``၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ
အထူးထိမ်းမြားမှုနှင့်
အမွေဆက်ခံမှု အက်ဥပဒေ´´
အဆိုးဆုံးနှင့် ပြဿနာအဖြစ်ဆုံးအချက်
ပုဒ်မ ၅ လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော
ယောက်ျားတစ်ဦးနှင့် အသက် (၁၄)နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများတစ်ဦးတို့သည်
ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။
အထက်ပါပြဋ္ဌာန်းချက်ကို ဖတ်ရှုလေ့လာရုံမျှဖြင့်
မိခင်နို့ရည်နံ့မစင်သေးသော နုနုထွတ်ထွတ် ကလေးသာသာအရွယ်မျှသာရှိသေးသော မြန်မာဗုဒ္ဓဘာသာ
အမျိုးသမီးငယ်ကို လူပျိုဘော်ဝင်ပြီးဖြစ် သည့် အသက်အပိုင်းအခြားမရှိ၊ သက်ကြီးရွယ်အို၊
မည်သည့်ဘာသာခြားကမဆို လက်ထပ်ယူနိုင် သည် ဆိုသောအချက်မှာ မည်မျှရင်လေးဖွယ်ရာ ဖြစ်သည်ကို
အလွယ်တကူသိရှိနိုင်ပါသည်။
ထိုသို့ အသက် (၁၄)နှစ်အောက်အရွယ်ကို လက်ထပ်ခွင့်ပြုပါက
ရာဇသတ်ကြီးဥပဒေပုဒ်မ `၃၇၅´ အရ မုဒိမ်းမှုမှ ကင်းလွတ်စေရန် (တစ်နည်းအားဖြင့်) ထိုပုဒ်မ
၃၇၅ ၏ ပထမချွင်းချက်အရ ``မိန်းမကခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ ထိုမိန်းမသည်
အသက် ၁၄ နှစ်အောက်အရွယ် ရှိသူဖြစ်ခြင်းသည် မုဒိမ်းမှုမြောက်သည်´´ဟူသော ပြဋ္ဌာန်းချက်နှင့်လွတ်ကင်းစေရန်
အသက် ၁၄ နှစ် ကို သတ်မှတ်ခြင်းဖြစ်ပါသည်။
``သို့သော် ထိုသူငယ်မသည် အသက် (၂၀) မပြည့်သေးသည့်မိန်းမဖြစ်လျှင်
မိဘ၏သဘော တူညီချက်ကိုသော်လည်းကောင်း၊ မိဘတို့သေဆုံးပါမူ အမှန်အုပ်ထိန်းသူ (သို့) တရားဥပဒေအရ
အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကိုသော်လည်းကောင်း ရရှိပြီးဖြစ်ရမည်´´
ဟူ၍ ပါရှိပါသည်။
၎င်းကိစ္စ၌ မိဘ (သို့) အုပ်ထိန်းသူက ဘ၀ရပ်တည်မှုခက်ခဲ၍လည်းကောင်း၊
ငွေကြေး ပြဿနာကြောင့်လည်းကောင်း၊ တစ်စုံတစ်ရာသောအကြောင်းကြောင့် ဘာသာခြားနှင့် လက်ထပ်ခွင့်
ကိုခွင့်ပြုလျှင် ထိုသူငယ်မသည် မိဘအုပ်ထိန်းမှုအောက်တွင် မရှိတော့ဘဲ၊ ဘာသာခြားကာမပိုင်လင်၏
အုပ်ထိန်းမှုအောက်သို့ ချက်ချင်းရောက်ရှိသွားမည် ဖြစ်ပါသည်။
ထိုသို့ ဘာသာခြားလင်ယောက်ျား၏ တရားဝင်လင်မယားအဖြစ်သို့
ရောက်ရှိသွားသည်နှင့် တပြိုင်နက် ထိုဘာသာခြားလင်ယောက်ျားမှ ၄င်းကိုးကွယ်သည့်ဘာသာသို့
နည်းမျိုးစုံဖြင့် ကူးပြောင်းသိမ်းသွင်းခြင်းကို မိန်းမဖြစ်သူသည် မရှုမလှ ခံစားရပါသည်။
ထိုသို့ ဘာသာခြားလင်ယောက်ျားက ၄င်းကိုးကွယ်သည့်ဘာသာသို့
ကူးပြောင်းသိမ်းသွင်းရန် အဓိကအကြောင်းမှာ ထိုလင်ယောက်ျားကိုးကွယ် သည့်ဘာသာသို့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးက
