပြောင်းမှု ဥပဒေဖြစ်ပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာကူးပြောင်းချင်သလား။ ကူးပြောင်းခွင့်ရှိပါတယ်။ ၆လမှ တစ်နှစ်အတွင်း ကူးပြောင်းခွင့်ရှိပါတယ်။  ဘာသာရေးဥပဒေ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ပါဘူး။
    (၂) က မည်သူမဆို မဟာတိုင်းရင်းသား ၁၃၅ မျိုးအပါအ၀င် မြန်မာအမျိုးသမီးတွေကို လက်ထပ်ရင် တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်။ အဲဒီဥပဒေတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာလား။ ဘုန်းကြီးတို့တွေ လည်း အခြားဘာသာတွေလို မိမိတို့ရနိုင်တဲ့ အခွင့်အရေးကို တောင်းဆိုကြခြင်းပဲ ဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတာကတော့ အခုအောင်ဆန်းအစည်းအဝေးကြီးမှာမှမဟုတ်ဘူး။ မှော်ဘီမြို့သံဃာ့အစည်း အဝေးကြီးအပြီးမှာ ဖြစ်ပေါ်လာတာပါ။ ဒါကို ဘုန်းကြီးရှင်းပြပါ့ မယ်။ မှော်ဘီအစည်းအဝေးကြီးမှာ ဧရာဝတီသတင်းဌာနကနေ အင်တာနက်ကိုတင်လိုက်တယ်။ အမျိုးစောင့်ဥပဒေဆိုတာ ဗုဒ္ဓဘာသာမိန်းကလေး ဟာ ဗုဒ္ဓဘာသာဝင် အမျိုးသားကိုသာ လက်ထပ်ရမယ်လို့ တင်လိုက်တယ်။ ဥပဒေထဲမှာ မပါဝင်တဲ့အချက်ပဲ။ အဲဒါ ခုနပြောတဲ့ဥပဒေထဲများ ပါလား။ မပါဘူး။ အဲဒီဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်ကိုကြည့်ပြီး ပါတီအကြီးအကဲတစ်ဦးကနေပြီး လူ့အခွင့်အရေးချိုးဖောက်တယ်လို့ဆိုပြီး ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ခေါင်းဆောင်က ကန့်ကွက်တော့ နောက်လိုက်တွေက ကန့်ကွက်ကြပြန်ရော၊ ကဲ ရှေ့ကခေါင်းဆောင်ကမှားရင် နောက်ကလူတွေကပါ လိုက်မှားတော့တာပေါ့။ အမျိုးစောင့်ဥပဒေကို ဖတ်ပြီးပြီလားဆိုတော့ ဖတ်လည်း မဖတ်ရသေးဘူးတဲ့။ ကဲ ဘယ်လောက်နမော်နမဲ့နိုင်သလဲ။ ခေါင်းဆောင်တစ်ဦးဟာ ဒီလိုနမော်နမဲ့နိုင်သင့် သလား။

မေး ။ ဘုန်းကြီးတွေကဘာသာရေးမလုပ်ဘဲ၊ နိုင်ငံရေးလုပ်နေတာလားဆိုတဲ့ ဝေဖန်မေးခွန်း ထုတ်နေကြတဲ့ အပေါ်မှာ ဆရာတော် သဘောထားကို မိန့်ပါဦးဘုရား….။

ဖြေ။ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ကြတဲ့ပွဲမှာလည်း ဘုန်းကြီးတွေကို လူ့အလုပ် လူလုပ်၊ ခွေးအလုပ် ခွေးလုပ်လို့ပြောလိုက်တယ်။ ရှေ့ကလူကမှားသွားတော့ နောက်လူတွေက အပါယ်ကိုရောက်မယ့် အကြောင်းဖြစ်သွားတယ်။ ပါတီခေါင်းဆောင်ကြီးက ကန့်ကွက်လို့လည်း အမျိုးသမီးတစ်ဦးကလည်း ကန့် ကွက်တယ်။ အမျိုးစောင့်ဥပဒေကို ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူးတဲ့။ ကဲဘယ်လိုလုပ် နားမလည်ဘဲ ကန့်ကွက်ကြတာလဲ၊၊ မီဒီယာတွေက သိပ်အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံကိုသိမ်းချင်ရင် အနောက်နိုင်ငံမှာ မီဒီယာကို သိမ်းပြီးတော့ သူတို့ဖြစ်ချင်သလိုမျိုး ကြေညာခိုင်းတယ်။ ပြီးရောပေါ့။ ဗုဒ္ဓဘာသာမိန်းကလေးတွေကို ကာကွယ်တဲ့ ဥပဒေမရှိတော့ နစ်နာတယ်။ အခွင့်အရေးတွေ ဆုံးရှုံးကြရတယ်။ အမျိုးစောင့်ဥပဒေကို ရေးဆွဲပြီး ကာကွယ်တယ်။ အခုလို ၅၂-နှစ်မြောက် ဗုဒ္ဓဘာသာနေ့မှာ အမျိုးသမီးတွေအတွက် ကာကွယ်တဲ့ဥပဒေကို တင်ပြရတာပါ။  ရှေးဆရာကြီးတွေကလည်း လုပ်နိုင်သလောက်တော့ ဆောင်ရွက်ခဲ့ကြပါတယ်။

