Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, September 28, 2016

အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် မဘသအဖွဲ့ကြီး၏ အသိပေး ထုတ်ပြန်ချက်


အသိပေးထုတ်ပြန်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကျော်တံတားမြို့နယ်၊ လမ်း ၄၀၊ အထက်ဘလောက်၊ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကိုယ်ကျိုးစွန့်ပြီး ရဲရဲဝင့်ဝင့် ခက်ခက်ခဲခဲ ကြိုးကြိုးစားစား အများသိအောင် သတင်းထုတ်ဖော်ပေးသော Myanmar Now မှ သတင်းထောက် ကိုဆွေဝင်းသည် လူသားဆန်သည့် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊

၂။ အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ နစ်နာဆုံးရှုံးမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးတို့က တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန်နှင့် အဆိုပါ မြန်မာအိမ်အကူမလေးနှစ်ဦးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများကို တာဝန်သိသူများအနေဖြင့် စွမ်းနိုင်ရာက ၀ိုင်းဝန်း ပါဝင်ကူညီကြပါဟုလည်းကောင်း၊

၃။ အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦးကဲ့သို့ အခြားနေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများလည်း မြောက်မြားစွာ ရှိနိုင်ပါသည်၊ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်သူအားလုံးကိုလည်း တာဝန်သိသူ တာဝန်ရှိသူအားလုံးတို့က စနစ်တကျ ဖော်ထုတ်ခြင်း၊ စနစ်တကျ တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းများကို မဖြစ်မနေ ပြုလုပ်ကြပါဟုလည်းကောင်း၊

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းပါကြောင်းနှင့် အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦးအတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီးကလည်း လိုအပ်သည်များကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါသည်။

စာအမှတ်၊ ၀၀၀၄/စီမံ-မဘသ/ ၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ တော်သလင်းလပြည့်ကျော် ၇-ရက်၊
(စက်တင်ဘာလ ၂၃-ရက်၊ ၂၀၁၆) သောကြာနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar

1 comment:

  1. =နတ်ကောင်းနတ်မြတ်တို့မစောင့်တဲ့တိုင်းသူပြည်သား
    တွေဟာသူယုတ်တို့အနိုင်ကျင့်တာကိုခံရပါတယ်=

    ဘာကြောင့်နတ်ကောင်းနတ်မြတ်တွေမစောင့်ရပါသနည်း

    တိုင်းပြည်မှာသင်္ကန်းဝတ်အချို့ဟာကွန်မြူနစ်နှင့်နောက်
    လိုက်လူဝတ်ကြောင်တွေကိုလေးစား၊အရိုသေပေးပြနေ
    ကြပါတယ်
    ဒီလုပ်ရပ်ဟာသာသနာနှင့်သင်္ကန်းရဲ့အဆင့်အတန်းကို
    နိမ့်ကြအောင်စော်ကားတာနှင့်အတူတူပါ
    မြင်သူတွေကလည်းမှားနေတယ်လို့မဆုံးမကြပါ

    ဒီလိုအကျင့်တရားတွေဆိုးဆိုးရွားရွားပျက်ပြားလာရင်
    တိုင်းပြည်ကိုနတ်ကောင်းနတ်မြတ်တို့မစောင့်ရှောက်
    တော့ပါ

    နတ်ဆိုးတွေနာနာဘာဝတွေလူတွေနားကိုအတားအဆီး
    မရှိလာရောက်ပူးဝင်တာတွေဖြစ်လာပါတော့တယ်

    တိုင်းပြည်မှာတခါမှမကြုံဖူးတဲ့(မိုးပြိုခြင်း)
    ကောင်းကင်ကရေခဲတုံးကြီးတွေ
    ကျပြီးလူတွေရောအကောင်တွေပါသေခြင်း
    မြေငလျှင်ကြီးများဆက်တိုက်လှုပ်ခြင်း
    မီးလောင်ခြင်းများ၊ခရီးသွားရာတွင်အစုလိုက်
    သေရခြင်းများဖြစ်ပေါ်လာပါတယ်

    =လက်တွေ့ဖြစ်ရပ်တွေကဗုဒ္ဓဘာသာဝင်တို့ကို
    သက်သေပြသတိပေးနေပါတယ်=

    ဗုဒ္ဓဝါဒထွန်းကားတဲ့တိုင်းပြည်မှာ
    ဗုဒ္ဓဝါဒဆန့်ကျင်ဖက်ကွန်မြူနစ်ဝါဒ၊ပါတီစတင်
    ထူထောင်အသက်သွင်းပေးခဲ့သူသမိုင်းတရား
    ခံကိုသိရက်နှင့်ဖြစ်စေမသိလို့ဖြစ်စေလေးစား
    ဦးထိပ်ထားနေကြရင်နတ်ကောင်းနတ်မြတ်တို့
    မစောင့်ရှောက်ပဲဘေးဆိုးတွေနှင့်သာနေရပြီး
    တိုင်းပြည်မတိုးတက်နှိင်ပါ