ကူးပြောင်းဝင်ရောက်မှသာ ထိုယောက်ျား၏တရားဝင်မယားအဖြစ် ရောက်ရှိမည်ဆိုသော အကြောင်း မှာ
အဓိကဖြစ်သည်။
ထိုအချက်ကို ၁၉၅၄-ခုနှစ်ဥပဒေက ဘာသာခြားလင်ယောက်ျားက
၎င်း၏ဗုဒ္ဓဘာသာဝင် မယားကို ၄င်းကိုးကွယ်သည့်ဘာသာသို့ ကူးပြောင်းစေခြင်းမပြုရန်၊ တစ်စုံတစ်ရာတားမြစ်ပိတ်ပင်
ထားသည့် ပြဋ္ဌာန်းချက်လုံးဝမရှိခြင်းမှာ ထို ၁၉၅၄ ခုနှစ် ဥပဒေ၏ အဓိကအဆိုးဆုံးအချက် ဖြစ်ပါ
သည်။ မီးလောင်ရာလေပင့်ဆိုလျှင် မမှားပါ။
ထိုမြန်မာဗုဒ္ဓဘာသာ အမျိုးသမီးငယ်သည် ဘာသာခြားကာမပိုင်လင်ယောက်ျား၏
မယား အဖြစ်သို့ ရောက်ရှိသွား၍ မိမိ၏ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွင်မရှိတော့ဘဲ အပျိုရည်ပျက်ရခြင်းဘ၀၊
ကလေးများတစ်ယောက်ပြီးတစ်ယောက် မွေးဖွားရသည့်အခြေအနေ ထိုယောက်ျားကျွေးသမျှ ပေးသမျှသာစားသုံးရပြီး
ထိုယောက်ျား၏အိမ်တွင်နေ၍ ဘာသာခြားဆွေမျိုးသားချင်းများအလယ်၌ မျက်စိသူငယ်ဖြင့်ရပ်တည်ရသည့်ဘ၀သည်
ထိုဗုဒ္ဓဘာသာဝင်သူငယ်မအဖို့ ``နူနာဝဲစွဲ၊ လဲရာသူခိုး ထောင်း´´ဆိုသော အခြေအနေသို့ ရောက်ခြင်းမကရောက်ရှိသွားပြီး
မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် မည်သို့ပင်ယုံကြည်ကိုးကွယ်မှုရှိစေကာမူ မတတ်သာသည့်အဆုံး
ဘာသာခြားလင်ယောက်ျား ၏ ကိုးကွယ်သည့်ဘာသာသို့ ကူးပြောင်းလိုက်ရခြင်းဖြစ်ပါသည်။
တစ်ဆက်တည်းပင် မွေးဖွားလာသောကလေးများမှာလည်း
ဘာသာခြားလင်ယောက်ျား၏ ကိုးကွယ်ရာဘာသာအောက်သို့ အလိုအလျောက် ရောက်ရှိသွားရစမြဲ ဖြစ်ပါသည်။
၁၉၅၄ ခုနှစ်၊ ဥပဒေက မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအခွင့်အရေးကို
ကာကွယ်စောင့်ရှောက် သွားမည်ဆိုသော်လည်း အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများအရ စာရွက်ပေါ်တွင်သာ
ရှိနေသောအခွင့်အရေး ဖြစ်ပါသည်။ ဘာသာခြားနှင့်လက်ထပ်ပြီးပါက ထိုအမျိုးသမီးငယ်မှာ ဘာသာခြားဖြစ်သွား၍
ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးဟူသော အနေအထားအဆင့်ပင် မရရှိနိုင်တော့ပါ။ အင်မတန်ကံကောင်းမှသာ
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ရပ်တည်နိုင်သည်ဆိုစေကာမူ
ဘာသာခြားလင်ယောက်ျား၏ ကိုးကွယ်ရာဘာသာရေးဥပဒေအရ တရားဝင်ဇနီးမဟုတ်တော့၍ လက်ထပ်မှုပျက်ပြယ်သည့်အခါ၊
ကွာရှင်းပြတ်စဲသည့်အခါ၊ လင်ဖြစ်စေ မယားဖြစ်စေ ကွယ်လွန်သည့်အခါ၊ အမွေဆက်ခံရသည့်အခါ ပစ္စည်းခွဲခြမ်းရေး၊
သားသမီးအုပ်ထိန်း ရေးကိစ္စတို့တွင် အငြင်းပွားသည့်အခါမျိုးမှသာ ထို ၁၉၅၄ ခုနှစ် ဥပဒေက
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအခွင့်အရေးကို တရားရုံးအဆင့်ဆင့်တက်ရောက်နိုင်ပြီး ငွေကြေးအမြောက်အမြား