    အမျိုးစောင့်ဥပဒေဆိုတာ ဘာသာရေးပဲ။ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အမျိုးသားရေးဖြစ်ပါတယ်။ မိန်းကလေးတွေကို ကာကွယ်ပေးထားတယ်။ အမျိုးသားတွေကို ကန့်သတ်ထားတယ်။ ဗုဒ္ဓဘာသာဝင် ယောက်ျားလေးတစ်ဦးရဲ့ အရည်အသွေးကို မြှင့်ပေးတယ်။ မိန်းကလေးတွေ ဘာသာခြားကို ယူလို့မရဘူးလား၊ ဘာသာခြားကို ယူချင်ရင်လည်း မိန်းကလေးတွေ ယူနိုင်တယ်။ အဲသလို ယူဖို့ ဘာသာပြောင်းတော့မယ်ဆိုရင် ဆရာဘုန်းကြီးတွေ၊ မိဘတွေ၊ လူကြီးသူမ၊ မိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေက ဆုံးမနားချပြု ပြင်ပေးကြတယ်။ ဒါဆိုရင် နားလည်သဘောပေါက်ပြီး လမ်းမှားကနေ မရှောင်လွဲနိုင်ဘူးလား။ ဘာသာမပြောင်း ဖြစ်တော့ဘူး။ တကယ့်လို့ယူပြီးလက်ထက်ပြီးကာမှ ဘာသာပြောင်းဖို့ခက်သွားပြီ သူတို့ဘာသာထဲကိုလိုက် ၀င်ရတော့မယ်။ မ၀င်ရင်လည်း ဒုက္ခအမျိုးမျိုးရောက်အောင်လို့ နှိပ်စက်ကလူ ပြုတော့မယ်၊ ရက်စက်ရိုင်းစိုင်း တော့မယ်။
    ဘုန်းကြီး ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်။ ဘာသာမပြောင်းရင် မသေမချင်းနှိပ် စက်မယ်လို့ပြောထားတယ်။ ခုနက ဘုန်းကြီး၊ သံဃာ၊ မိဘဆရာတွေ ဆိုဆုံးမလို့ အသိပညာဝင်ပြီး ဘာသာမပြောင်း တော့ဘူးဆိုလျှင် သူ့ဘ၀မကောင်းဘူးလား။ သူ့ဘ၀ကောင်းသွားတော့ သံသရာလည်းကောင်းမွန်သွားပြီ။ ဘ၀သံသရာကြီးထဲမှာ ဗုဒ္ဓဘာသာရဲ့အပြင် ဖန်ဆင်းရှင်ဝါဒဆိုတာ မိစ္ဆာဒိဋ္ဌိအယူဝါဒကြီး ဖြစ်တာကြောင့် မိန်းကလေးအတွက် သံသရာလည်းမကောင်းတော့ဘူး။ အခုတော့ မယူခင်တည်းက ကိုယ်ပိုင်ဉာဏ်ပညာဖြင့် ဆင်ခြင်ဖို့အတွက် အမျိုးစောင့်ဥပဒေက အကာအကွယ်ပေးထားတော့ ဒီဘ၀မှာရော သံသရာအတွက်ပါ ကောင်းမွန်သွားပါပြီ။ သူတို့ဘာသာထဲကို ရောက်ပြီးမှ ဒုက္ခရောက်နေလို့ လာကယ်ပါဘုရားဆိုရင် ဘုန်းကြီး တို့ကိုတောင် တရားစွဲခံရဦးမယ်။ ဥပဒေကြောင်းနဲ့ ရင်ဆိုင်ရတော့မယ်။
မေး။ မျိုးစောင့်ဥပဒေ ရေးဆွဲမှုနဲ့ ပတ်သက်ပြီးမသိသေးတဲ့ သူတွေအတွက် အဓိကကျတဲ့ အချက်တစ်ချို့ကို ရှင်းလင်းမိန့်ဆိုပေးစေချင်ပါတယ် ဘုရား….။
ဖြေ။ ဘုန်းကြီးရဲ့ “ဘ၀လမ်းခွဲ” တရားခွေထဲမှာ ဟောကြားထားတာကို နာကြားမိကြပါလိမ့်မယ်။ မုံရွာမြို့၊ အလုံမြို့နယ်က မစုစုလတ် ဘာဖြစ်သွားသလဲ။ မပေါင်းနိုင်တဲ့အတွက် အသတ်ခံလိုက်ရတယ်။ ကိုယ့်ဘာသာ ကိုလည်း စွန့်လိုက်ရတယ်။ အမျိုးစောင့်ဥပဒေရှိလာတော့ စဉ်းစားပိုင်ခွင့် ရှိလာတယ် ။ တွေးခေါ်အကြံဉာဏ်ယူ ခွင့်တွေ ရှိလာတယ်။ မိန်းကလေးတွေအတွက် ဆရာတော်ကြီး ဦးဝဇီရဗုဒ္ဓိရဲ့ သြ၀ါဒစကားရှိပါတယ်။ ကံဆုံးရင် ဉာဏ်တုံးတတ် တယ်တဲ့။ သူ့ကံကဆုံးရင် သူ့ဉာဏ်တုံးပြီး သူ့နောက်လိုက်သွားတတ်တဲ့ အကြောင်းပေါ့။ ဒါကြောင့်ကံမဆုံးရအောင်၊ ဉာဏ်မတုံးသွားရအောင် မျိုးစောင့်ဥပဒေကို ရေးဆွဲစောင့်ရှောက်ကာကွယ်ပေး ရတာပါ။
