ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍
မှတ်ပုံတင်ဥပဒေ (မူကြမ်း)
(၁) မည်သူမဆို၊ မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာတစ်ခုခုသို့
ကူးပြောင်းလိုလျှင် ထိုသို့ ပြုလုပ်လိုကြောင်းကို သာသနာရေးဝန်ကြီးဋ္ဌာန၏ သက်ဆိုင်ရာ သာသနာရေးဦးစီးဋ္ဌာနသို့
အကျိုးအကြောင်း တင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနှင့်
အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို မိတ္တူပေးပို့ရမည်။
(၂) ထိုသို့လျှောက်ထားခြင်းမှာ မည်သည့်အကြောင်းကိုအခြေခံ၍
ကူးပြောင်းလိုခြင်းဖြစ်ကြောင်းကို ဖော်ပြရမည်။
(၃) အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ထိမ်းမြားရေးအတွက်
(သို့) ကွာရှင်းရေးအတွက် (သို့) ပစ္စည်း ခွဲခြမ်းရေးအတွက် (သို့) အမွေဆက်ခံရေးအတွက်ဖြစ်ကြောင်း
စသည်တို့ကို မှန်ကန်စွာဖော်ပြရမည်။
(၄) ၄င်းအပြင် ဘာသာအယူဝါဒနှင့်ပတ်သက်၍ ယုံကြည်ချက်ပြောင်းလဲလိုခြင်းအပေါ်
အခြေခံခြင်း ဟုတ်/ မဟုတ်ကို ပြည့်စုံစွာဖော်ပြရမည်။
(၅) ထိုသို့လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက
လိုအပ်သလို အမှုဖွင့်စုံစမ်း ရမည်။
(၆) လိုအပ်လျှင် မူလလက်ဟောင်း ဘာသာရေးအဖွဲ့အစည်းနှင့်
အသစ်ကူးပြောင်းလိုသော ဘာသာရေး အဖွဲ့အစည်းများ၏ သဘောဆန္ဒကို ရယူနိုင်သည်။
(၇) ထိုသို့စုံစမ်းမှုကို (၆)လမှ (၁)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့်
လျှောက်ထားသူများမှာ မိမိ၏ရိုးသားစွာယုံကြည်မှုကြောင့်မဟုတ်ဘဲ အခြား ဘာသာ သာသနာကို ၀င်ရောက်စွက်ဖက်ရန်၊
ဖျက်ဆီးရန်၊ ပြဿနာဖြစ်ရန် (သို့) မရိုးသားသောအကြံအစည်တစ်ခုခုဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း
ပေါ်လွင်လျှင် ထိုလျှောက်ထားချက်ကို အကြောင်းပြချက်များနှင့် ပယ်ရမည်။ ထိုသူကိုလည်းကောင်း၊
အားပေး ကူညီသူများနှင့် ပူးပေါင်းဆောင်ရွက်သူများကိုလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေနှင့်
အခြားတည်ဆဲဥပဒေ များအရ အရေးယူတရားစွဲ ဆိုရမည်။
(၈) ထိုလျှောက်ထားခြင်းမှာ သဘောရိုးဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်းထင်ရှားပါက
ခွင့်ပြုကြောင်း အကြောင်း ပြန်ကြားရမည်။
(၉) ထိုသို့ပြုလုပ်သည့်ကိစ္စရပ်များ၌ စာရင်းအင်းပြုလုပ်၍
မှတ်ပုံတင်ကဒ်ပြားထားရှိရမည်ဖြစ်ပြီး ထို လျှောက်ထားခြင်းအပေါ် စုံစမ်းစစ်ဆေးရခြင်းအတွက်
လိုအပ်သော သင့်တင့်မျှတသည့် အခကြေးငွေများကိုပါ တောင်းခံရယူရမည်။
(၁၀) ထိုသို့ ဘာသာအယူပြောင်းလဲပြီးပါက နောက်ထပ်တဖန်ပြောင်းလဲရန်
လျှောက်ထားခြင်းကို ခွင့်မပြုရ။
(၁၁) ဤဥပဒေကို ( )
ရက်နေ့တွင်ပြဋ္ဌာန်းပြီး ချက်ချင်းအာဏာတည်စေရမည်။
- - - ဟူ၍ ပြဋ္ဌာန်းပေးစေလိုပါကြောင်း - - -
ထိုအကြံပြုဆုံးဖြတ်ထားသည့်
မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) ပုဒ်မ-၂-တွင်``မည်သူမဆို
မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ် ယူမည့်သူသည် တရားဝင်ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်´´ ဟူသော