အကုန်ခံ နိုင်သည့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကသာ ရရှိကောင်းရရှိနိုင်မည်ဖြစ်သည်။ သာမန်လူတန်းစား
အနေဖြင့် ထိုအခွင့်အရေးမျိုးမရနိုင်ကြပါ။
ဥပမာအားဖြင့် ရောဂါကျွမ်းမှ ဆေးကုသပေးရသည့်အခါတွင်
ရောဂါ ပျောက်မပျောက်မသိ ငွေကြေးအမြောက်အများကုန်ကျမည်ဖြစ်ရာ ထိုငွေကြေးအမြောက်အများကို
ဗုဒ္ဓဘာသာမြန်မာအမျိုး သမီးအနေဖြင့် ရှာဖွေရန် မဖြစ်နိုင်တော့ပါ။
ထို ၁၉၅၄-ခုနှစ် ဥပဒေမှာ ဒုက္ခမဖြစ်အောင်ကြိုတင်ကာကွယ်သည့်
ဥပဒေအမျိုးအစားမျိုး မဟုတ်ဘဲ ပြဿနာပေါင်းစုံနှင့် ကူ၍မရကယ်၍မရသည့် ဘ၀အခြေအနေရောက်မှ
ရင်ဆိုင်ရမည့် ဥပဒေ ဖြစ်ပါသည်။
ထိုဥပဒေမှာ ``ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏မ၀´´
ဆိုသော ဥပဒေမျိုး ဖြစ်ပါသည်။
ထို့ကြောင့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး၏
အစည်းအဝေးမှ ``မီးမလောင်ခင်ကြိုတင်တား´´၊ ``ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်´´ ဆိုသည့် ဆောင်ပုဒ်တို့နှင့်
အညီ``ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ်ဥပဒေ(မူကြမ်း)´´
ကို သက်ဆိုင်ရာတို့မှပြဋ္ဌာန်းပေးပါရန် လက်ရှိဆိုးရွားလာသောဒုက္ခမှလည်းကင်းဝေးစေရန်၊ အနာဂတ်
ပဋိပက္ခများ ထပ်မံမပေါ်ပေါက်စေရန် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် ငြိမ်းချမ်းစွာ
ယုံကြည် စိတ်ချစွာဖြင့်နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်စေရန် သူ့စည်းကိုယ့်စည်းခြား၍
ဘာသာ ပေါင်းစုံဖြင့် အေးချမ်းစွာနေထိုင်ရန်ရည်ရွယ်၍ ထိုဥပဒေမူကြမ်းကို အကောင်အထည်ဖော်ပေးရေး
အတွက် သံဃာတော်များမှ အမြော်အမြင်ကြီးစွာဖြင့် စေတနာသန့်သန့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မည်သည့်ကိုးကွယ်ရာဘာသာ၊ မည်သည့်လူမျိုး၊
မည်သည့်အခွင့်အရေးကိုမှ ထိခိုက်အောင် ပြုလုပ်ခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။
အထက်တွင် ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ
အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ခံမှုအက်ဥပဒေ၏ အားနည်းချက်ကိုအကြောင်းပြု၍ ပြဿနာများပေါ်ပေါက်လေ့ရှိသဖြင့်
ယခုပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ ``ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ ပြည်ထောင်
စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၂´´ ကို ၂၀၁၂ ခုနှစ်၊ မေလ (၉) ရက်နေ့စွဲဖြင့်``နိုင်ငံခြားသားများနှင့်
မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းကိစ္စ´´ ခေါင်းစဉ်ဖြင့်
(၁) မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ၀င်ရောက်လာကြသော
နိုင်ငံခြားသားအချို့သည် မြန်မာအမျိုးသမီးများနှင့် လက်ထပ်ထိမ်းမြားရန်တရားရုံးတွင်
ကျမ်းကျိမ်လွှာများပြုလုပ်လေ့ရှိကြပါ သည်။ သို့ရာတွင် အချို့သောနိုင်ငံခြားသားများသည်
မြန်မာအမျိုးသမီးများနှင့် အမှန်တစ်ကယ် လက်ထပ်ထိမ်းမြားလိုခြင်းမဟုတ်ဘဲ နိုင်ငံခြားသို့
မြန်မာအမျိုးသမီးများကို ခေါ်ဆောင်ကာ အကျင့် သိက္ခာပျက်ပြားသည့် အလုပ်များစေခိုင်းသည့်
အတွက် မြန်မာအမျိုးသမီးများ အတိဒုက္ခရောက်ကာ ဘ၀ဆုံးရှုံးရမည့် အန္တရာယ်များတွေ့ကြုံရသည်ကို
ကြားသိရသဖြင့် တရားရုံးချုပ်က (၁.၇.၁၉၉၈) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၁၉၉၈ ကို ထုတ်ပြန်ကာ
မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ကြောင်း
ကျမ်းကျိမ်လွှာပြုလုပ်ရေး တင်ပြလာပါက မည်သည့် တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရန်
ညွှန်ကြားခဲ့သည်။
၂။ ………………………………….. သို့ဖြစ်၍ နိုင်ငံခြားသားနှင့်ထိမ်းမြားလက်ထပ်လိုသူ
မြန်မာ အမျိုးသမီးတို့ နစ်နာဆုံးရှုံးမှုမဖြစ်စေရန်အတွက် နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ
ထိမ်းမြား လက်ထပ်ခြင်း ကျမ်းကျိမ်လွှာပြုလုပ်ပေးရန် တင်ပြလာပါက တရားရုံးများက အောက်ပါအချက်များကို
ရှေးဦးစွာစီစစ်ဆောင်ရွက်ရန်ဖြစ်သည်။
(က) တရားရုံးက ကျမ်းကျိမ်လွှာပြုလုပ်လိုသူတို့သည် အမှန်တကယ်
အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူပေါင်းသင်းရန် ရည်ရွယ်၍ လက်ထပ်ထိမ်းမြားလိုခြင်း ဟုတ်မဟုတ်ကို
ခိုင်လုံသည့် အထောက်အထားတင်ပြနိုင်ခြင်း ရှိ/မရှိ။
(
ခ) ကျမ်းကျိမ်လွှာပြုလုပ်လိုသူတို့သည် ဗုဒ္ဓဘာသာဝင်များ
ဟုတ်/မဟုတ်၊
(
ဂ) ထိမ်းမြားလက်ထပ်နိုင်သည့် အရည်အချင်းနှင့်
ပြည့်စုံသူတို့ ဟုတ်/မဟုတ်၊
(ဃ) ကျမ်းကျိမ်လွှာတွင် ဖော်ပြချက်များသည် မှန်ကန်ခြင်း
ရှိ/မရှိ၊
(
င) လိမ်လည်အလွဲပြောဆိုခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊
ခြိမ်းခြောက်ခြင်းမရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် လွတ်လပ်စွာသဘောတူကျမ်းကျိမ်လွှာ ပြုလုပ်ခြင်း
ဟုတ်/မဟုတ်၊
၃။ တရားရုံးများက အထက်အပိုဒ်-၂ ပါ အချက်ကို စိစစ်ပြီးနောက်
သဘောကျကျေနပ်မှုရှိပါက ကာယကံရှင်နှစ်ဦးနှစ်ဘက်အား တရားသူကြီးနှင့် သက်သေများရှေ့မှောက်တွင်
