Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, February 28, 2015

ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ) သာကီသွေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၇


ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ)
သာကီသွေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၇

အပ္ပမာဒေန သမ္ပာဒေထ သီလ, သမာဓိ, ပညာဖြည့်ကျင့်ဖို့ သတိမမေ့ကြနှင့်။
၁။ မတရားမှု မလုပ်ခြင်းသည်လည်း သီလပင်ဖြစ်သည်။
၂။ မတရားမှုဆိုသည်မှာ ကိုယ်,နှုတ်တို့ဖြင့်ပြုသော ကာယကံ, ၀စီကံ ဒုစရိုက်များပင်ဖြစ်သည်။ (၀ါရိတ္တသီလ)
၃။ တာဝန်သိခြင်း, တာဝန်ယူခြင်း, ခေါင်းမရှောင်ခြင်းသည်လည်း သီလပင်ဖြစ်သည်။ (စာရိတ္တသီလ)
၎။ တာဝန်ဆိုသည်မှာ လူသားတိုင်းမဖြစ်မနေလိုက်နာရမည့် ကာလ၊ ဒေသ၊ ပုဂ္ဂလဆိုင်ရာ လူမှုဝတ္တရား လူ့ယဉ် ကျေးမှုများဖြစ်သည်။
၅။ အဆင့်မြင့် တကယ့်ထိုက်တန်သည့် အထွတ်အထိပ်ရောက်ဖို့ တည်တည်ငြိမ်ငြိမ် သမာဓိရှိမှ ဖြစ်နိုင်သည်။
၆။ အဆိုပါသမာဓိအဆင့်ကိုလည်း သတိကြီးစွာထားပြီး မလျှော့သောဇွဲဖြင့် ကြိုးစားဖို့လိုသည်။
၇။ အဆိုပါထိုက်တန်သည့် သီလ၊ သမာဓိအခြေခံခိုင်မာမှ မှန်ကန်သည့် သိမြင်မှု ပညာအဆင့်သို့ ရောက်မည်။
၈။ မှန်ကန်သည့် သိမြင်မှုပညာကိုလည်း အတွေးအခေါ်မှန်ကန်မှု သမ္မာသင်္ကပ္ပဖြင့် ထောက်ကူပေးမှရမည်။
၉။ သီလ, သမာဓိ, ပညာနှင့် ရိုးသားမှု, ကြိုးစားမှုတို့သည် အဆိုကွဲသော်လည်း သဘောမှအတူတူပင်ဖြစ်၍ ဤအင်္ဂါရပ်များပြည့်စုံလျှင် လောကီ၊ လောကုတ္တရာရေးရာအားလုံး မလွဲမသွေ ပြီးပြည့်စုံမည်သာဖြစ်ပေမည်။


မှတ်ချက်- ရိုးသားမှု, ကြိုးစားမှု= သီလ, သမာဓိ, ပညာ = မဂ္ဂင်၈-ပါး။


တပေါင်းလဆန်း-၆ရက်၊ ၁၃၇၆-ခု၊
ဖေဖေါ်ဝါရီလ-၂၃၊ ၂၀၁၅၊ တနင်္လာနေ့။


အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment