သဘောထားထုတ်ပြန်ချက်
OFFICIAL STATEMENT
မဘသ-မန္တလေးတိုင်းဆိုသည့်Facebook Page အတုက သရုပ်ဆောင် Morgan Freeman
ပုံပေါ်၌ We no need Kofi Annan ဟု မှားယွင်းစွာ ရေးသားဖော်ပြထားပါသည်၊
ထိုဖော်ပြချက်သည် မဘသကို နာမည်ပျက်အောင် တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်း
ဖြစ်ပါသည်။
This is the official statement of regarding with the
fake Facebook account of Ma Ba Tha (Mandalay). The fake account wrongly
described that “We no need Kofi Annan” in the photo of the Oscar- winner
Morgan Freeman. This incident deliberately makes Ma Ba Tha possible to
be in black list.
ထိုသတင်းကိုပင် သတင်းစာကျင့်ဝတ်နှင့်အညီ
သေချာစွာ မစိစစ်ဘဲ အချိန်ကိုက်ဆိုသလိုThe Washington Post ကလည်းMyanmar
group targets Kofi Annan; uses Morgan Freeman photo ဟူသော ခေါင်းစဉ်ဖြင့်
မဘသအဖွဲ့ကြီးသည် ၂ဝ၁၂-ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်
မူဆလင်ရာပေါင်း များစွာ သေကြေခဲ့ရသော ပဋိပက္ခတွင် ယင်း ပဋိပက္ခဖြစ်ပွားအောင်
အားပေးအားမြှောက်ပြုခဲ့သည်ဟု စွပ်စွဲခံရသော အဖွဲ့ကြီးလည်းဖြစ်သည်-စသည်
လွဲမှားသော သတင်းသုံးသပ်မှုများကို သြဂုတ်လ ၃ဝ-ရက်နေ့ထုတ် သတင်းစာတွင်
ဖော်ပြလိုက်သဖြင့် တစ်ကမ္ဘာလုံးကပင် မဘသအပေါ် အထင်အမြင်သေးစရာ ဖြစ်ရပါသည်။
(ထိုအချိန်က မဘသအဖွဲ့ ကြီးပင် မရှိခဲ့သေးပါ၊
မဘသအဖွဲ့သည် ၂ဝ၁၃-ခုနှစ်၊ ဇွန်လမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်၊)
At the same time, The Washington Post News Agency also described the
news on 30th August with the title of “Myanmar group targets Kofi Annan:
uses Morgan Freeman Photo” without pay attention to maintain the value
of media ethics. It includes that “the group Ma Ba Tha led by Buddhist
monks has been accused of helping the incite violence in the region that
left hundreds of Muslims dead in 2012” etc. This statement deliberately
degrades the Peace Organization of Ma Ba Tha and misleads the world
community. (Note: there was no the Peace Organization of Ma Ba Tha in
2012 and it was formed in June 2013).
-----------------------------
အဆိုပါ မဘသ-မန္တလေးတိုင်းဆိုတဲ့ Facebook Page သည် အတုဖြစ်ကြောင်း,
မန္တလေးတိုင်းမဘသနှင့် လုံးဝ ပတ်သက်ခြင်းမရှိကြောင်းကို မန္တလေးတိုင်းဒေသကြီး
မဘသအဖွဲ့က ကြေညာချက်အမှတ် ၁/၂ဝ၁၆ ဖြင့် (၁၆.၇.၂ဝ၁၆) ရက်နေ့တွင် ကြေညာချက်
ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါသည်။
On 16th July, 2016, The Ma Ba Tha of
Mandalay had already officially announced with notice 1/2016 that such
Mandalay Ma Ba Tha Facebook account was just a fake account and it had
nothing to do with the Ma Ba Tha of Mandalay.
-------------------------
Kofi Annan ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်နှင့်ပတ်သက်၍ မဘသအဖွဲ့က မည်သည့်သဘောထားမှတ်ချက်
မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေးပါ၊ သို့သော် အဆိုပါ
ကော်မရှင်ဖွဲ့စည်းရာ၌ ရခိုင်ပြည်နယ်ဆိုင်ရာ သမိုင်းပညာရှင်, သုတေသနပညာရှင်,
မနုဿဗေဒ ပညာရှင်-စသော ရခိုင်အရေး ကျွမ်းကျင်ပညာရှင်များ
ပါဝင်ခြင်းမရှိသည်ကိုလည်းကောင်း၊ ရခိုင်သမိုင်းအမှန်ကို ဖျောက်ဖျက်လိုသည့်
ဆန့်ကျင်ဘက် လူမျိုးခြား, ဘာသာခြား, ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များကိုသာ
ထည့်သွင်းထား သည်ကိုလည်းကောင်း တွေ့ရပါသည်၊ ထိုအချက်ကို ကြည့်ခြင်းအားဖြင့်
အဆိုပါကော်မရှင်၏ လားရာကို တွက်ဆ နိုင်မည်ဖြစ်သည်။
In the regard of
the Advisory Committee of Rakhine State, Ma Ba Tha hasn’t made any
remarks so far. However, it is obvious that in the commission, there is
no any credited historian, researcher and the anthropologist who can
propose well about the history of Rakhine State and it is also obvious
that the foreigners and the Myanmar commissioners who do not probably
know about the real history of its long term conflicts in Rakhine State
in detail. Therefore, it is speculated that the direction of the
commission may move into the different direction.
-------------------
ထို့ကြောင့် မဘသ-မန္တလေးတိုင်း Facebook အတုကိုလည်းကောင်း၊The Washington
Post သတင်းစာ၏ လွဲမှားသော ဖော်ပြချက်များကိုလည်းကောင်း လုံးဝ
ကန့်ကွက်ပါကြောင်း ရဟန်းရှင်လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့ အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထား
ထုတ်ပြန်ကြေညာလိုက်သည်။
In addition, the Peace Organization of Ma Ba
Tha (Central Committee) states that we completely reject that both the
incident of fake account for Mandalay Ma Ba Tha and the
misinterpretation for the news of the Washington Post. This is the
official statement of the Peace Organization of Ma Ba Tha (central
committee) on behalf of the members of Ma Ba Tha.
စာအမှတ် ၊ ဝဝ၁၃/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၊ ၁၃၇၈-ခု၊ ဝါခေါင်လပြည့်ကျော် ၁၄-ရက်
(စက်တင်ဘာလ ၁-ရက်၊ ၂ဝ၁၆)၊ ကြာသပတေးနေ့
Registered No-0013/Simun-Mabatha/2016
Date : 1st September 2016, Thursday
-------------------------------------------
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Bahdanta Tilawkar Biwonsa
Chairman, MaBaTha (Centre)
Agga Maha Pantita, State Awvadar Cariya
Ywama Pariyatti Institute, Insein