------------------------------------------------------------------
၂၀၁၆-ခုနှစ်၊ ဧပြီလ ၂-ရက်၊ စနေနေ့တွင် ဗွီအိုအေ အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ လက်ရှိနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့သော-
ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်နေတဲ့ အစ္စလာမ်ဘာသာ-ဟူသော
စကားရပ်နှင့်ပတ်သက်၍ အစ္စလာမ်ဘာသာဝင်များက ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုအား ရင့်သီးစွာဝေဖန်နေကြသည်ကို တွေ့ရှိနေရသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုပါစကားသည် မြန်မာ့မူရင်းသမိုင်းကြောင်းအရ ဟုတ်တိုင်းမှန်စွာ ပြောကြားခဲ့သော စကားရပ်ပင်ဖြစ်သည်။
ထို့ကြောင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)ဗဟို အဖွဲ့ကြီး၏ သဘောထားဆန္ဒသည်လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သဘောထားဆန္ဒနှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုပါစကားရပ်ကို ကိုယ်လိုရာစွဲ၍ ဝေဖန်ကန့်ကွက်လျက်ရှိသော ပြည်တွင်းပြည်ပ မွတ်ဆလင်အဖွဲ့အစည်းများ၏လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း မဘသ(ဗဟို)အဖွဲ့ကြီးမှ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
စာအမှတ် ၀၀၀၃/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၇-ခု၊ တန်ပေါင်းလပြည့်ကျော် ၁၃-ရက်၊
(ဧပြီ ၅-ရက်၊ ၂၀၁၆)၊ အင်္ဂါနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
(Arkar)