ကျမ်းကျိမ်ဆိုစေ၍ ကျမ်းကျိမ်လွှာတွင် ဖော်ပြပါရှိသော အချက်အလက်များ မှန်ကန်ကြောင်း ကတိဝန်ခံချက်လက်မှတ်
ရေးထိုးစေရမည်။
ထိုညွှန်ကြားချက်အပိုဒ်-၈ တွင် ``ထိမ်းမြားလက်ထပ်ခြင်းသည်
ထိမ်းမြားလက်ထပ်သူများ၏ ကိုးကွယ်သည့်ဘာသာအပေါ်တွင် အခြေခံခြင်းဖြစ်သဖြင့်
……………………………………. လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာအလိုက် ဓလေ့ထုံးတမ်းဥပဒေများနှင့် အောက်ပါထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ
ပြဋ္ဌာန်းဥပဒေများလည်း အတည်ဖြစ်လျက်ရှိသည်´´ ဟူ၍ ဖြစ်ပါသည်။
ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြားများ
လူမျိုးခြားတို့သည် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို အလွယ်တကူထိမ်းမြားလက်ထပ်နိုင်ခြင်းမှာ
အထက်တွင်ဖော်ပြထားသည့် ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့်
အမွေဆက်ခံမှုအက်ဥပဒေနှင့် မြန်မာဓလေ့ ထုံးတမ်းဥပဒေတို့ အားနည်းချက်အရ အလွန်ဆိုးရွားသည့်ပြဿနာများ
ပေါ်ပေါက်လျက်ရှိသည်ကို ယခုလက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင်က
သတိပေးညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်း
အစရှိသောကိစ္စများမှာ ပေါ့ပေါ့တန်တန်လုပ်၍ မဖြစ်ပါ။ အထူးသဖြင့် ဘာသာခြားလူမျိုးခြားတို့နှင့်
ထိမ်းမြားလက်ထပ်မှုသည် အလွန်အရေးကြီး လှကြောင်းကိုပြောရန်ပင်မလိုတော့၍ ယခုလက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
ပြည်ထောင်စု တရားသူကြီးချုပ်ကိုယ်တိုင်က သတိပေးညွှန်ကြားထားသည့်နည်းတူ ယခုနိုင်ငံတော်တစ်ဝန်းလုံးက
တက်ရောက်လာသော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး သံဃာတော်အဖွဲ့ကြီးမှလည်း မြန်မာဗုဒ္ဓဘာသာဝင်
အမျိုးသမီးလေးများကို ဘာသာခြားလူမျိုးခြားတို့က အလိုရှိတိုင်းလွယ်ကူစွာ ရယူပေါင်းသင်းခြင်း၏
အန္တရာယ်ဆိုးကျိုးများကို တွေ့မြင်ရ၍ ယခုမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ(မူကြမ်း) အကောင်အထည်ပေါ်လာခြင်း ဖြစ်ပါသည်။ ယခုအတိုင်း မသိကျိုးကျွံပြုထားပါက
ဘာသာခြားများနှင့် လက်ထပ်ပေါင်းသင်းသည့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတို့မှ မွေးဖွားလာသော
သားသမီးတို့သည် ဗုဒ္ဓဘာသာဝင် မြန်မာကလေးများ မဟုတ်တောဘဲ ဗုဒ္ဓဘာသာအမျိုးအနွယ်တို့သည်
အနှေးနှင့်အမြန် ဆုံးရှုံးပျောက်ကွယ်တော့မည့် အရေးကို အချိန်မီ ကာကွယ်စောင့်ရှောက်ရခြင်း
ဖြစ်ပါသည်။
ယခုကိစ္စတွင် အချို့သောပုဂ္ဂိုလ်တို့၏အမြင်၌
``ကျေးလက်တောရွာရှိ အခြေခံလူတန်းစား တို့၏ ဘ၀မှာ ဆင်းရဲမွဲတေမှုတို့ကြောင့် ယခုကဲ့သို့
