အသိပေး ထုတ်ပြန်ကြေညာချက်
ယခု ၂၀၁၆-ခု၊ နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံဒေသအတော်များမ
မီဘေးကာကွယ်နည်းများတွင် ဓမ္မလမ်းကြောင်းဖြင့် ကာကွယ်နည်းကိုလည်း အသိပေးညွှန်ကြားလိုပါသည်၊ ထိုဓမ္မနည်းလမ်းများတွင် ၀ဋ္ဋသုတ်ပရိတ်သည် မီးဘေးကင်းနိုင်သောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဒေသအသီးသီး၌ ၀ဋ္ဋသုတ်ပရိတ်တော်အပါအ၀င် ပရိတ်တော်၊ ဂုဏ်တော်၊ မေတ္တာတော်တို့ကို-
၁။ ဆရာတော် သံဃာတော်များ ပင့်ဆောင်၍ ရွတ်ဖတ်စေခြင်း၊
၂။ ရဟန်းရှင်လူ မည်သူမဆို အသီးသီးသော်လည်းကောင်း၊ စုပေါင်းရွတ်ဆိုသည့် ပရိတ်ပွဲများ ကျင်းပ၍သော်လည်းကောင်း ရွတ်ဖတ်ကြခြင်း-စသည်တို့ဖြင
မဘသအဖွဲ့များက ဦးစီး၍လည်း ဒေသအလိုက် ပရိတ်ပွဲများ စီမံဆောင်ရွက်ပေးကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က အသိပေးကြေညာလိုက်သည်၊
စာအမှတ်၊ ၀၀၀၁/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၇-ခု၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်
(မတ်လ ၆-ရက်၊ ၂၀၁၆)၊ တနင်္ဂနွေနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်၊
No comments:
Post a Comment