    =ဒီလိုတွေဆက်ဖြစ်မနေအောင်အမျိုးဘာသာ
    သာသနာကိုစောင့်ရှောက်သူတွေကသမိုင်း
    မှန်ကိုဖေါ်ထုတ်တည့်မတ်သာသနာပြုပေးရ
    မှာဖြစ်သည်=

    =သမိုင်းမှန်=
    တိုင်းပြည်အသီးသီးမှာ
    ဆိုရှယ်လစ်တက်လာတော့သူတို့ကောင်းကြောင်း
    သူများတွေမကောင်းကြောင်းသမိုင်းရေးပါတယ်
    ကွန်မြူနစ်တက်လာတော့သူတို့ကောင်းကြောင်း
    သူများတွေမကောင်းကြောင်းသမိုင်းရေးပါတယ်
    ဒါဆိုရင်ဘယ်သူမှန်ပါသလဲ
    ပုဂ္ဂိုလ်စွဲအယူစွဲတွေနှင့်အမှောင်ဖုံးနေတဲ့အသိ
    ဥာဏ်နှင့်ဆုံးဖြတ်ရင်အမှန်တရားကိုမသိနှိင်ပါ
    အစွဲနည်းလေအမှန်တရားနှင့်ပိုနီးစပ်လေပါပဲ
    ဘက်ပေါင်းစုံကစကားကိုနားထောင်လေ့လာ
    အများကမှန်တယ်လို့ယုံတိုင်းလိုက်မယုံပဲ
    ကိုယ်ကိုယ်တိုင်အသိဥာဏ်ဦးစီးပြီးလက်တွေ့
    ကျင့်သုံးရတဲ့ဗုဒ္ဓဝါဒနှင့်ဆုံးဖြတ်မှသာအမှန်ကို
    သိမြင်နှိင်ပါတယ်

    =မျက်မှေက်ခေတ်မှာပင်သင်္ကန်းဝတ်ကဗကပ
    ကိုအလေးပြုနေတာကိုအမှန်ထင်နေကြရင်
    ကွန်မြူနစ်တွေကြီးစိုးတဲ့တော်လှန်ရေးကာလ
    ကသမိုင်းတွေဘယ်လောက်တောင်ပြောင်း
    ပြန်ဖြစ်နေမယ်ဆိုတာသိနှိင်ပါတယ်=

    ဗုဒ္ဓဝါဒထွန်းကားတဲ့တိုင်းပြည်မှာအမှန်တကယ်
    မရှိသင့်မလိုအပ်တဲ့ဗကပကိုလေးစားဦးထိပ်ထား
    သူသူယုတ်က
    ဗုဒ္ဓဘုရားရှင်ကိုလေးစားဦးထိပ်ထားတဲ့မဘသကို
    မလိုအပ်လို့ပြောင်းပြန်ပြောတဲ့သက်သေတွေ
    ကိုကြည့်ပါ

    ဒီလူတွေကအကျင့်သီလနှင့်မညီကွန်မြူနစ်လူဝတ်
    ကြောင်ကိုအရိုသေပေး၊လေးစား၊နီးစပ်တဲ့သင်္ကန်း
    ဝတ်ကိုမှပြည်သူ့ဘုံးဘုံးတို့ဘုံးဘုံးဆိုပြီးမြှောက်ပင့်
    သာသနာဖျက်ပေးကြပါတယ်

    ကျောင်းမှာမသင်ရတဲ့အသပြာမီဒီယာတွေမှာ
    မတွေ့နှိင်တဲ့သမိုင်းအမှန်တရားတွေကိုသိလိုလျှင်
    အောက်ပါအင်တာနက်လိပ်စာမှာလေ့လာပါ
    အထူးသဖြင့်မှတ်ချက်ပေးCommentsတွေ
    ကိုဦးစားပေးလေ့လာပါ

    http://bit.ly/2jnGjQK under one flag

    http://bit.ly/2j84shd Good-Devas

    နှစ်သစ်မှာသတင်းကောင်းပါးလိုပါတယ်
    မိန်းမပုံကိုဗကပနောက်လိုက်တွေဘုရား
    စင်အနားမှာအဆင့်တူထားဝါဒဖြန့်ထား
    တာကိုစာရေးသူစတင်ထောက်ပြခဲ့ပါတယ်

    အဲဒီနောက်ပိုင်းအိမ်တစ်အိမ်မှာဘုရားစင်ဘေးက
    မိန်းမပုံကိုလုံးဝဖယ်ရှားသွားတယ်လို့သိရပါတယ်

    သင်္ကန်းဝတ်ကလူဝတ်ကြောင်တွေကိုပြောင်းပြန်
    အရိုသေပေးအလေးပြုနေတာတွေလည်းရပ်တန့်
    သွားပါလိမ့်မယ်

    ဒီလိုမှားနေတာကိုထောက်ပြဆုံးမပြုပြင်ပေးမှ
    တိုင်းပြည်ကိုနတ်ကောင်းနတ်မြတ်တို့စောင့်
    ရှောက်လာပြီးဘေးဆိုးတွေကင်းကာ
    တိုးတက်လာမည်ဖြစ်သည်

    ReplyDelete