ကာယကံရှင် မြန်မာအမျိုးသမီးများအနေနှင့်ရော အုပ်ထိန်းသူမိဘများအနေနှင့်ပါ ဘာသာခြားလူမျိုးခြားတို့နှင့်
လက်ထပ်ထိမ်းမြားရခြင်း ဖြစ်ပါသည်´´ ဟူသော အယူအဆမှာလည်း မှားသည်ဟု မဆိုနိုင်သလို ယခုကဲ့သို့ဥပဒေဖြင့်
အချိန်မီတားမြစ်ခြင်း မရှိပါက ဘာသာခြားလူမျိုးခြားတို့၏ စိတ်ကြိုက်ခြယ်လှယ်ခြင်းကိုပါ
ခွင့်ပြုရာရောက်စေပါသည်။
``စားဝတ်နေရေးမလုံလောက်၍ လာဘ်စားရပါသည်´´
ဟူသောအစဉ်အလာကိုလက်ခံထား ပါက နိုင်ငံတော်ပါ ပျက်စီးမည့်အရေးကြောင့် ``စားဝတ်နေရေးမလုံလောက်ခြင်း´´
သည် တစ်ကိစ္စ၊ ``လာဘ်ပေးလာဘ်ယူခြင်းသည်´´ တစ်ကိစ္စဟု နိုင်ငံတော်အစိုးရတို့က ဆင်ခြင်သုံးသပ်၍
မည်သည့် အကြောင်းပြချက်နှင့်မျှ လာဘ်မစားနိုင်ရန် ပြစ်ဒဏ်ပေးသောဥပဒေဖြင့် တားမြစ်ဟန့်တားရသ်ည့
သာဓကကိုထောက်ရှုပါက် အခြေခံလူတန်းစားများ၏ ဆင်းရဲမွဲတေမှုအပေါ် အမြတ်ထုတ်၍ ဘာသာခြား လူမျိုးခြားတို့က
၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ခံရေးဥပဒေကို
အကာအကွယ်ယူလျက် လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်းတို့ကို ဆက်လက်မပြု လုပ်နိုင်ရန်အတွက်
အချိန်မီ အရေးယူဟန့်တားရန်မှာ အလွန်အရေးကြီးသည့် အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ပါသည်။
ထို့ကြောင့် သံဃာတော်ကြီးများတင်ပြသည့် ပြစ်ဒဏ်စီရင်ချက်ပါ အရေးပေါ်ဥပဒေ (မူကြမ်း)ကို
အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အထူးအရေးကြီးလှပါသည်။
``အချို့ပုဂ္ဂိုလ်တို့၏ ပြင်ပမီဒီယာတို့မှတစ်ဆင့်
ကန့်ကွက်ခြင်းကိစ္စ´´
ယခုမြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ်ဥပဒေ
(မူကြမ်း) အပိုဒ်-၄တွင် မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် ခွင့်ပြုချက်ရယူရန်ဖော်ပြချက်မှာ
ဥပဒေ နှင့်မညီကြောင်း မြန်မာနိုင်ငံဥပဒေတွင် ``အရွယ်ရောက်ခြင်းဆိုင်ရာဥပဒေ´´ အရ အသက်
၁၈ နှစ်နှင့် ၂၁ နှစ်တို့သည် အရွယ်ရောက်ပြီးဖြစ်၍ ကာယကံရှင်အမျိုးသမီး၏ ဆုံးဖြတ်လုပ်ကိုင်ခွင့်တို့မှာ
အုပ်ထိန်းသူမိဘတို့နှင့် မသက်ဆိုင်တော့ဟု (၅.၇.၂၀၁၃) ဘီဘီစီ ( BBC )၏ အမေးအဖြေခန်းတစ်ခု
တွင် ရှေ့နေဦးအောင်ထူးဆိုသူက ကန့်ကွက်ဖော်ပြခဲ့ပါသည်။
အဆိုပါ
ဦးအောင်ထူး၏ဖော်ပြချက်သည် ယခုကိစ္စနှင့် လုံးဝမသက်ဆိုင်ကြောင်းမှာ ထို ``အရွယ်ရောက်ခြင်းဆိုင်ရာဥပဒေ´´
( The Majority Act ) ပိုဒ်-၂ တွင် ပြဋ္ဌာန်းချက်အရ ထင်ရှား ပါသည်။
ထိုအက်ဥပဒေ အပိုဒ်-၂ (က) တွင် ``လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကိစ္စ၊
