Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, February 14, 2015

( ၁၁.၂.၂၀၁၅) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အရေးပေါ် အထူးအစည်းအဝေးကြီးမှ ထုတ်ပြန်လိုက်သည့် သဘောထားကြေညာချက်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အရေးပေါ် အထူးအစည်းအဝေးကြီးမှ ထုတ်ပြန်လိုက်သည့်
သဘောထားကြေညာချက်

(၂.၂.၂၀၁၅)တွင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သော ၀ှိုက်ကဒ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြု ခြင်းနှင့်ပတ်သက်၍ (၁၁.၂.၂၀၁၅)တွင်ကျင်းပသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ အရေးပေါ်အထူးအစည်းအဝေးကြီးမှ အောက်ပါအတိုင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ကျင်းပသော အရေးပေါ်အထူးအစည်းအ ဝေးကြီး၏ ဆုံးဖြတ်ချက်အရ ``(၂.၂.၂၀၁၅)တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်၏ ၀ှိုက်ကဒ်ကိုင် ဆောင်သူများအား မဲပေးခွင့်ပြုကြောင်း ဆုံးဖြတ်ချက်သည် ၁၃၅-မျိုးသော တိုင်းရင်းသားပြည်သူအားလုံးအနေ ဖြင့် မည်သို့မျှ ခွင့်မလွှတ်နိုင်သော သမိုင်းအမွေဆိုးကြီးကို ဆက်လက်ကျူးလွန်လိုက်ခြင်းဖြစ်သည်´´ ဟု တညီ တညွှတ်တည်း သတ်မှတ်လိုက်သည်။

၂။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ အပိုဒ်(၄)၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်´´ ဆိုသည့် ပြဋ္ဌာန်းချက်အရ ``နိုင်ငံသား မဟုတ်သော လူမျိုးစုများမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခွင့် လုံးဝမရှိစေရေး ဆောင်ရွက်ပေးရန်´´ လေးလေးနက်နက်တိုက်တွန်းလိုက်သည်။

၃။ ထို့ကြောင့် ၂၀၀၈-ခုနှစ်၊ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲမှစ၍ နောင်လာမည့် မည်သည့်ဆန္ဒခံယူ ပွဲ၊ မည်သည့်ရွေးကောက်ပွဲ၌မဆို ``နိုင်ငံတော်၏သစ္စာကို မစောင့်သိသော၊ နိုင်ငံတော်၏အချုပ်အခြားအာဏာ ကို အန္တရာယ်ပြုနိုင်သော မည်သည့်လူမျိုးစုကိုမျှ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကဒ်)ဖြင့် မဲပေးခွင့်မပြုရန်´ ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။

စာအမှတ်၊ ၀၀၂၃/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလပြည့်ကျော် ၈ရက်၊
ဖေဖေါ်ဝါရီ-၁၁၊ ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)
(နိုင်ငံတော်သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

(ARKAR)

No comments:

Post a Comment