ဖော်ပြပါရှိချက်အပေါ် မကျေနပ်သူများ သည် အသည်းကိုကျွဲခတ်သည့်ပမာ လူ့အခွင့်အရေး ကြေငြာစာတမ်းကိုကိုင်စွဲလျက်
ကျယ်လောင်စွာ ကန့်ကွက်လာကြပါသည်။
ပထမ ကန့်ကွက်ချက်
``လူ့အခွင့်အရေးကြေငြာစာတမ်းကို အားကိုးအားထားပြုလျက်
ကန့်ကွက်ခြင်းကိစ္စ´´
ယင်းကိစ္စနှင့်ပတ်သက်၍
အောက်ပါအချက်များကို ဖော်ပြလိုပါသည်။ လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊
အခြေခံဥပဒေပုဒ်မ ၃၄၇ တွင် ``နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ
အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ပေးရမည်´´
ဟု ပါရှိပါသည်။
အထက်တွင်
ဖော်ပြခဲ့ပြီးသော အမှတ် (၁)၊ (၂)၊ (၃) ဘာသာကြီးများ၏ လက်ထပ်ခွင့်၌ ကန့်သတ်ချက်ကိုမူ
မည်သည့်လူ့အခွင့်အရေးဆိုင်ရာတို့မှ ယနေ့အချိန်ထိ လုံးဝကန့်ကွက်ခြင်းမရှိဘဲ၊ အမှတ်စဉ်
(၄) ဖြစ်သည့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တို့နှင့်သာသက်ဆိုင်သော လက်ထပ်ခွင့်ကိုမှ ကန့်ကွက်မည်ဆိုပါက
တရားမျှတရဲ့လား။ ``နိုင်ငံတိုင်း၌ ဥပဒေပြုခွင့် အချုပ်အခြာအာဏာကို လူ့အခွင့်အရေး ကြေငြာစာတမ်းက
လွှမ်းမိုးနိုင်ပါသလား။ အထက်ပါ ထိုကန့်ကွက်မှုသည် အခြေခံ ဥပဒေပုဒ်မ ၃၄၇ ကို ဆန့်ကျင်ပိတ်ပင်မှု
မဖြစ်ဘူးလား´´ ဆိုသော သဘာဝကျ၍ တရားမျှတသော မေးခွန်းများ ပေါ်ပေါက်လာပါသည်။
ထို့အပြင် ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်-၁၅ တွင်
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်ဟူသော
ဖော်ပြချက်ကို အကြောင်းပြု၍ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့်
ပတ်သက်၍သော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ ထိုကိစ္စများ၌
သက်ဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်အပိုဒ်များသည် လူ့အခွင့်အရေးနှင့် မကိုက်ညီပါဟု အကြောင်းပြ၍
ထိုအပိုဒ်များကို ပယ်ဖျက်ပစ်ရမည်လား … ?
အဆိုပါတင်ပြခဲ့ပြီးသော ကိစ္စရပ်များသည် အချုပ်အချာအာဏာပိုင်သည့်
နိုင်ငံတိုင်း၏ ပြည်တွင်းရေးရာကိစ္စရပ်များဖြစ်သဖြင့် လူ့အခွင့်အရေးကိစ္စအဖြစ် အကြောင်းပြ၍
ဝင်ရောက်စွက်ဖက် ခွင့်မရှိကြောင်း ထင်ရှားပါသည်။
၎င်းအပြင် ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အပိုဒ်-
၂ ၏ အပိုဒ်ငယ်-၇ တွင် ``ယခုလက်ရှိ ပဋိညာဉ်စာချုပ်တွင် ပါရှိသည့်အချက်များကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်များမှာ
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌သာ သက်ရောက်သည့်ကိစ္စများတွင်
ဝင်ရောက်စွက်ဖက်ရန် အခွင့် အာဏာမရှိစေရ၊ သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ
အဆိုပါကိစ္စရပ်များကို ယခု လက်ရှိစာချုပ်အရ ဆုံးဖြတ်ရန်တင်သွင်းရမည့် တာဝန်မရှိစေရ´´
ဟူ၍ ဖြစ်ပါသည်။
ထိုပဋိညာဉ်စာချုပ်အပိုဒ်-၁၁၀၌လည်း ``ယခုလက်ရှိ
ပဋညာဉ်စာချုပ်ကို လက်မှတ်ရေးထိုး ထားကြသော နိုင်ငံများသည် မိမိတို့၏ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ
