Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 23, 2015

၂-ကြိမ်မြောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးမှ ထုတ်ပြန်လိုက်သည့် အသိပေးညွှန်ကြားချက် (၇)



၂-ကြိမ်မြောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးမှ ထုတ်ပြန်လိုက်သည့်
အသိပေးညွှန်ကြားချက် (၇)
*******************************************************
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အသိပေးညွှန်ကြားချက် (၇)
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့်သာသနာ မကွယ်ပျောက်စေရန်အလို့ငှာ အောက်ပါညွှန်ကြားလွှာများကို စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြဖို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ ယဉ်ကျေးလိမ္မာ လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန် မိမိတို့နေထိုင်ရာဒေသ၌ ဓမ္မစကူးလ်နှင့် ယဉ်ကျေးမှုသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်။

၂။ အမျိုး ဘာသာ သာသနာကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေရေးရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ အမျိုးသားရေးတရားပွဲများ ကျင်းပခြင်း၊ မဘသအဖွဲ့ဝင်များ မြို့နယ်အလိုက် လစဉ်အစည်းအဝေးများ ကျင်းပခြင်းတို့ကို တတ်စွမ်းသမျှ ဆောင်ရွက်ကြရမည်။

၃။ ဘာသာခြားတို့၏ နှောက်ယှက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မှုခင်းဖြစ်စဉ်များကိုလည်းကောင်း၊ ဘာသာခြားများ ၀ါးမျိုခံရသည့်အတွက် ဗုဒ္ဓဘာသာဝင်များ နည်းပါးသွားသည့် ကျေးရွာ, ရပ်ကွက်များကိုလည်းကောင်း စနစ်တကျမှတ်တမ်းတင်ကာ မဘသ(ဗဟို)သို့ ပေးပို့ကြရမည်။

၎။ ယနေ့ခေတ်၌ ဘာသာခြား, လူမျိုးခြားများသည် နေရာဒေသအမျိုးမျိုး၌ အနုအကြမ်း နည်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ထိုဘာသာခြား, လူမျိုးခြားများ၏ အန္တရာယ်ကို ဓမ္မ၀ိနယ နှင့်အညီ ကာကွယ်စောင့်ရှောက်ကြရမည်။

၅။ လူမျိုးရေး, ဘာသာရေးနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပေါ်လာသည့်အခါ ဥပဒေမဲ့ တုံ့ပြန်မှုများ မပြုလုပ်ကြဘဲ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ခြေမ မကောင်းခြေမ၊ လက်မ မကောင်းလက်မ စနစ်ကိုကျင့်သုံးပြီး ပဋိပက္ခပြေလည်သည့်အထိ ညှိနှိုင်းဆောင်ရွက်ကြရမည်။

၆။ မိမိတို့နေထိုင်ရာဒေသ၌ မည်သည့်ပဋိပက္ခပဲဖြစ်ဖြစ် စနစ်တကျ လေ့လာစုံစမ်း၍ Website, blog, Facebook-စသော လူမှုကွန်ယက်တို့မှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိပေးဆောင်ရွက်ကြရ မည်။

၇။ အမျိုးသားရေး လက္ခဏာများ မကွယ်ပျောက်စေရန် အစိုးရစာသင်ကျောင်းများ၌ မွတ်စလင်ကျောင်းသူများ ဘူရ်ခါခြုံဝတ်ဆင်ခြင်း၊ မွတ်စလင်ဘာသာဝင်များ၏ အစ်နေ့များ၌ အပြစ်မဲ့ တိရစ္ဆာန်များကို ရက်စက်စွာသတ်ဖြတ်ခြင်းတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်မပြုစေရန် အလေးအနက် တောင်းဆိုကြရမည်။

၈။ အမျိုး ဘာသာ သာသနာ မကွယ်ပျောက်စေရန်အလို့ငှာ ယုံကြည်စိတ်ချ အားကိုးရသော လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ ရွေးချယ်နိုင်အောင် ပြည်သူလူထုအား လမ်းညွှန်ပြရမည်။

၉။ လူထုအကျိုးစီးပွားကို ဆောင်ရွက်မှသာလျှင် လူထု၏ယုံကြည်မှုကို ရရှိမည်ဖြစ်ရကား ပညာရေး, ကျန်းမာရေး, လူမှုရေး ပရဟိတအလုပ်များကို တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ကြရမည်။

၁၀။ ယနေ့ခေတ်၌ ရှင်သာမဏေ ကိုရင်လေးများ တဖြည်းဖြည်းနှင့် လျော့နည်းနေသည့်အတွက် ရပ်ရွာရှိကလေးသူငယ်များကို ကိုရင်ဝတ်ပေး၍ အခြေခံစာပေများ သင်ကြားပေးခြင်း၊ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပို့ဆောင်ပေးခြင်းတို့ဖြင့် ပရိယတ္တိသာသနာတော်ကြီး မဆုတ်မယုတ်အောင် ကြိုးစားအားထုတ်ကြရမည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာနနာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

စာအမှတ်၊ ၀၀၀၇/စီမံ-မဘသ/၂၀၁၅
ရက်စွဲ၊ သာသနာ-၂၅၅၉၊ ကောဇာသက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပထမ၀ါဆိုလဆန်း (၅)ရက်
၂၀၁၅-ခုနှစ်၊ ဇွန်လ (၂၁)ရက်၊ တနင်္ဂနွေနေ့

အာကာ ( ဗဟိုရုံးတာဝန်ခံ)

No comments:

Post a Comment