    လွှတ်တော်မှာတင်ပြထားတဲ့ တောင်းဆိုချက် ၄-ခုထဲက နံပါတ်(၃)က တစ်လင်တစ်မယားစနစ်ပါပဲ။ ကာမေသုမိစ္ဆာစာရကံကို စောင့်ထိန်းထားခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဒါဟာလည်း တား မြစ်ချက်ဖြစ်ပါတယ်။ ၅၅၀ နိပါတ်တော်ထဲမှာပါတယ်။ ဘုရင်ကြီးက မိဖုရားကိုမေးတယ် မိန်းကလေးတွေ အတွက် အဆင်းရဲဆုံးဒုက္ခဟာ ဘာလဲလို့မေးတဲ့အခါ လင်တူနေရခြင်းဟာ စိတ်အဆင်းရဲဆုံး ဒုက္ခပါဘုရားလို့ မိဖုရားကြီးက ပြန်ဖြေကြားတယ်။ ဒါ့ကြောင့် ဘုရင်ကြီးက ငါ့သမီးဟာ တစ်လင်တစ်မယားစနစ်သာ ပြုရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
    အမျိုးစောင့်ဥပဒေကို မိန်းကလေးတွေက ကန့်ကွက်ကြတာများတယ်။ ပညာရှင်တွေပါပဲ ကန့်ကွက်ကြ သူတွေက ….။ စင်ကာပူနိုင်ငံက ဒါယိကာမတစ်ဦးက  ဘုန်းကြီးရဲ့တရားခွေကို ဟိုမှာဖွင့်နာချင်လို့ ယူသွား ကြတယ်။ စင်ကာပူနိုင်ငံမှာ ဘုန်းကြီးတို့မျိုးစောင့်ဥပဒေကို ဝေဖန်ကြသတဲ့။ အဲဒီတော့ သူကပြောတယ်တဲ့၊ အမျိုးစောင့်ဥပဒေကို ဟင်္သာတမိုးကောင်းဆရာတော်ကြီး၊ ရွာမဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ဘယ်ကိစ္စကိုမှ ၀င်မပါဖူးတဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီးတွေက ဦးဆောင်ပြီး စီစဉ်နေတာတောင်မှ လက်မခံနိုင်ဘူးဆိုရင်တော့ ဦးနှောက်ခပ်ချာချာဖြစ်လိမ့်မယ်လို့ ပြန်ပြောတယ်။ တစ်လင် တစ်မယားစနစ်ကလည်း အရေးကြီးတယ်။
    နံပါတ်(၄)က ကလေးမွေးဖွားမှုကို ထိန်းချုပ်ထားမှုဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံက  ဥပဒေနဲ့ဘုန်းကြီး တို့နိုင်ငံက ဥပဒေအတော်ဆင်တူပါတယ်။စင်္ကာပူနိုင်ငံကတော့ လက်ထပ်ရုံနဲ့ ပိုင်းခြားထားတယ်။ ဘုန်းကြီး တော့ဆီမှာတော့ လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပေးထားတယ်။ ဘုန်းကြီးတို့ ဥပဒေက လူ့ အခွင့်အရေးချိုးဖောက် တယ်ဆိုရင် စင်္ကာပူနိုင်ငံဥပဒေကလည်း လူ့အခွင့်အရေး ချိုးဖောက်တာ ပဲပေါ့။ ဆော်ဒီမှာ ဘာသာခြားကိုယူရင် သေဒဏ်ပေးတယ်။ အီရန်နိုင်ငံမှာ ဘာသာခြားကိုယူရင် အမျိုးသမီးဖြစ်က ကြိမ်ဒဏ်၊ အမျိုးသားဖြစ်ပါ က သေဒဏ်ပေးတယ်။ ဘာသာရေးပြင်းထန်တဲ့ နိုင်ငံတွေပေါ့။