လိုက်နာ ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ လက်ခံအတည်ပြုရမည်´´ဟူ၍ အထင်အရှားပြဋ္ဌာန်း
ထားရှိပါသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာအရ ဥပဒေပြုခြင်းကို တားမြစ်ပိတ်ပင်
ကန့်ကွက်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားရှိပါသည်။
၎င်းအပြင် လူ့အခွင့်အရေးသမားများအနေဖြင့်
အထူးသတိ ပြုသင့်သော အချက်မှာ -
ထိုကြေငြာစာတမ်း အပိုဒ် ၂၉၊ အပိုဒ်ငယ်-၂
၌ ``မိမိ၏လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကိုသုံးစွဲရာတွင် ကိုယ်ကျင့်တရားအပြင်
ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုး စီးပွားဖြစ်ထွန်းစေရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊
ဥပဒေပြဋ္ဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်´´ဟူ၍ ပြဋ္ဌာန်းထားရှိပါသဖြင့်
လူ့အခွင့် အရေးကြေငြာစာတမ်းပါ အခွင့်အရေးများသည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကပြဋ္ဌာန်းသည့်
ချုပ်ချယ်မှု ဘောင်အတွင်း၌သာ ရပ်တည်ခွင့်ရှိပါသည်။
ထိုကဲ့သို့အထက်ဖေါ်ပြပါ အကြောင်းအချက်များက
ယခုအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှ အတည်ပြုဆုံးဖြတ်လိုက်သည့် ဗုဒ္ဓဘာသာအမျိုးသမီးကို
လက်ထပ် ပေါင်းသင်းလိုသည့်လူတိုင်းသည် ဗုဒ္ဓဘာသာဝင်ယောက်ျားဖြစ်ရမည်ဆိုသော စည်းကမ်းသတ်မှတ်
ချက်မှာ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် မကိုက်ညီပါဟု တိုက်ခိုက်ပြောဆိုမှုများသည် တရားဝင်ဖို့
လည်းအကြောင်းမရှိ၊ မှန်ကန်မျှတမှုလည်းမရှိသည့်အတွက် ထိုရှုထောင့်မှနေ၍ ကန့်ကွက်ချက်တို့
ဆက်လက်အသံထွက်ပေါ်လာခြင်း မရှိသည့်အခါတွင် -
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကိစ္စ
တွင် ``၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားရေးနှင့် အမွေဆက်ခံမှုအက်ဥပဒေ´´
ရှိနေပြီဖြစ်၍ ယခုအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အစည်းမှ တင်ပြတောင်းဆိုလာသော
မြန်မာဗုဒ္ဓဘာ သာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် (ဥပဒေမူကြမ်း)မှာ
မလိုအပ်ပါဟု မြန်မာနိုင်ငံပြည်တွင်းဂျာနယ်တို့နှင့် ပြင်ပမီဒီယာများမှ မျက်နှာစာအသစ်ဖွင့်၍
ကိုယ်လိုရာကိုယ်ဆွဲပြီး ``ခုတ်ရာတခြား၊ ရှရာတလွဲ´´ အကြောင်းပြချက်များနှင့် တိုက်ခိုက်လာသည့်အတွက်
``၁၉၅၄ ခုနှစ် ဥပဒေသည် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ အကျိုးစီးပွါးကို လုံးဝအကာအကွယ်မပေးနိုင်သည့်
အပြင် ထိုဥပဒေ၌ ဘာသာခြားက မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို ထိမ်းမြားလက်ထပ်ခွင့်ရှိသည်
ဟူသောအချက်ကို အကာအကွယ်ယူ၍ အသက်(၁၄)နှစ်ပြည့်ရုံမျှသာရှိသော ဗုဒ္ဓဘာသာမြန်မာအမျိုး သမီးငယ်တို့သည်ဘ၀ပျက်၍
ဘာသာခြားမျိုးဆက်များသာပေါ်ထွက်လာလျက်ရှိသည်မှာ မျက်မှောက် ကာလ အခြေအနေတွင် ထင်ရှားလျက်ရှိပါသည်။
No comments:
Post a Comment