Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, February 15, 2015

ယခုလက်ရှိ မြန်မာ့နိုင်ငံအရှေ့မြောက်ပိုင်းလောက်ကိုင်ဒေသတွင် ဖြစ်ပေါ်နေသောတိုက်ပွဲများ၌ အမိမြေအတွက် ရွပ်ရွပ်ချွံချွံ အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့အမျိုးချစ် သူရဲကောင်းများအား လေးစားဂုဏ်ယူ ဂုဏ်ပြုသောအနေဖြင့် ထုတ်ပြန်ကြေညာအပ်သော မဘသဗဟို၏ ထုတ်ပြန်ကြေညာချက်လေးပါ။


အမျိုး ဘာသာ သသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း လောက်ကိုင်ဒေသ၌ ဖြစ်ပေါ်နေသော အမိနိုင်ငံတော်အား ကျူးကျော်စော်ကား လာသော မြန်မာ့ရန်သူများကို ရွပ်ရွပ်ချွံချွံတွန်းလှန်ကာကွယ်ကြသော မြန်မာ့မျိုးချစ်သူရဲကောင်း သားကောင်း, သမီးကောင်းများ အသက်စွန့်၍ တိုင်းပြည်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားသည်ကို ၀မ်းမြောက် ဂုဏ်ယူပါသည်။

ထိုတရားသောစစ်ပွဲ ဆင်နွှဲရာ၌ စစ်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ကြားသိရသဖြင့် ထိခိုက်နစ် နာသူများနှင့် ထပ်တူထပ်မျှ စာနာခံစားမိပါသည်။

မိမိတို့၏ ပြည်ထောင်စုဖွား တိုင်းသူပြည်သားများ၏ အန္တရာယ်ကို ကာကွယ်ပေးခြင်း, ကာကွယ်ပေးနေသူများကို စွမ်းနိုင်ရာက အားပေးခြင်း, ကူညီခြင်း, အန္တရာယ်ကျရောက်၍ ထိခိုက်နစ်နာဆုံးရှုံးသူများကို စွမ်းနိုင်ရာက အားပေးခြင်း, ကူညီခြင်း စသည်တို့သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ မိမိမျိုးနွယ်ကောင်း ကျိုးအတွက် ကျင့်ဆောင်ခြင်းဟူသော အလွန်မွန်မြတ်သည့် ဥာတတ္ထစရိယာလမ်းစဉ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးကြသော ရဟန်း,ရှင်,လူ ပြည်သူတို့ကလည်း အန္တရာယ်ကို ကာကွယ်ပေးနေသူများနှင့် ထိခိုက်နစ်နာဆုံးရှုံးသူများကို စွမ်းနိုင်ရာက အားပေးကူညီကြခြင်းအားဖြင့် အလွန်မွန်မြတ်သည့် ဥာတတ္ထစရိယာလမ်းစဉ်ကို လိုက်ကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီး (ဗဟို)က တိုက်တွန်းနှိုးဆောင်အပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ

ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
စာအမှတ်၊ ၀၀၂၅/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်
(ဖေဖေါ်ဝါရီ-၁၅)၊ တနင်္ဂနွေနေ့

No comments:

Post a Comment