    ဒီဥပဒေကို စတင်ရေးဆွဲချိန်က ဘုန်းကြီးညလုံးပေါက်ကျိန်းလို့ မရတဲ့ရက်တွေ ဖြစ်ခဲ့တယ်။ အိပ်မပျော်ဘူး။ ကိုယ်တွေရဲ့ဥပဒေဟာ တကယ်ကာကွယ်တာကောဖြစ်ရဲ့လား။ လူတွေအတွက် အကျိုးရှိမှ ရှိပါ့မလား။ လူတွေ လက်ခံမှ လက်ခံနိုင်ပါ့မလား တွေးပြီးအိပ်မရတာပါ။ အခုတရားဝင်ယောက်ျားတွေကို ကန့်သတ်ပေးပြီး မလိုက်နာရင် ထောင်ဒဏ် ၁၀ နှစ်၊ ယောက်ျားပိုင်ပစ္စည်းအားလုံး အမျိုးသမီးအား ပေးရ မယ်ဆိုတော့ မြန်မာမိန်းကလေးတွေကို ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

    ထိုင်းနိုင်ငံမှာ ပြည်နယ်သုံးခု အစ္စလာမ်လက်ထဲကို ရောက်သွားပြီတဲ့။ ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်း အမျိုးစောင့်ဥပဒေကိုမပြဋ္ဌာန်းရင် ရခိုင်နဲ့ မွန်ပြည်နယ်ဟာ တိုင်းတပါးသား ဘာသာခြားလက်ထဲ ရောက်သွား နိုင်တယ်။ သူတို့ရဲ့စီမံကိန်းက လူမျိုးသားဖောက်စနစ် ဖြစ်တယ်။ လူကိုယူမယ် သားသမီးတွေမွေးမယ်၊ နိုင်ငံသားလုပ်မယ်၊ မှတ်ပုံတင်ယူမယ်၊ မောင်းတောမြို့မှာရှိတဲ့ အိမ်ထောင်စုတစ်စုဟာ လူ(၈၀) ဦးရှိတယ်။ ထရံတွေနဲ့ကာထားပြီး အပေါက်တွေကို မမြင်ရအောင်လို့ နွားချေးတွေနဲ့ ပိတ်လိမ်းကျံထားတယ်။ ဇနီးက တစ်ဒါဇင်လောက် ယူထားတယ်။ ကလေးတွေက ဗမာဖြစ်ပြီး ဗမာစကားမပြောတတ်ကြဘူး။ စာမသင်ပေးဘူး၊ စာမတတ်ဘူး။ ဘ၀တွေက သိပ်နစ်နာတယ်။ မွေးချင်တိုင်းမွေးပြီး လမ်းဘေးကိုရောက် ပညာမဲ့တွေ၊ အသိဉာဏ်မဲ့တွေဖြစ်လာ တယ်။ နိုင်ငံတိုးတက်မှုနှောင့်နှေးလာတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ကြီးပွားဖို့အတွက် ပညာရှင်တွေ အများကြီးမွေးဖွားပေးဖို့လိုပါတယ်။ ပညာတတ်တွေ ပေါများလာမှ နိုင်ငံတော်ကြီး တိုးတတ် ထွန်းကားလာနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကြီး တိုးတက်ကြီးပွားဖို့အတွက် စိတ်ထင်သလောက် ကလေးတွေ မွေးဖွားနေမယ်ဆိုရင် နှောင့်နှေးနေမယ်။ ဒါကြောင့် နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့အတွက် သားသမီးမွေးဖွားမှုကို ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းနိုင်အောင် စီစဉ်ရတာဖြစ်ပါတယ်။