လင်မယားကွာ ရှင်းခြင်းကိစ္စ၊ ခန်းဝင်ပစ္စည်းကိစ္စ၊ မွေးစားခြင်းနှင့်ဆိုင်ရာကိစ္စ´´ တို့၌လည်းကောင်း
(ခ) တွင် ဘာသာရေးဆိုင်ရာကိစ္စ၊ ဘာသာရေးဓလေ့ထုံးတမ်းအစဉ်အလာကိစ္စတို့၌လည်း
ကောင်း၊ အရွယ်ရောက်ခြင်းနှင့် ပတ်သက်သည့် အသက်အပိုင်းအခြားသတ်မှတ်မှုသည် ထိုဥပဒေနှင့်
လုံးဝမပတ်သက်´´ ဟူ၍ မသက်ဆိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ၊
အရွယ်ရောက်မှု၊ အသက်ပြည့်မီခြင်းရှိ/မရှိကိစ္စတို့ မှာ ``The Majority Act ´´အရွယ်ရောက်ခြင်းဆိုင်ရာ
ဥ့ဒေအရ သတ်မှတ်ခြင်းမပြုနိုင်ဟု အထင် အရှားပြဋ္ဌာန်းထားခြင်းရှိပါလျက်နှင့် ယခုကဲ့သို့
ဘီဘီစီ (BBC) မှတစ်ဆင့် ရှေ့နေဦးအောင်ထူးမှ ပြောဆိုခြင်းမှာ ဥပဒေနှင့်လုံးဝဆန့်ကျင်သောပြောဆိုမှုသာဖြစ်ပါသည်။
ထို့ကြောင့် မိဘအုပ်ထိန်းသူတို့အနေဖြင့်
မိမိ၏သမီးကို ထိမ်းမြားခွင့်ပြုခြင်း၊ မပြုခြင်းတို့မှ မိဘ အုပ်ထိန်းသူတို့၏ တာဝန်ဝတ္တရားဖြစ်ကြောင်း
အလွန်ထင်ရှားပါသည်။ ထိမ်းမြားလက်ထပ်လိုသည့် သတို့သား၏အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်
ကျမ်းမာရေးမှအစ မိဘအုပ်ထိန်းသူ အနေဖြင့် ဘက်စုံအောင်စုံစမ်းလေ့လာပြီးမှ ခွင့်ပြုချက်ပေး/မပေးကို
ဆုံးဖြတ်ရန် အခွင့်အရေးနှင့် တာဝန်မှာ မိဘအုပ်ထိန်းသူတို့၌သာ ရှိပါသည်။
သတို့သားလောင်းသည် မည်သည့်ဘာသာကိုးကွယ်သူဖြစ်ကြောင်း
ဗုဒ္ဓဘာသာဝင် ဟုတ်/ မဟုတ်ဆိုသောကိစ္စမှာ ``ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင်ဥပဒေ
(မူကြမ်း) အရ နိုင်ငံ တော်အစိုးရမှ အဆုံးအဖြတ်ပေးမှုသာ ပြုလုပ်နိုင်´´ သည်ဖြစ်၍ မိမိတို့၏သမီးနှင့် သဘောတူရန်
သင့်မသင့်ကိစ္စမှာ မိဘအုပ်ထိန်းသူတို့၏ ကိစ္စဖြစ်သည်ဟု သတိပြုသင့်ပါသည်။
အထူးတင်ပြလိုသည့်အချက်မှာ အထက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
ပြည် ထောင်စုတရားသူကြီးချုပ်မှ ညွှန်ကြားအမှတ် (၁/၂၀) အပိုဒ်-၈ တွင် ``လက်ထပ်ထိမ်းမြားခြင်းသည် လက်ထပ်ထိမ်းမြားသူများ၏
ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံခြင်းဖြစ်သဖြင့်´´ ဟူ၍ အထင် အရှားညွှန်ပြထားရှိပါလျက်နှင့်
``လက်ထပ်ထိမ်းမြားခြင်းသည် လူမှုရေးကိစ္စဖြစ်၍ ဘာသာရေးနှင့် မပတ်သက် ထို့ကြောင့် ဗုဒ္ဓဘုန်းတော်ကြီးများသည်
လက်ထပ်ထိမ်းမြားမှုကိစ္စတို့၌ ၀င်မပါကြပါနဲ့၊ ဘာသာရေးသက်သက်ကိုသာလုပ်ကြပါ´´ ဟု ကျယ်လောင်စွာ
ဟစ်အော်လာကြသော (အထူးသဖြင့် အမျိုးသမီးတို့ဘက်မှ) ဝေဖန်ပြောဆိုချက်မှာ အလွန်ပင်မှားယွင်းလျက်ရှိပြီး
………………………. အထက်ဖော်ပြချက်ပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်၏
