Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, May 2, 2016

၂၀၁၆-ခု၊ ဧပြီ ၂၀-ရက်နေ့က မြန်မာအမျိုးသားထုတစ်ခုလုံးအပေါ် သွေးတိုးစမ်း အနိုင်ကျင့် စော်ကား သံတမန်ကျင့်ဝတ်နှင့်မညီ ထုတ်ပြန်ကြေညာခဲ့တဲ့ အမေရိကန်သံရုံးရဲ့ ကြေညာချက်အပေါ် မဘသအဖွဲ့ကြီး(ဗဟို)မှ အချက်အလက်ကျကျ ပညာသားပါပါ ပြန်လည်ချေပထားတဲ့ ထုတ်ပြန်ကြေညာချက်



အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
သဘောထားထုတ်ပြန်ကြေညာချက်

ဖြစ်စဉ် ၁။ ။ ၂၀၁၅-ခု မတ်လ ၁၃-ရက်နေ့ညက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြေပုံမြို့သို့ ထွက်ခွာလာသည့် အောင်တံခွန်(၃)သင်္ဘော ရခိုင်ပင်လယ်ပြင် မြောက်ကြိမ်ကျွန်းအနီးတွင် နစ်မြုပ်ခဲ့ရာ ခရီးသည် ၄၀၀-ခန့်အနက် မြန်မာနိုင်ငံသား ရခိုင်လူမျိုး ၁၀၀-ခန့် သေဆုံးခဲ့သည်။
- -
ဖြစ်စဉ် ၂။ ။ ၂၀၁၆-ခု၊ ဧပြီ ၁၉-ရက်က စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ရာ ကနဦး သေဆုံးသူ ၁၉-ဦး၊ ဆေးရုံရောက်မှ သေဆုံးသူ ၂-ဦး၊ စုစုပေါင်း ဘင်္ဂါလီ ၂၁-ဦးခန့် သေဆုံးခဲ့ပါသည်။
- -
အဆိုပါ နမူနာပြ ဖြစ်စဉ် ၂-ရပ်ခန့် ရှိခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက-
ရခိုင်ပြည်နယ်အတွင်း လက်တလောဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ အမေရိကန်သံရုံးက လွန်စွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။ ဧပြီ ၁၉-ရက်က စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် မိမိတို့ များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အ၀န်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ-ဟု ၂၀၁၆-ခု၊ ဧပြီလ ၂၀-ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
--
အဆိုပါ ကွက်ကြားထုတ်ပြန်ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်သံရုံးသည် မြန်မာနိုင်ငံမှာ တည်ရှိနေပါလျက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဖြစ်ပါလျက် သံတမန်ကျင့်ဝတ်ကို အလေးမထား မြန်မာ့အကျိုးထက် သူခိုးလက် ဓားရိုးကမ်းသည့်သဘောမျိုး သက်ရောက်နေပါသည်။ ဒါတွင်မက မြန်မာနိုင်ငံသူ နိုင်ငံသားများ လုံးဝ လက်မခံနိုင်သည့် လိမ်ညာလူမျိုးဖြစ်သည့် ရိုဟင်ဂျာလူမျိုးကိုပင် မြန်မာ့လူမျိုးစာရင်း ဇွတ်အတင်း သွတ်သွင်းနေပါသည်။ ဤသည်မှာ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခြင်း၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားခြင်း၊ မြန်မာနိုင်ငံကို အနိုင်ကျင့်ခြင်းလည်း ဖြစ်ပါသည်။
- - - - -
၁။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု သမိုင်းစဉ်ဆက်တွင် ရိုဟင်ဂျာဟူသော အမည်လုံးဝမရှိပါ။ ၁၉၇၅-ခု ဒီဇင်ဘာ ၂၃-ရက်စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံရုံး၏ သဘောထားမှတ်ချက်တစ်ခုတွင်လည်း Bangladesh and Burma. He admitted that there were upward of a million Bangalee trespassers in Arakan whom the Burmese had some right to eject. ဟု ခိုးဝင်ဘင်္ဂါလီကုလားများအဖြစ်သာ မှတ်ချက်ပြုထားသည့် အထောက်အထားလည်း အခိုင်အလုံရှိနေပါသည်၊ ရိုဟင်ဂျာဟူသော အမည်, အသုံးအနှုန်း, လူမျိုးများ မြန်မာ့သမိုင်းမှာ လုံးဝ မရှိခဲ့ပါ။
--- --- - - - -
၂။ မြန်မာနိုင်ငံ၏အရေးကို မြန်မာလူမျိုးများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ မြန်မာ့ပြည်တွင်းရေးကို အခြားမည်သည့်နိုင်ငံ, မည်သည့်အဖွဲ့အစည်း, မည်သည့်လူမျိုးကမျှ ၀င်ရောက်စွက်ဖက် ဖိအားပေးအကြပ်ကိုင်ခြင်း ပြုလုပ်ခွင့် လုံးဝ မရှိပါ။
- - - - -
၃။ ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အဆိုပါ ရိုဟင်ဂျာဟူသော အသုံးအနှုန်းဖြင့် ထုတ်ပြန်ကြေညာချက်ကို လုံးဝလက်မခံဘဲ ပယ်ချလိုက်ကြောင်း မြန်မာနိုင်ငံ ရဟန်းရှင်လူပြည်သူများ အားလုံးကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးက သဘောထားထုတ်ပြ ကြေညာလိုက်သည်။
--------------
--------------
ဦးဆောင်ဆရာတော်များ
မဘသ (ဗဟို)
စာအမှတ် ၊ ၀၀၀၅/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ တန်ခူးလပြည့်ကျော် ၁၀-ရက်
(မေလ ၂-ရက်၊ ၂၀၁၆)၊ တနင်္လာနေ့Arkar

No comments:

Post a Comment