    မွေးချင်တိုင်းမွေးနေရင်အမှိုက်တွေများလာပါလိမ့်မယ်။ဒါကြောင့်ဘယ်နှယောက် ရယ်လို့တော့ မဟုတ်ဘူး ထိန်းချုပ်ဖို့ ဥပဒေကို လွှတ်တော်ကို တင်ရတာပါ။

မေး။  အရှင်ဘုရား နောက်ဆုံးမိန့်ချင်တာရှိရင် ကြားနာပါရစေ ဘုရား…..။
   
ဖြေ။ အမျိုးစောင့်ဥပဒေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့တော့ မပြောကြပါနဲ့။ အင်းစိန်မှာဟောတဲ့ အီစွတ်ပုံပြင်လို ဖြစ်နေတတ်ပါတယ်။ ကြွက်ပေါလို့ အိမ်လှေကားမှာ ကြွက်ထောင်တဲ့အခါ ကြက်ကနေ ကြွက် ထောင်ချောက်ကိုတွေ့သွားပြီး ၀က်နဲ့နွားကို သွားပြောပြတော့ ကျုပ်တို့နဲ့ဘာဆိုင်လဲ၊ ကိုကြက်နဲ့လည်း ဘာဆိုင်လဲ၊ ကြွက်ထောင်တဲ့ ဥစ္စာ အနေသာကြီးပါ။ ကိုယ်တွေနဲ့မဆိုင်ပါဘူးလို့ ပြောကြလို့ ကိုကြက်က စိတ်မကြည်မသာနဲ့ ပြန်သွားတယ်။ ညကျတော့ မှောင်နေတော့ မြွေက ကြွက်ထောင်ချောက်ကို သွားဆွဲမိတော့ မိသွားတယ်။ အဲဒါကို အိမ်ရှင်က ဆင်းကြည့်တော့ မိနေတဲ့မြွေကကိုက်လို့ သေသွားပါရော။ အဲဒီမှာ အိမ်ရှင်ရဲ့ အသုဘကို ကြက်မွေး မီးရှို့ ကြက်သားနဲ့ သက်ပျောက်ဆွမ်းကပ်တယ်။ သုံးရက်ကြာတော့ ကျွေးစရာ မရှိလို့ ၀က်နဲ့ကျွေးမွေး၊ ခုနှစ်ရက်လည်တော့ နွားက အမဲသားဟင်းဖြစ်သွားတဲ့ အီစွတ်ပုံပြင်လိုပါပဲ။
    ကိုယ်နဲ့အမျိုးစောင့်ဥပဒေဟာ ဘာမှမဆိုင်ဘူးလို့ မထင်ကြပါနဲ့။ တကယ်တော့ အမျိုးစောင့်ဥပဒေ ဆိုတာ တစ်မျိုးသားလုံးနဲ့ဆိုင်ပါတယ်။ အကုန်လုံးနဲ့ သက်ဆိုင်ပါတယ်။ ပါတီတိုင်းနဲ့လည်းဆိုင်ပါတယ်။ အမျိုး ကိုချစ်တဲ့လူတိုင်းနဲ့ ဆိုင်ပါတယ်။ အခုနိုင်ငံတော်ဘာသာနေ့ ဟောပြောပြီးရင် လှိုင်မြို့နယ်မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဒေသတိုင်းမှာ ဘုန်းကြီး တို့အဖွဲ့တွေစုပေါင်းပြီး တညီတညွတ်တည်း လွှတ်တော်မှာ တင်ပြတောင်းဆိုလိုက်ရင် အမျိုးစောင့်ဥပဒေကြီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အမျိုးကိုချစ်ကြတဲ့လူတိုင်း ပါဝင်ဆင်နွဲကြရမယ့် အမျိုးသားရေးတာဝန်ကြီး တစ်ရပ်အဖြစ် ဆောင်ရွက်သွားကြမယ်ဆိုရင် သာဓုသုံးကြိမ် ခေါ်ဆိုပေးကြဖို့ ဖြစ်ပါတယ်။
    သာဓု……. သာဓု……. သာဓု…….

No comments:

Post a Comment