ညွှန်ကြားချက်ကို ဆန့်ကျင်၍ပြောဆိုရာရောက်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပင်
မထီမဲ့မြင်ပြုရာ ရောက်နေပါသည်။
အထက်ပါ ကိစ္စများအပြင် အထူးဖော်ပြလိုသည်မှာ
မျိုးစောင့်ဥပဒေ (မူကြမ်း)သည် ``အမျိုးသမီးထုကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ အမျိုးသမီးများ၏
အခွင့်အရေးကို ပိတ်ပင်ခြင်းမျိုးသာဖြစ်ပါ သည်´´ ဟူသော ကန့်ကွက်ချက်မှာမူ လုံးဝအခြေအမြစ်မရှိရုံမျှမက
ထိုဥပဒေမူကြမ်းကို သေချာစွာ ဖတ်ရှုလေ့လာခြင်းမပြုဘဲ ဝေဖန်ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။
ထိုဥပဒေ (မူကြမ်း) အပိုင်း ၂ တွင် ဖေါ်ပြချက်မှာ အလွန်ရှင်းပါသည်။ ထိုဥပဒေ (မူကြမ်း)
သည် ဘာသာခြားနှင့် တရားမ၀င်လက်ထပ် သည့် ဗုဒ္ဓဘာသာအမျိုးသမီးကိုမျှ အရေးယူရန်၊ အပြစ်ပေးရန်
ဖော်ပြသည့်ပြဋ္ဌာန်းချက်လုံးဝမရှိပါ။ ထိုဥပဒေ (မူကြမ်း) ၌ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြား
(ဘာသာမတူ) သူက ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းခြင်းမရှိဘဲ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတို့ကို
လက်ထပ်ပေါင်းသင်းလျှင် ထိမ်းမြား ခြင်းပြုလျှင် (လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံလျှင်)
ထိုသူ (ထိုယောက်ျား) ကို အရေးယူအပြစ် ပေးရန်သာ ဖော်ပြထားရှိခြင်းဖြစ်ပါသည်။ မည်သည့်အမျိုးသမီးကိုမျှ
အရေးယူရန်မရှိ၍ အမျိုးသမီး သည် နစ်နာစရာအကြောင်းမရှိသည့်အပြင် အမျိုးသမီးထုကို ဖိနှိပ်ချုပ်ချယ်ရာလည်း
မရောက်ကြောင်း ထင်ရှားပါသည်။
ထိုဥပဒေ (မူကြမ်း) နှင့် ပူးတွဲတင်သွင်းထားသည့်
ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း)ပါ ဖော်ပြချက်အရ မည်သည့်အမျိုးသမီးမဆို
မိမိကိုးကွယ်ရာဘာသာသို့ လွတ်လပ်စွာကူးပြောင်းကိုးကွယ်ခွင့်ရှိပါ၍ မိမိနှစ်သက်ရာဘာသာသို့ကူးပြောင်းပြီး
မိမိနှစ်သက်ရာ ယောက်ျားကို ထိုဘာသာပါပြဋ္ဌာန်းချက်တို့နှင့်အညီ စိတ်ကြိုက်လွတ်လပ်စွာ
လက်ထပ်ပေါင်းသင်း ယူနိုင်ကြပါသည်။ မည်သို့မျှချုပ်ချယ်ထားခြင်းမရှိပါ။
ယနေ့မြန်မာနိုင်ငံတွင် ``အရည်အချင်းပြည့်မီသော
ကျန်းမာသန်စွမ်းသည့် မိကောင်းဖခင် သားသမီးများဖြစ်ကြသည့် မြန်မာ (တိုင်းရင်းသားအားလုံးပါဝင်သည်)
ဗုဒ္ဓဘာသာ လူတော်လူကောင်း ယောက်ျားလေးများ မြောက်မြားစွာသန်းချီ၍ရှိသည်ကိုလည်း သိရှိစေလိုပါကြောင်း´´
စေတနာ ကောင်းဖြင့် ဖော်ပြလိုက်ရပါကြောင်း …… ။ ။
ဦးရဲခေါင်ညွန့်
(
ဥပဒေအကြံပေး )
No comments:
Post a Comment